- သီးနှံအထွက်နှုန်းကိုတိုးစေသည်။
- မြေဆီလွှာမြေသားအနေအထားကို ကောင်းမွန်စေသည်။
- မြေဆီလွှာ၏ သြဇာပိုထက်သန်လာစေသည်။
- မြေဆီလွှာအတွင်းသို့ ရေစိမ့်ဝင်ခြင်းကို ပိုမိုကောင်းမွန်စေသည်။
- မြေဆီလွှာ၏ မျက်နှာပြင်မှရေများ မျောပါစီးဆင်းခြင်း၊ မြေမျက်နှာပြင်မှ ရေငွေ့ဆုံးပါးခြင်း၊ မြေသားအနက်ဘက်ဆီသို့ စိမ့်ယိုခြင်းကို ကာကွယ်ပေးခြင်းတို့ကြောင့် ရေအသုံးချရမှုတွင် ပို၍ အဆင်ပြေစေသည်။
- မြေဆီလွှာအတွင်း အပင်အတွက် အာဟာရများလည်ပတ်ခြင်းနှင့် အပင်များက ရယူစာသောက်ခြင်းကို အထောက်အကူဖြစ်စေသည်။
- သီးနှံပင်အတွက် အဓိကအာဟာရများဖြစ်စေသော နိုက်ထရိုဂျင် N နှင့် ဖော့စပရပ်(စ်) P လိုအပ်မှုကို လျော့နည်းစေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ မှစ၍ ကမ္ဘာကြီး၏ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၃၀ ရာနှုန်း တိုးလာခဲ့သည်။ ထိုသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ လေထုအတွင်း တိုးလာခြင်းက ကမ္ဘာကြီးပူနွေးလာခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်သည်။ လေထုအတွင်းတိုးလာသော ကာဗွန်များ၊ မြေဆီလွှာအတွင်းသို့ ပြန်ရောက်ရန် ကြိုးစားနေကြသည်။
လေထုအတွင်းမှ ကာဗွန်များ မြေဆီလွှာအတွင်းပြန်ရောက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိမြဲအောင် သိုလှောင်ထားနိုင်ပါက စိုက်ပျိုးရေးလုပ်ငန်းအတွက် ကြီးမားသော အကျိုးကို ဖြစ်ထွန်းစေနိုင်သည်။ ကာဗွန်များ မြေဆီလွှာအတွင်း သိုလှောင်ထားနိုင်ပါက မြေဆီလွှာအတွင်း ရေကို ပမာဏများစွာ အချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်မည်ဖြစ်သည်။ အပင်များ၏အမြစ်များ မြေသားအတွင်း ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးနိုင်ပြီး ထိုမြေသားအတွင်းမှ ရေနှင့်အဟာရများကို ပို၍ စုပ်ယူစားသုံးနိုင်မည်ဖြစ်သည်။ မြေဆီလွှာအတွင်း ကာဗွန်များရှိနေခြင်းကြောင့် မြေဆီလွှာတိုက်စားခံရမှုကို လျော့နည်းစေမည်ဖြစ်သည်။
ဦိးဖရက်သိန်းဖေ
လယ်ယာစီးပွားဂျာနယ်မှ ကူးယူဖော်ပြပါသည်။