အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တိရစ္ဆာန်၊ တိရစ္ဆန်ထွက်ပစ္စည်းများကို တင်သွင်းရာ၌ ပြုလုပ်ရမည့်လုပ်ငန်းစဉ်များ

တိရစ္ဆာန်၊ တိရစ္ဆန်ထွက်ပစ္စည်းများကို တင်သွင်းရာ၌ ပြုလုပ်ရမည့်လုပ်ငန်းစဉ်များ

မတ်လ 23, 2020

၁။ တိရစ္ဆာန်ထွက်ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရာ၌ အောက်ပါ လုပ်ငန်းစဉ် များဖြင့် ဆောင်ရွက်ခွင့်ပြုသွားပါသည်-

(က)    တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းရာ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ကျန်းမာရေးထောက်ခံချက်သဘောထားမှတ်ချက်လျှောက်ထားခြင်း

(ခ)     ပြည်ပမှ တိရစ္ဆာန်ထွက်ပစ္စည်းများဝင်ရောက်လာသောအခါ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စစ်ဆေးမှုခံယူခြင်း

(ဂ)     MACCS (Myanmar Automated Cargo Clearance System) တွင် အကောက်ခွန် ရှင်းတမ်း(Custom Clearance)ဆောင်ရွက်ရန် online Application လျှောက်ထား ခြင်း

၂။       တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းရာ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ကျန်းမာရေး ထောက်ခံ ချက်သဘောထားမှတ်ချက်လျှောက်ထားခြင်း

          တိရစ္ဆာန်ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရန် လျှောက်ထားလိုသော လုပ်ငန်းရှင်သည် ပစ္စည်းများမတင်ပို့မှီ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကျန်းမာရေးသဘောထား မှတ်ချက်ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ ထိုသို့ လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများကို ပူးတွဲတင်ပြရမည်-

          (က)    ဌာန၏ သွင်းကုန်လျှောက်လွှာ

          (ခ)     ကုမ္ပဏီ Letter Head ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သို့ လိပ်မူလျှောက်ထားသည့်လျှောက်လွှာ

          (ဂ)     ကုမ္ပဏီ၏ Letter Head ဖြင့် ကတိခံဝန်ချက်

          (ဃ)    တင်သွင်းလာသော တိရစ္ဆာန်ထွက်ပစ္စည်းများအား အသုံးပြုမည့်ရည်ရွယ်ချက်

          (င)     မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ ထောက်ခံချက်မူရင်း

           (စ)     ကုန်ရောင်းသူနှင့် ကုန်လက်ခံသူအကြားချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ် (Sales Contract) မိတ္တူ

         (ဆ)    ကုန်ရောင်းသူနှင့်ကုန်လက်ခံသူတို့၏ ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)

          (ဇ)     ကုန်ရောင်းသူနိုင်ငံ၏ အခွင့်အာဏာရှိ တိရစ္ဆာန်ဆေးကုဆရာဝန်(Veterinary Authority) မှ ထုတ်ပေးသောကျန်းမာကြောင်းထောက်ခံချက်လက်မှတ် (Veterinary  Health Certificate) မိတ္တူ

          (ဈ)     ထုတ်လုပ်သည့် စက်ရုံ၏ ထုတ်လုပ်မှုကောင်းမွန်ကြောင်း ထောက်ခံချက် GMP Certificate (မိတ္တူ)

          (ည)    ကုမ္ပဏီမှတ်ပုံတင်မိတ္တူ

           (ဋ)     ထ.သ.က(Certificate of Expoter/ Impoter Registration)မိတ္တူ

           (ဌ)     ကုမ္ပဏီအသင်းဝင်လက်မှတ်(မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်အဖွဲ့ဝင်လက်မှတ် (သို့) ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ဝင်လက်မှတ်)မိတ္တူ

           ပြည်ပမှ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းတင်သွင်းသူလုပ်ငန်းရှင်သည် တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်သွင်းခြင်းအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သတ်မှတ်ထားသည့် စစ်ဆေးခငွေနှင့် သက်ဆိုင်ရာပစ္စည်း ၊အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဓာတ်ခွဲခန်းစစ်ဆေးခငွေများကိုပေးသွင်းရမည်။

