ပိုးသတ်ဆေးတွေသုံးတယ်လား ဒါဆိုရင် ဖတ်ပါ။

Photo - shutter stock

ပိုးသတ်ဆေးဆိုတာက ဖျက်ပိုးတွေကို သေစေ ပြေးစေဖို့ဆိုပြီး ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ။ အဲ့ဒါကိုမှ လွဲမှားပြီးသုံးမိရင် ဒုက္ခရောက်နိုင်ပါတယ်နော်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ ပြီးတော့ လူတွေကိုလည်း အဆိပ်သင့်စေနိုင်တာကြောင့်ပါပဲ။

အောက်မှာကတော့ ပိုးသတ်ဆေးကိုသုံးမယ်ဆိုရင် တွေးသင့်တဲ့ အချက်လေးတွေကို ပြောပြပေးထားပါတယ်။

() ဘာပိုးလဲ ဆိုတာကိုသေချာပါစေ။ အင်းဆက်ပိုးကျတာလား။ ရောဂါဖြစ်တာလား။ ပေါင်းသတ်ဆေး သုံးမှာလား။ ဒါမှ ဘာဆေးကို သုံးရမလဲ ဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

() အင်းဆက်ဖျက်ပိုးမဟုတ်ပဲ ပျပိုးလောက် ပင့်ကူလောက်ဆိုရင် အပင်ကို ရေများများလောင်းဆေးလိုက်တာမျိုးနဲ့တင် အဆင်ပြေပါတယ်။ ဆိုလိုတာကတော့ ဆေးသုံးဖို့ကို ရှေ့တန်းမတင်ပဲ တစ်ခြား ဓာတုတွေ မသုံးရတဲ့ နည်းလမ်းတွေကို အရင်ရှာပါ။

() ဆေးတွေသွားဝယ်ရင် မေးခွန်းတွေများများမေးပါ။ သုံးနည်း စွဲနည်းတွေ ဘာပိုးတွေ သေစေတာလဲ ဆိုတာမျိုးတွေ ဆေးအကြောင်း အကုန်ကို သိသွားအောင်လို့ မေးပြီးတော့မှ သုံးပါ။

() ဆေးအကြောင်းတွေ မေးပြီးရင်တော့ ပတ်ဝန်းကျင်ကို အဆိပ်ပြင်းတာတွေကို ငြင်းပါ။ အနည်းဆုံး တစ်ခုကိုပဲ ရွေးလိုက်ပါ။

() ဆေးတွေကို မရောစပ်ခင်မှာ အညွှန်းတွေကို သေချာလေး ဖတ်ပါ။ ဆေးတွေကို သူငယ်ချင်းပြောလို့ ဆိုင်ကပြောလို့ဆိုပြီး ရောစပ်တာမျိုး မလုပ်ရပါဘူး။

() ဆေးရောစပ်နေတဲ့အချိန်မှာ အကာအကွယ်ပစ္စည်းတွေကိုသုံးပါ။ လက်အိတ် စွပ်တာ၊ နှာခေါင်းစည်း သုံးတာမျိုး တွေကို မမေ့ပါနဲ့။ မျက်စိကို မထိအောင် သတိထားပါ။

() လေကောင်းကောင်းရတဲ့နေရာ လေတိုက်တဲ့နေရာမှာပဲ ဆေးကို ဖျော်ပါ။ ရေရောပါ။ တစ်ချို့ ပိုးသတ်ဆေးတွေက အနံ့ တော်တော်ပြင်းပါတယ်။ အနံ့ နဲ့တင် ခေါင်းနောက် ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

() ပိုးသတ်ဆေး ဖျန်းတဲ့နေရာမှာ သုံးတဲ့ ခွက်တွေ ပလုံးတွေကို တစ်ခြားနေရာမှာ မသုံးပါနဲ့။ ပိုးသတ်ဆေး ရောတဲ့ ခွက်ကို ရေဆေးပြီး ခြေထောက်ဆေးတာမျိုးတောင် မလုပ်မိအောင် သတိထားပေးပါ။

