အသင့်စား အမြန်ရတဲ့ စားစရာတွေ (Fast Food)

14/07/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေးဖြစ်ပါစေနော်

ဒီတစ်ခေါက်က အသင့်စား အမြန်ရတဲ့ စားစရာတွေအကြောင်းကို တင်ဆက်ပေးသွားမှာဆိုတော့ ဆက်ကြည့်ပေးပါဦး

Fast Food

ဘိုလိုတော့ ဖက်စ်ဖု ပေါ့လေ၊ ဘာကိုရည်ရွယ်ပြီးတော့ ဒီလို အစားအစာတွေပေါ်ပေါက်လာရသလဲ ဆိုတာကတော့ လျင်လျင်မြန်မြန်နဲ့ အချိန်တိုတိုတွင်းမှာ စားလို့ရအောင် ရောင်းလို့ရအောင် လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပဲဖြစ်ပါတယ်။ ဟုတ်ပြီ အဲ့ဒါဆိုတော့ အလျင်အမြန်စားလို့ရတဲ့ အစားအစာတွေထဲမှာ ဘာတွေပါသလဲဆိုတော့ ()မိနစ်ပဲ စောင့်ဆိုတဲ့ ခေါက်ဆွဲခြောက်တွေပါတယ်။ ရန်ကုန်က ဒိုးနပ်မုန့်တွေပါတယ်။ အာလူးချောင်းကြော်တွေပါတယ်။ အသားညှပ်ပေါင်မုန့်တွေပါတယ်။ ဆိုင်တွေမှာရောင်းတဲ့ ကြက်ကြော်တွေ ပါတယ်။ရည်ရွယ်ချက်လေးကတော့ ကောင်းပါတယ်။ မြန်မြန်လာ မြန်မြန်ယူပြီး သွားရင်းလာရင်း စားလို့သောက်လို့ရမယ်။ ပြီးတော့ ဗိုက်လည်းပြည့်မယ်ပေါ့။ ဒီလိုအစားအစာတွေက တိုးတက်ပြီးနိုင်ငံတွေကနေ တိုးတက်ဆဲနိုင်ငံတွေဆီကို ကူးပြောင်းလာကြတာပါ။ အလုပ်များတယ် စားဖို့ သောက်ဖို့ ချက်ပြုတ်စားသောက်ဖို့ အချိန်မရှိကြတဲ့ သူတွေက စားကြရင်းနဲ့ တစ်ဆင့် တစ်ဆင့်မြင့်လာကြတယ်။

ကဲ အဲ့လိုဆိုတော့ အသင့်စား အမြန်စာတွေနဲ့ ပတ်သတ်ပြီးတော့ ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်း ရှိတယ်။ အဲ့အချက်တွေကို လေ့လာကြည့်တာပေါ့။

ကောင်းကျိုး()ချက်

() အချိန်ကုန်သက်သာတယ်။

ချက်မစားနိုင်တဲ့ သူတွေအတွက် အရေးပေါ် အချိန်မရှိဘူး အလုပ်အရမ်းများတဲ့ နေရာတွေမှာ ဆိုရင် ချက်ဖို့ မပြောနဲ့ စားဖို့တောင် အချိန်မလောက်နိုင်တဲ့ သူတွေအတွက်ဆိုရင် အရမ်းကို အကျိုးရှိပါတယ်။ ခွဲစိတ်ခန်းဝင်ရမယ် ၈ နာရီလောက်တောင်ကြာမှာ။ ဟမ်ဘာဂါလေးတစ်လုံးလောက် စားလိုက်မယ် ဆိုရင် အဆင်ပြေတာပေါ့။

() ရွေးစရာများတယ်၊ တတ်နိုင်တယ်။

ရောင်းတဲ့သူလည်းများတယ်။ ကြက်ကြော်ဆို တစ်ဆိုင်တည်းမှာကိုပဲ အရသာမျိုးစုံရနိုင်တယ်။ ကိုယ်ကြိုက်တာကို ဝယ်စားနိုင်တဲ့အပြင်ကို ဈေးနှုန်းအားဖြင့်ကလည်း အရမ်းကြီးများလွန်းတာမဟုတ်တော့ ဝယ်စားနိုင်တဲ့ ရွေးချယ်နိုင်တဲ့ အခြေအနေမှာရှိပါတယ်။ အဲ့ဒါက ကောင်းကျိုးတစ်ချက်ပါ။

() အချိန်တိုင်း စားလိုရတယ်။

စားချင်တဲ့အချိန်တိုင်း ပေါ့ပေါ့ပါးပါးစားလို့ရတဲ့အချက်ကလည်း ကောင်းတဲ့အချက်လို့ ပြောလို့ရမလားပဲ။ ဆိုင်တွေအကုန်လုံးလိုလို အသင့်စား အစားအစာတွေရှိနေပြီဆိုတော့ဘယ်လို ဝယ်စားစား အချိန်တိုင်း စားလို့ရတယ်။

