အစိမ်းရောင်လမ်း
ကင်ဆာရောဂါဖြစ်ကြောင်း သိပြီးနောက် ဖြစ်လာမည့်အခြေအနေကို ကြိုခန့်မှန်းရန်နှင့် ကုသမှုများအတွက် အသုံးပြုသော စာရင်းအင်း ကိန်းဂဏန်းများ

ကင်ဆာရောဂါဖြစ်ကြောင်း သိပြီးနောက် ဖြစ်လာမည့်အခြေအနေကို ကြိုခန့်မှန်းရန်နှင့် ကုသမှုများအတွက် အသုံးပြုသော စာရင်းအင်း ကိန်းဂဏန်းများ

Khaing Kyi Thit
Khaing Kyi Thit 07/08/2024

ကင်ဆာရောဂါဖြစ်ပွားနေပြီလို့ သိလိုက်ရတဲ့ လူနာတစ်ယောက်ထံက ပထမဆုံး ကြားရမယ့် မေးခွန်းကတော့ “အသက်ရှင်ခွင့် ဘယ်လောက်ရှိမလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

အဲဒီမေးခွန်းကို ဖြေဖို့အတွက် ဆရာဝန်တွေဟာ စာရင်း အင်းပညာ (Statistics) က ဖော်ထုတ်ပေးထားတဲ့ ကင်ဆာရောဂါဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို အသုံးပြုလေ့ရှိပါတယ်။ စာရင်းအင်းပညာဟာ လူအများစုအတွင်းမှာ ဖြစ်ပျက်နိုင်တဲ့ အခြေအနေတွေကို ဖော်ပြပေးပါတယ်။ ဒါကြောင့် ကင်ဆာရောဂါဖြစ်လာတဲ့အခါ ရှေ့ဆက် ဘာဖြစ်နိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် အဲဒီ လူနာဟာ ကျိန်းသေပေါက် ဘာဖြစ်လိမ့်မယ်လို့ တစ်ထစ်ချ ပြောနိုင်တာ မဟုတ်ပါဘူး။ 

ကင်ဆာဝေဒနာရှင်အတွက် အသက်ရှင်သန်နှုန်း(survival) ကို ဖော်ပြဖို့ စာရင်းအင်းကိန်းဂဏန်းတွေကို အသုံးပြုရာမှာ အောက်ပါအချက်တွေကို အခြေခံရပါတယ်။

  • ကင်ဆာအမျိုးအစား 
  • ရောက်ရှိနေတဲ့ ကင်ဆာ အဆင့်
  • ဝေဒနာရှင်ရဲ့ အသက်
  • ရောဂါဖြစ်နေတဲ့ အချိန်ကာလ

မိမိရဲ့ ကင်ဆာ အခြေအနေနဲ့ပတ်သက်တဲ့ စာရင်းအင်းကိန်းဂဏန်းအချက်အလက်တွေကို ကျွမ်းကျင်သူတွေထံမှာ မေးမြန်းသင့်ပါတယ်။ တချို့အချက်အလက်တွေကို မရှင်းလင်းဘူး၊ သိပ်မနားလည်ဘူးဆိုရင်လည်း အသေးစိတ်ရှင်းပြဖို့ မေတ္တာရပ်ခံသင့်ပါတယ်။ 

အသက်ရှင်သန်နိုင်မှု စာရင်းအင်း ကိန်းဂဏန်းများ (Survival statistics)

ဆရာဝန်တွေဟာ လူနာတစ်ယောက်ရဲ့ ရှေ့အလားအလာ (Prognosis) ကို ခန့်မှန်းတွက်ချက်နိုင်ဖို့ အသက်ရှင်သန်နိုင်မှု စာရင်းအင်းကိန်းဂဏန်းများ (survival statistics) တွေကို အသုံးပြုကြရပါတယ်။ ဒါ့အပြင် ကုသပေးနေတဲ့ ကင်ဆာကုထုံးအပေါ် ပြန်လည်သုံးသပ်ရာမှာလည်း survival statistics က အထောက်အကူပြုပါတယ်။ 

သုတေသီတွေက ကင်ဆာအမျိုးအစားတစ်ခုချင်းစီအလိုက် သီးသန့်အသက်ရှင်သန်နိုင်မှု စာရင်းအင်းကိန်းဂဏန်း တွေကို ရှာဖွေဖော်ထုတ်ပေးထားကြပါတယ်။  

