မိုးစပါးနှင့် နွေးစပါးအကြောင်း သိကောင်းစရာနှင့် အခြားဆောင်းပါးများ

အခမဲ့ ရယူပါ (4.05 MB)

မိုးစပါးနှင့် နွေးစပါးအကြောင်း သိကောင်းစရာနှင့် အခြားဆောင်းပါးများ

ဤစာအုပ်ပါ ဆောင်းပါးများမှာ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ ဒို့ကျေးရွာဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါးများ၊ ယခင်က လယ်ယာစီးပွား သတင်းတွင် ရေးသားဖော်ပြ ခဲ့သော ဆောင်းပါးများနှင့် အခြားဆောင်းပါးများ စုစုပေါင်း ဆောင်းပါး ၃၅ ပုဒ်ပါဝင်ပါသည်။  ဆောင်းပါးများသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထွက်ကောင်းစပါးမျိုး ရာကျော်-၁ စိုက်ပျိုးရေးအတွေ့အကြုံများသည် မျက်မှောက်ကာလတွင် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင်မားရေးအတွက် စပါးမျိုး၊ စိုက်ချိန်၊ စိုက်ပျိုးနည်းစနစ်၊ ပျိုးသက်၊ ကောက်ကွက်၊ မြေသြဇာ၊ စပါး ပေါင်းမြက်နှိမ်နင်းနည်း၊ ရိတ်သိမ်းချိန်စသည့် စိုက်ပျိုးရေးဆောင်းပါးများဖြ စ်သည်။ 

ဤစာအုပ်ကို စာရေးဆရာ ဆင်းသီဟ မှ ရေးသားပြုစုထားသော စာအုပ်ဖြစ်ပြီး အစိမ်းရောင်လမ်း အင်တာနက် စာမျက်နှာနှင့် ဖုန်းဆော့ဝဲလ်မှ တောင်သူများထံ အခမဲ့ ဖြန့်ဝေခွင့် ပြုထားပါသည်။ သုံးစွဲခွင့်ပေးပါသော စာရေးဆရာ ဆင်းသီဟအား အစိမ်းရောင်လမ်းမှ ကျေးဇူးအထူးတင်ရှိပါတယ်။

မှတ်ချက်။    ။ စာအုပ်အရွယ်အစားမှာ ၄.၅ မက်ဂါဘိုက်သာ ရှိပါသည်။  

၁၉၆၇ ခုနှစ်တွင် စိုက်ပျိုးရေးဝန်ထမ်းအဖြစ် မကွေးတိုင်း ကံမမြို့နယ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အလုပ်ခွင်မပျက် ပညာဆက်လက်သင်ကြားကာ ၁၉၇၅ ခုနှစ်တွင် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံမှ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ကို လည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ပြင်ပဝိဇ္ဖာ(သမိုင်း)ဘွဲ့ကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးပညာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးပညာပေးရေးလုပ်ငန်းများကို မကွေးတိုင်းအတွင်း ဆောင်ရွက်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ရေဆင်း၌ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကို စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစား ယူပြီးနောက် အကြံပေး(ညွှန်ကြားရေးမှူး)နှင့် ကျွမ်းကျင်သူ(သီးနှံစိုက်ပျိုးရေးစနစ်)အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(စိုက်ပျိုးရေးဦးစီးဌာန)နှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုံ စီမံကိန်းတွင် အကြံပေးပညာရှင်အဖြစ်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။