၃။       ပြည်ပမှ တိရစ္ဆာန်ထွက်ပစ္စည်းများ ဝင်ရောက်လာသောအခါ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၏ စစ်ဆေးမှုကိုခံယူခြင်း

 ပြည်ပမှ တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းသော သွင်းကုန်လုပ်ငန်းရှင်သည်  တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းရောက်ရှိသည့်အခါ အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည်-

         (က)    တိရစ္ဆာန်ထွက်ပစ္စည်းများမရောက်ရှိမီ (၂)ရက်ကြိုတင်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံသို့ အကြောင်းကြားရမည်။

         (ခ)     ပစ္စည်းများရောက်ရှိသည့်အခါ တာဝန်ရှိဝန်ထမ်းများ၏ စစ်ဆေးခြင်း၊ နမူနာရယူ ခြင်းလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရမည်။

၄။       MACCS (Myanmar Automated Cargo Clearance System) တွင် အကောက်ခွန်ရှင်းတမ်း (Custom Clearance) ဆောင်ရွက်ရန် Online Application လျှောက်ထားခြင်း

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းတင်သွင်းမှု  လုပ်ငန်းစဉ်၌ အကောက်ခွန်ရှင်းတမ်းဆောင်ရွက်မှုဆိုင်ရာစနစ် MACCS (Myanmar Automated Cargo Clearance System) တွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

         (က)    တိရစ္ဆာန်ထွက်ပစ္စည်းများတင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်၏ အခွင့်အာဏာ လွှဲအပ်ခြင်းခံရသော သွင်းကုန်အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်သူ (Agent)သည် MACCS (Myanmar Automated Cargo Clearance System) ၌ LS(livestock) Sector  တွင် ဝင်ရောက်လျှောက်ထားရမည်။

          (ခ)     မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် လျှောက်ထားလာသော စာရွက်စာတမ်းများ စစ်ဆေးပြီး နမူနာရယူစစ်ဆေး၍ ရရှိလာသော ဓာတ်ခွဲခန်းအဖြေ၊ သဘောထား မှတ်ချက်စသည်တို့ကို (Myanmar Automated Cargo Clearance System) စနစ်မှတစ်ဆင့် ပြန်လည်သဘောတူညီကြောင်း (Agree) ပြုလုပ်ပြီးမှသာ သွင်းကုန် အကောက်ခွန်ရှင်းလင်းမှုလုပ်ငန်းစဉ်ပြီးမြာက်မည်ဖြစ်ပါသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

 

You

ဆက်စပ်ဆောင်းပါးများ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

အကြောင်းအရာ ပံ့ပိုးသူ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍  မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊  အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ဆက်စပ်မေးခွန်းများ

မြေဩဇာ ဘာကြွေးရမလည်း

Zin Min Thu • ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ

U San • ဖြေကြားချက် 4 ခု

စပါးက90ရက်သားရှိပါပီနောက်ဆုံးအကြိမ်ပုလဲနဲ့ပေါ်တက်ကြွေးမလို့စောနေသေးလားနောက်ကြပီလားစပါးသက်ရက်က145ဒီနေ့နဲ့မနက်ဖန်မိုးရွာနိုင်လားမြေဆီဘယ်လောက်သုံးရမလဲ

စောဂျွန်ဖေါ • ဖြေကြားချက် 1 ခု

ရိုင်ဇိုဘီယမ် ဝယ်လို့ရမယ့်နေရာ သိချင်ပါတယ်ခင်ဗျာ စိုက်ပျိုးရေးဥိးစီးဌာနမှာပဲ ဝယ်လို့ရတာလားခင်ဗျာ စိုက်ပျိုးရေးဦးစီးဌာန facebook​ pageမှာ မေးထားတာ ပြန်မဖြေလို့ပါ ဧရာဝတီတိုင်း ဟင်္သာတ အင်္ဂပူဘက်ပါ

Paing Lay • ဖြေကြားချက် 1 ခု

စပါး၂လခွဲသားလောက်မှာ စပါးအဖုံးနေရာမှာ ပိုက်လုံးတွေ ထွက်လာလို့ ဘာဆေးဖျန်းရင် ရမလဲ ညွန်ပေးစေချင်ပါတယ်

Ko Naing Lin Aung • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။