Survival rate (အသက်ရှင်သန်နှုန်း) - ကင်ဆာရောဂါ ဖြစ်ပွားနေတယ်လို့ ပထမဆုံးအကြိမ် ရောဂါ ရှာဖွေတွေ့ရှိချိန်ကနေ နောက်ထပ် သတ်မှတ်အချိန်အတိုင်းအတာတစ်ခုအထိ ကြားကာလမှာ အသက် ရှင်သန် နိုင်တဲ့ ဝေဒနာရှင်ဦးရေ ရာခိုင်နှုန်းကို Survival rate လို့ ခေါ်ပါတယ်။ ကင်ဆာအမျိုးအစား တစ်ခုခုကို ခံစားနေရတဲ့ သူတွေအားလုံးရဲ့ ရှင်သန်နှုန်းကို ခြုံငုံပြီး “overall survival rate” လို့ ခေါ်ပါ တယ်။ 

Survival rate ကို ဖော်ပြတဲ့အခါ ကြိုက်တဲ့ အချိန်ကာလ သတ်မှတ်ချက် တစ်ခုထားပြီး ဖော်ပြလို့ရပါ တယ်။ ဒါပေမယ့် သုတေသီတွေ အများဆုံး ဖော်ပြလေ့ရှိတာကတော့ ရောဂါရှာဖွေတွေ့ရှိပြီးနောက် ၅ နှစ်အတွင်း အသက်ရှင်သန်နှုန်းပဲ ဖြစ်ပါတယ်။ အဲဒီကိုတော့ 5-year relative survival rate လို့ ခေါ်ဆို ပါတယ်။

5-year relative survival rate (၅ နှစ်အတွင်း အသက်ရှင်သန်နိုင်နှုန်း) - ကင်ဆာဖြစ်ပွားနေကြောင်း ရောဂါရှာဖွေ အဖြေထုတ်ပြီးနောက် ၅ နှစ်အတွင်း အသက်ရှင်သန်နိုင်တဲ့ ဝေဒနာရှင်ဦးရေ ရာခိုင်နှုန်းကို 5- year relative survival rate လို့ ခေါ်ပါတယ်။ ဒါပေမယ့် အဲဒီ ရာခိုင်နှုန်း တွက်ချက်မှုမှာ ကင်ဆာ ကြောင့် မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် သေဆုံးသွားတဲ့သူတွေကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါဘူး။ 

ဥပမာ - သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင် အမျိုးသမီးတွေရဲ့ 5-year relative survival rate ဟာ ၆၆% ဖြစ်ပါတယ်။ ဆိုလိုတာက သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင် အမျိုးသမီး အယောက် ၁၀၀ မှာ ၆၆ ယောက်ဟာ ရောဂါရှာဖွေတွေ့ရှိပြီးနောက် ၅ နှစ်အတွင်း ဆက်လက်ပြီး အသက်ရှင်သန်နိုင်ကြပါတယ်။

သုတေသီတွေဟာ ကင်ဆာတစ်မျိုးချင်းစီရဲ့ ကင်ဆာအဆင့် (cancer stage) ပေါ်မှာမူတည်ပြီးတော့ လည်း survival rate တွေကို ရှာဖွေတွက်ထုတ်ထားကြပါတယ်။ ကင်ဆာဟာ ဘယ်နေရာမှာ ရှိနေသလဲ၊ ဘယ်လောက် ပြန့်နှံ့နေသလဲ၊ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုရော ထိခိုက်နေပြီလားစတာတွေကို ပေါ်မူတည်ပြီး ကင်ဆာအဆင့်ကို သတ်မှတ်ပါတယ်။ ဒါကြောင့် ကင်ဆာအဆင့်ပေါ်မူတည်ပြီး ရှင် သန်နှုန်း ကလည်း ကွာခြားသွားပါတယ်။ 

ဥပမာ - သားအိမ်ခေါင်းကင်ဆာ အစောပိုင်းအဆင့် (early stage cervical cancer) အတွက် 5-year relative survival rate က ၉၂% ဖြစ်ပါတယ်။ ဆိုလိုတာက သားအိမ်ခေါင်းကင်ဆာ အစောပိုင်းအဆင့် ဝေဒနာရှင် အယောက် ၁၀၀ မှာ ၉၂ ယောက်ဟာ ရောဂါရှာဖွေတွေ့ရှိပြီးနောက် (အခြားအကြောင်းတွေသာ မရှိရင်) ၅ နှစ်ကြာအောင် အသက်ရှင်သန်နိုင်ပါတယ်။ 