(၉) အဲ့ခွက်တွေကို ရေဆေးမယ်ဆိုရင်လည်း မြေကြီးပေါ်လောင်းဆေးတာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ အဝေးကြီးကိုစီးနိုင်တဲ့ ချောင်းတွေ မြောင်းတွေထဲ ဆေးပစ်တာမျိုးမလုပ်ပါနဲ့။

(၁၀) ဆေးဖျန်းတဲ့အချိန်မှာ ကာကွယ်ရေးပစ္စည်းတွေ ဝတ်ဆင်ပါ။ လူကို မထိလေကောင်းလေပါပဲ။ တကယ်တမ်းဆိုရင်တော့ မိုးကာဝတ်စုံလိုမျိုး ဝတ်စုံအပြည့်ဝတ်ပြီး လည်ရှည်ဖိနပ်စီးပြီးတော့ ဖျန်းရမှာပါ။ စွပ်ကျယ်လောက်ပဲ ဝတ်ပြီးတော့တောင် မဖျန်းသင့်ပါဘူး။ လက်အိတ်စွပ်ပါ။ နှာခေါင်းစည်း တပ်ပါ။ ဆေးဖျန်းတုန်း ဝတ်ထားတဲ့ ဝတ်စုံတွေကို သီးခြားစီလျှော်ပါ။ ပြီးတော့ နေရောင်ပြင်းပြင်းမှာ ခြောက်အောင် လှန်းပါ။

(၁၁) လေတိုက်တာ အနည်းဆုံးဖြစ်တဲ့အချိန်၊ လေြငိမ်တဲ့အချိန်မှာ ဆေးကိုဖျန်းပါ။ အညွှန်းအတိုင်းကို မနက်စောစောဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် ဖျန်းပေးဖို့ သုံးပေးဖို့ လိုပါတယ်။

(၁၂) အရမ်းပူနေတဲ့အချိန်မှာ ဆေးမဖျန်းပါနဲ့။ အပင်တွေကိုလောင်နိုင်တာကြောင့်ဖြစ်ပါတယ်။

(၁၃) တစ်ခြား ပိုးသတ်ဆေးကြောင့် သေစေနိုင်တဲ့ အကောင်လေးတွေကို သတိရပေးပါ။ ပျားတွေလို ဝတ်မှုန်ကူးပေးနိုင်တဲ့အကောင်တွေနဲ့ တစ်ခြား လူတွေကိုအကျိုးပြုတဲ့ကောင်လေးတွေ မသေေအာင် သတိထားပေးပါ။

(၁၄) ပိုးသတ်ဆေးတွေသုံးပြီးရင် ဘယ်အချိန်မှာ ကွင်းထဲကို ပြန်ဝင်လို့ရမယ် ဆိုတဲ့အချက်ကို အတိအကျလိုက်နာပေးပါ။ ဘေးကင်းဖို့အတွက် ဂရုစိုက်ပါ။

(၁၅) ဆေးဖျန်းတဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေကို အပြင်ဖက်မှာပဲ သေချာဆေးကြော သန့်စင်ပါ။ မြစ်၊ ချောင်း၊ အင်းအိုင် တွေမှာ မဆေးပါနဲ့။

(၁၆) ဆေးဘူးတွေကို ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားပါ။

(၁၇) သိုလှောင်ထားချင်တယ်ဆိုရင် ခြောက်သွေ့တဲ့ နေရာ၊ လေဝင်လေထွက် ကောင်းတဲ့နေရာ၊ အေးမြတဲ့နေရာမှာ သော့ခတ်ပြီးတော့ သိမ်းထားပေးပါ။

(၁၈) ဆေးတွေ ပစ်မယ်ဆိုရင် အကုန်လုံး သုံးပြီးတော့မှ ပစ်ပါ။ မြစ်ချောင်း အင်းအိုင်တွေထဲကို မချမိအောင် သတိထားပေးပါ။

ကဲ ခုပြောခဲ့တာတွေကတော့ ပိုးသတ်ဆေးကို သုံးမယ်ဆိုရင် ဘာတွေသတိထားပေးရမလဲ ဆိုတာကို သတိချပ်မိနိုင်အောင်ပြောပြပေးတာပါ။

ထွန်းဝင်းကျော်

 

 

 

 

 

 

 

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမာတစ်ခက် သွားတစ်သက်"