အပင်တစ်သျှူးမွေးမြူခြင်း၏အားသာချက်များနှင့် အားနည်းချက်များ
အပင်တစ်သျှူးမွေးမြူခြင်းဆိုသည်မှာ အပင်၏တစ်သျှူးများ၊ ဆဲလ်များ (သို့) အစိတ်အပိုင်းများကို ပိုးသန့်ထားသောအခြေအနေတွင်မွေးမြူပြီး အပင်သစ်တစ်ပင်ရရှိလာအောင် မွေးမြူသောနည်းလမ်းဖြစ်ပါသည်။ အပင်တစ်သျှူးမွေးမြူခြင်းသည် Totipotency ဟုခေါ်သောအချက်ပေါ်တွင်မူတည်ပါသည်။ Totipotency ဆိုသည်မှာ အပင်ဆဲလ်များ၊ အပင်၏အစိတ်အပိုင်းများမှ အခြားသောအပင်သစ်တစ်ပင်ထုတ်လုပ်ပေးနိုင်သည့်စွမ်းရည်ဖြစ်ပါသည်။ အပင်တစ်သျှူးမွေးမြူခြင်းနည်းဖြင့်မျိုးပွားခြင်းသည် သမရိုးကျမျိုးပွားခြင်းထက် အကျိုးကျေးဇူးများပိုမိုရရှိနိုင်ပါသည်။
အပင်တစ်သျှူးမွေးမြူခြင်းကို အသုံးပြုခြင်းအားဖြင့်....
-အပွင့်များခြင်း၊ အသီးသီးအားကောင်းခြင်း စသောမိမိတို့လိုချင်သောလက္ခဏာများပါရှိသည့် မိခင်ပင်နှင့်ထပ်တူကျသောဗီဇများပါဝင်သည့် အပင်သစ်များရရှိနိုင်ခြင်း
-အရွယ်ရောက်အပင်များကို အချိန်တိုအတွင်းထုတ်လုပ်ပေးနိုင်ခြင်း
-အစေ့ကင်းမဲ့သောအခြေအနေမှာပင် အပင်များစွာထုတ်လုပ်ပေးနိုင်ခြင်း
-ဗီဇပြုပြင်ထားသောအပင်ဆဲလ်များမှ အပင်သစ်တစ်ပင်ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်ခြင်း
-ပိုးသန့်ထားသောခွက်များအတွင်း အပင်များကိုစိုက်ပျိုးထားသောကြောင့် ၎င်းတို့အားသယ်ယူရွှေ့ပြောင်းရာတွင် ရောဂါများပျံ့နှံ့ခြင်း၊ ပိုးမွှားများပျံ့နှံ့ခြင်းများကို အတန်အသင့်လျော့ကျစေခြင်း
-သဘာဝနည်းအားဖြင့်အပင်ပေါက်ရန်ခဲယဉ်းသောအပင်များ (ဥပမာ သစ်ခွ၊ ရေတကောင်းပင်များ )ကိုလွယ်ကူစွာမျိုးပွားပေးနိုင်ခြင်း
-ဗိုင်းရပ်စ် နှင့်အခြားရောဂါများကျရောက်နေသောအပင်များကို လွယ်ကူစွာဖယ်ရှားနိုင်ခြင်း
-အချိန်တိုအတွင်းအပင်မြောက်များစွာထုတ်လုပ်နိုင်ခြင်း
-နေရာအနည်းငယ်သာလိုခြင်း
-ဗိုင်းရပ်စ်ရောဂါကျရောက်နေသောအပင်၏ ဆဲလ်ကွဲပွားတစ်သျှူး (Meristematic tissue) မှတစ်ဆင့်ဗိုင်းရပ်စ်ရောဂါကင်းစင်သော အပင်သစ်ကိုပြန်လည်ထုတ်လုပ်ပေးနိုင်ခြင်း
တစ်လုံးတည်းရှိသောဆဲလ်များ၊ ဆဲလ်နံရံကင်းမဲ့သောဆဲလ်များ၊ အရွက်များ၊ ပင်စည်နှင့်အမြစ်များကို လိုအပ်သောအာဟာရနှင့် ဟော်မုန်းများထောက်ပံ့ပေးထားသောအာဟာရပြင်ပေါ်တွင် မွေးမြူပြီး အပင်သစ်များစွာထုတ်လုပ်ပေးနိုင်ပါသည်။
အပင်တစ်သျှူးမွေးမြူခြင်းနည်းပညာကိုလုပ်ဆောင်ရာတွင် အားသာချက်သာများမက အားနည်းချက်များလည်းတွေ့ရပေသည်။ အားနည်းချက်များအနေဖြင့် .....
-ကျွမ်းကျင်သောလုပ်သားများလိုအပ်ခြင်း
-ဓာတ်ခွဲခန်းနှင့်အခြားသောလိုအပ်ချက်များအတွက် ကုန်ကျစရိတ်များလွန်းခြင်း
-ရရှိလာသောအပင်များမှာ ဗီဇတူညီမှုများရှိသဖြင့် ဗီဇကွဲလွဲမှုများနည်းပါးလာခြင်း
-ပြုပြင်ဖန်တီးထားသောပတ်ဝန်းကျင်တွင်ရှင်သန်လာရသောကြောင့် သဘာဝပတ်ဝန်းကျင်ဒဏ်ကိုခံနိုင်ရည်နည်းပါးခြင်း
-လုပ်ဆောင်သည့်နည်းလမ်းများမမှန်ကန်ပါက မလိုလားအပ်သောရောဂါပိုးများဝင်ရောက်ခြင်း
စသည်တို့ဖြစ်တတ်ပါသည်။
ကျမ်းကိုး ။ HSC-4110: Plant Tissue Culture
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Htet Nandar Tun
လွန်ခဲ့သော ၄ နှစ် ကမင်္ဂလာပါ။ကျွန်မ စိုက်ပျိုးရေးနည်းပညာတွေကို စနစ်တကျ သင်ယူချင်လို့ ပြည်ပမှာ ဘယ်လို ကျောင်းမျိုးတက်သင့်ပါသလဲရှင်။အခုကEngineeringနဲ့ပတ်သက်တဲ့ BEဘွဲ့ရထားပါတယ်ရှင့်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကမျိုးပွားချင်း အဆင့်ဆင့်ကိုသိလိုပါသည်
ရဲနိူင်ဝေ
လွန်ခဲ့သော ၅ နှစ် ကအိမ်သုံးပစ်စီးတွေနဲ့တနိုင်တပိုင်လုပ်လို့ရတဲ့နည်းလေးများရှိရင်အားလုံးအတွက်မျှဝေစေချင်ပါတယ်။ အားကိုးလျှပ်ပါ
ID Thit
လွန်ခဲ့သော ၅ နှစ် ကနည်းလမ်းကြပြောမသွားဘူး
ဆက်စပ်မေးခွန်းများ
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ
UU Kyaw Gyi • ဖြေကြားချက် 1 ခု
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
ဝင်းဝင်းအေး • ဖြေကြားချက် 2 ခု
ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
တင့်ဆွေ • ဖြေကြားချက် 1 ခု
Mizuna
Ko Htoo • ဖြေကြားချက် 1 ခု
ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟
soe htwe • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from Nyan Thant Zin
အားလုံး
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021