မြေဆီလွှာအတွင်း ကာဗွန်စုစည်းသိုလှောင်ခြင်း၏ အကျိုးကျေးဇူးများ

23/08/2019 06:00 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

- သီးနှံအထွက်နှုန်းကိုတိုးစေသည်။

- မြေဆီလွှာမြေသားအနေအထားကို ကောင်းမွန်စေသည်။

- မြေဆီလွှာ၏ သြဇာပိုထက်သန်လာစေသည်။

- မြေဆီလွှာအတွင်းသို့ ရေစိမ့်ဝင်ခြင်းကို ပိုမိုကောင်းမွန်စေသည်။

- မြေဆီလွှာ၏ မျက်နှာပြင်မှရေများ မျောပါစီးဆင်းခြင်း၊ မြေမျက်နှာပြင်မှ ရေငွေ့ဆုံးပါးခြင်း၊ မြေသားအနက်ဘက်ဆီသို့ စိမ့်ယိုခြင်းကို ကာကွယ်ပေးခြင်းတို့ကြောင့် ရေအသုံးချရမှုတွင် ပို၍ အဆင်ပြေစေသည်။

- မြေဆီလွှာအတွင်း အပင်အတွက် အာဟာရများလည်ပတ်ခြင်းနှင့် အပင်များက ရယူစာသောက်ခြင်းကို အထောက်အကူဖြစ်စေသည်။

- သီးနှံပင်အတွက် အဓိကအာဟာရများဖြစ်စေသော နိုက်ထရိုဂျင် N နှင့် ဖော့စပရပ်(စ်) P လိုအပ်မှုကို လျော့နည်းစေသည်။

  လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ မှစ၍ ကမ္ဘာကြီး၏ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၃၀ ရာနှုန်း တိုးလာခဲ့သည်။ ထိုသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ လေထုအတွင်း တိုးလာခြင်းက ကမ္ဘာကြီးပူနွေးလာခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်သည်။ လေထုအတွင်းတိုးလာသော ကာဗွန်များ၊ မြေဆီလွှာအတွင်းသို့ ပြန်ရောက်ရန် ကြိုးစားနေကြသည်။ 

  လေထုအတွင်းမှ ကာဗွန်များ မြေဆီလွှာအတွင်းပြန်ရောက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိမြဲအောင် သိုလှောင်ထားနိုင်ပါက စိုက်ပျိုးရေးလုပ်ငန်းအတွက် ကြီးမားသော အကျိုးကို ဖြစ်ထွန်းစေနိုင်သည်။ ကာဗွန်များ မြေဆီလွှာအတွင်း သိုလှောင်ထားနိုင်ပါက  မြေဆီလွှာအတွင်း ရေကို ပမာဏများစွာ အချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်မည်ဖြစ်သည်။ အပင်များ၏အမြစ်များ မြေသားအတွင်း ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးနိုင်ပြီး ထိုမြေသားအတွင်းမှ ရေနှင့်အဟာရများကို ပို၍ စုပ်ယူစားသုံးနိုင်မည်ဖြစ်သည်။ မြေဆီလွှာအတွင်း ကာဗွန်များရှိနေခြင်းကြောင့် မြေဆီလွှာတိုက်စားခံရမှုကို လျော့နည်းစေမည်ဖြစ်သည်။

ဦိးဖရက်သိန်းဖေ

လယ်ယာစီးပွားဂျာနယ်မှ ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်