() ကျန်းမာရေးအတွက်လည်း ရွေးလို့ရတယ်။

ခုချိန်မှာ ကျန်းမာရေးအတွက် ကောင်းတဲ့ ဆီးချိုသမားတွေ စားလို့ ရတဲ့ ပေါင်မုန့် ကိတ်မုန့်တွေလို အသင့်စား အစားအစာတွေလည်း ပေါ်နေပြီ။ ဆီမပါပဲ ကြော်ထားတဲ့ အစားအစာတွေလိုမျိုးတွေလည်းရှိနေပြီ။ ဆိုတော့ ရွေးတတ်ရင် ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာတွေကိုလည်း ရွေးချယ်လို့ရပါတယ်။

() အာဟာရဖော်ပြချက်တွေ

ဒါကကျတော့ ဆိုင်ကဝယ်လာတဲ့ အသင့်စား အစားအသောက်တွေမှာ ပါတတ်ပါတယ်။ ပါကင်လှလှလေးတွေနဲ့ အညွှန်းစာအပြည့်အစုံပါပါတယ်။ သောက်နေတဲ့ အအေးဘူးကို ကြည့်လိုက်ပါ။ အာဟာရ ဘယ်လောက်ပါတယ်ဆိုတာကို ရေးထားပါတယ်။ အနီးစပ်ဆုံး သောက်တဲ့ ကိုလာ(cocacola)မှာတင် သကြားပါတဲ့ ကိုလာနဲ့ သကြားမပါတဲ့ကိုလာဆိုပြီး အမျိုးအမည် အစုံရှိပါတယ်။ အဲ့တော့ ကျန်းမာရေးအတွက် ဖော်ပြချက်တွေကိုလည်း ကြည့်ပြီးတော့ ရွေးချယ်လို့ရနိုင်ပါတယ်။

ဆိုးကျိုး ()ချက်

() ကယ်လိုရီတွေများတယ်။

အသင့်စား အမြန်စာတွေအများစုက ကယ်လိုရီပါဝင်မှု များပါတယ်။ အဲ့တော အပြင်စာတွေ များများစားတတ်ကြတဲ့ သူတွေမှာ ကယ်လိုရီတွေစုပြီး ကယ်လိုရီတွေကို ချေဖျက်နိုင်စွမ်းကလည်း ကျသွားပါတယ်။

() အဝလွန်

နေ့တိုင်း စားဖြစ်တယ်။ အကြိမ်ရေ များများ စားမိတယ်ဆိုရင်တော့ ကယ်လိုရီတွေလည်း စုမှာ ဆိုတော့ အဝလွန်မှာ သေချာသလောက်ဖြစ်နေပါပြီ။ အဲ့တော့ စားရင် ကြောက်ရတဲ့ တစ်ချက်က အဝလွန် တာကနေ အဝလွန်ရောဂါထိ ဖြစ်မှာကိုပါပဲ။

() အစာကြေမကြေ

အသင့်စား အမြန်အသားတွေ သောက်စရာတွေက အမျှင်ဓာတ်တွေပါဝင်မှု အရမ်းကိုနည်းပါတယ်။ မပါသလောက်ပါပဲ။ ကာဘွန်ဟိုက်ဒရိတ်ကတော့ အများကြီးပါပါတယ်။ အဲ့လို အစားအသောက်တွေကို စားတာများလာရင် အင်ဆူလင်တွေ ကာဘွန်ဟိုက်ဒရိတ်တွေ စုပြီးတော့ အဝလွန်လာမယ်။ ပြီးတော့ ဆီးချို ဖက်ကို ကူးလာမှာဖြစ်ပါတယ်။

() ဈေးကြီးတယ်။

ရွေးစရာအများကြီးရှိပေမဲ့လို့ တစ်ခါတစ်လေကျရင် ပေးရတာနဲ့ မတန်တဲ့ အသင့်စားတွေ ရှိပါတယ်။ အဲ့လို တွေစားမဲ့အစားဆိုရင် အိမ်မှာချက်ပြုတ်စားလိုက်တာက ပိုသက်သာပြီးတော့ ဘက်ဂျက်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။ အဲ့လိုဆို စီးပွားရေးကိုလည်း မထိခိုက်တော့ဘူးပေါ့။

() ပုံစံပြောင်းနိုင်တယ်။

အတောင်ပံတွေပေါက်လာတာမျိုးကို ပြောတာမဟုတ်ဘူးနော်။ အသားအရေ အသားအရောင် နဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲ လာတာမျိုးကိုပြောတာပါ။ သွားတွေကို ထိခိုက်စေနိုင်တာမျိုး၊ ဘက်တီးရီးယားတွေပို ခိုအောင်းနိုင်တာမျိုး စတဲ့ အချက်အလက်တွေကိုလည်း အများကြီး စားရင် ကြုံတွေ့ရမှာပါ။

အကျဉ်းချုပ်

နိဂုံးချုပ်ရရင်တော့ ခုတိုးတက်တဲ့ခေတ်ကျရင်တော့ အဆင်ပြေအောင် လိုက်လျောညီထွေဖြစ်အောင်လို့ နေကြထိုင်ကြရင်းနဲ့ ကြုံကို ကြုံရမဲ့ အသင့်စား အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် ချင့်ချိန်စားသုံးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျန်းမာ ချမ်းသာပြီး အောင်မြင်ပျော်ရွင်ကြပါစေ။

ထွန်းဝင်းကျော်

Reference

https://honestproscons.com/pros-and-cons-of-fast-food/

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်