ပြောင်းဖူးပင်သက်တမ်းအလိုက် လိုအပ်သောအာဟာရဓာတ်များ

27/09/2021 13:30 PM တွင် မဆုယဉ်လင်း မဆုယဉ်လင်း မှ ရေးသား

    ယခုနှစ်များအတွင်း ပြောင်းသည် စိုက်ပျိုးစရိတ်နည်းပါးမှုကြောင့် အခြားသောသီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်များနှင့်စာလျှင် အမြတ်အစွန်းပိုမိုရရှိလာပြီး ပြောင်းစိုက်ဧရိယာများ တစ်ဖြည်းဖြည်းတိုးလာတာကို မြင်တွေ့လာရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပြောင်းကို အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးမှုများပါတယ်။ 

    ရာသီဥတုနဲ့ စိုက်ပျိုးမြေသာ အခြေအနေပေးပါက အထွက်နှုန်းကောင်းရန်ဆောင်ရွက်ခြင်းသည် စိုက်ပျိုးသူ၏ကျွမ်းကျင်မှုနှင့် ထိန်းချုပ်မှုအောက်တွင်ရှိပါတယ်။ ပြောင်းသီးနှံသက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များကို စီမံခန့်ခွဲမှုသည်လည်း ပြောင်းစိုက်ပျိုးခြင်းရဲ့ အရေးကြီးတဲ့ကဏ္ဍတစ်ခုအဖြစ် ပါဝင်လာပါတယ်။ 

    ပြောင်းသီးနှံသည် အာဟာရလိုအပ်ချက်မြင့်သောသီးနှံဖြစ်တဲ့အတွက် အာဟာရဓာတ်များကို လုံလောက်စွာထည့်မပေးနိုင်ပါက ၆၀ ရာခိုင်နှုန်းအထိ အထွက်နှုန်းကို ထိခိုက်စေပါတယ်။ ပြောင်းပင်က နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်ပမာဏကို များစွာလိုအပ်ပြီး ဆာလဖာ၊ ဖော့စဖောရပ်စ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ် စတဲ့ အာဟာရဓာတ်တွေကိုလည်း လိုအပ်တဲ့သီးနှံဖြစ်ပါတယ်။ 

    နိုက်ထရိုဂျင် ၇၅ ရာခိုင်နှုန်းကို ပြောင်းဖူးပင်၏ အပင်ပိုင်းကြီးထွားမှုအဆင့် (ပြောင်းဖူးအနှံမထွက်မီအချိန်) တွင် လိုအပ်ပါတယ်။ ထိုအချိန်မှာ နိုက်ထရိုဂျင်ကို လုံလောက်စွာမရခဲ့ပါက ပင်စည်၊ အရွက်တွေကြီးထွားမှုကို ထိခိုက်နိုင်သည့်အပြင် ပြောင်းစေ့အဆန်ထွက်မှုကို ထိခိုက်နိုင်တဲ့အတွက် အထွက်နှုန်းကို လျော့ကျစေနိုင်ပါတယ်။ နိုက်ထရိုဂျင်ရဲ့ကျန်တဲ့ပမာဏကတော့ ပန်းပွင့်တဲ့အချိန် အစေ့အဆန်ဖြည့်တင်းတဲ့အချိန်တွင် လိုအပ်ပါတယ်။ 

    ပိုတက်စီယမ် ၅၀ ရာခိုင်နှုန်းကို အပင်ပိုင်းကြီးထွားမှုအဆင့်တွင် လိုအပ်ပါတယ်။ ပန်းစပွင့်သည့်အချိန်နှင့် နို့ရည်တည်သည့်အဆင့်တွင် ဖော့စဖောရပ် ၄၅ ရာခိုင်နှုန်းကိုလိုအပ်ပြီး ထိုအချိန်က ဖော့စဖောရပ်ရဲ့ လိုအပ်ချက်အမြင့်မားဆုံးအချိန်လည်း ဖြစ်ပါတယ်။ သီးနှံပင်၏လိုအပ်သောအချိန်၌ အာဟာရဓာတ်ကို အချိန်မီပေးနိုင်ရန်လည်း အရေးကြီးလှပါတယ်။

    ပြောင်းစိုက်ခြင်းကို မြေမပြင်မီ နွားချေး၊ မြေဆွေး စသည်တို့ကို တစ်ဧကလျှင် ၃ တန်မှ ၅ တန် ထည့်သွင်းပေးရမည်။ မြေကြီး၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတိုးပွားစေရန် ကောင်းစွာဆွေးမြေ့နေသော သဘာဝမြေသြဇာနှင့် သစ်စိမ်းမြေသြဇာများကို မြေဆီလွှာအတွင်း နှစ်စဉ်ထည့်သွင်းပေးသင့်ပါတယ်။ မျိုးစေ့ဆောင်ရောဂါ၊ မြေဆောင်ရောဂါများကာကွယ်ရန်အတွက် သင့်တော်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို လူးနယ်၍ စိုက်ပျိုးသင့်ပါတယ်။ 

    ဓာတ်မြေသြဇာများထည့်သွင်းရာတွင် မြေပြင်ချိန်တွင် တစ်ဧကနှုန်းထားဖြင့် ယူရီးယားတစ်အိတ် (၁၁၂) ပေါင်၊ တီစူပါတစ်အိတ် (၁၁၂) ပေါင်၊ ပိုတက်ရှ် အိတ်ဝက် (၅၆) ပေါင်နှုန်း ထည့်သွင်းပေးရမည်။

    ပြောင်းဖူးပင်သက်တမ်း ၂၀-၂၁ ရက်သား ကြားထွန်ဝင်သည့်အချိန်တွင် တစ်ဧကလျှင် ယူးရီးယား ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်နှုန်း ထည့်သွင်းပေးရမည်။

    ပြောင်းပင်၏သက်တမ်း ၃၅-၄၀ ရက်သား ဘောင်တင်သည့်အချိန်တွင် ယူရီးယားတစ်အိတ် (၁၁၂) ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်နှုန်း ထည့်သွင်းပေး၍ ဘောင်တင်ပေးရပါမည်။ 

    မြေသြဇာမကျွေးခင် အပင်ခြေရှိပေါင်းမြက်များကို ကင်းစင်အောင်ပြုလုပ်ရပါမယ်။ ပေါင်းမြက်များကင်းစင်မှသာလျှင် ထည့်ပေးသောအာဟာရဓာတ်များကို ပြောင်းပင်က ကောင်းစွာရရှိနိုင်မှာဖြစ်ပါတယ်။ အပင်ပေါက်သည်မှ တစ်လသားအတွင်း ပေါင်းမြက်ကင်းစင်ရန်နှင့် ရေမဝပ်ရန် အထူးဂရုစိုက်ဆောင်ရွက်ရပါမယ်။ ပြောင်းစိုက်ပျိုးပြီးသောမြေသည် အာဟာရဓာတ်ဆုံးရှုံးမှုများသည့်အတွက်ကြောင့် ပြောင်းသီးနှံဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ရှားပြီး ပဲမျိုးစုံသီးနှံများဖြင့် သီးလှည့်စိုက်ပျိုး၍ ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်ထည့်ပေးသင့်ကြောင်း အသိပေးလိုက်ရပါတယ်။

ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန(အစေ့ထုတ်ပြောင်းသီးနှံ)၊ https://www.pacificseeds.com.au/wp-content/uploads/2019/10/Corn-nutrition-guide.pdf


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်