တစ်ခု သတိထားရမှာက သုတေသီတွေဟာ 5-year survival နဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အ လက်တွေကို ရှာဖွေဖော်ထုတ်ရာမှာ လွန်ခဲ့တဲ့ ၅ နှစ်က စတင်ပြီး ရောဂါရှာဖွေပြီး ကုသမှုခံယူခဲ့တဲ့ သူ တွေရဲ့ အချက်အလက်တွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကိန်းဂဏန်းတွေ ဟာ နောက်ပိုင်း ကုထုံးအသစ်တွေ နဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားထားတာ မဟုတ်ပါဘူး။ 

Disease-free ရှင်သန်နှုန်း နှင့် Progression-free ရှင်သန်နှုန်း

အထက်မှာ ပြောခဲ့တဲ့ 5-year relative survival rate ဆိုတာ ကင်ဆာရောဂါကင်းရှင်းသွားခြင်း (remission) ရှိတဲ့သူတွေကိုပါ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ကင်ဆာရောဂါဟာ ဆေးဝါးကုသမှုတွေကြောင့် ခဏတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် လုံးဝအရှင်းဖြစ်ဖြစ် ပျောက်ကင်းသွားတာမျိုးကို remission လို့ ခေါ်ပါတယ်။ ဒါ့အပြင် 5-year relative sur-vival rate မှာ ရောဂါမပျောက်ကင်းသေးဘဲ ဆေးဝါးကုသမှု ဆက်လက်ခံယူနေသူတွေလည်း ပါဝင်ပါတယ်။ 

ဆက်လက်တင်ပြမယ့် Disease-free survival (DFS) နဲ့ Progression-free survival (PFS) ဆိုတဲ့ ရှင်သန်မှု နှုန်းဆိုင်ရာ ကိန်းဂဏန်းတွေကတော့ 5-year relative survival rate ထက် ပိုပြီး အသေးစိတ်ပါတယ်။ ဆရာဝန်တွေဟာ အသုံးပြုကုသနေတဲ့ ကင်ဆာကုထုံးကို ပြန်လည်သုံးသပ်ရာမှာ DFS နဲ့ PFS တို့ကို အသုံးပြုလေ့ရှိပါတယ်။ 

Disease-free survival rate – DFS ဆိုတာ ကုသမှုပြုလုပ်ပြီးနောက် ရောဂါအရှင်းပျောက်သွားတဲ့သူ အရေအတွက် ရာခိုင်နှုန်း ဖြစ်ပါတယ်။ 

Progression-free survival rate – PFS ဆိုတာကတော့ ကုသမှုပြုလုပ်စဉ်နဲ့ ကုသမှုပြီးတဲ့နောက် ကင်ဆာအကျိတ် (tumor) ထပ်ပြီး ကြီးထွားလာခြင်း၊ ဒါမှမဟုတ် ထပ်ပြီး ပြန့်ပွားလာခြင်း မရှိတဲ့သူ အရေ အတွက် ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါက ကုထုံးအပေါ် လုံးဝတုံ့ပြန်တယ်၊ ဒါမှမဟုတ် လည်း တစုံတရာ တုံ့ပြန်မှုရှိတယ်၊ ဒါမှမဟုတ် ရောဂါကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် ကင်ဆာက ဆက်ရှိနေသေးတယ်၊ ဒါပေမယ့် ဆက်ပြီး မကြီးထွားတော့၊ မပြန့်ပွားတော့ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

ရှင်သန်နှုန်းဆိုင်ရာ ကိန်းဂဏန်းများကို အသုံးပြု၍ ရောဂါ၏ ရှေ့အလားအလာကို ဆုံးဖြတ်ခြင်း

ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ အခြေအနေကောင်းတွေရှိနေတာကို “favorable prognosis” လို့ ခေါ် ပါတယ်။ ဥပမာအားဖြင့် ဝှေးစေ့ကင်ဆာ (testicular cancer) ရဲ့ overall 5-year relative survival rate ဟာ ၉၅% ဖြစ်ပါ တယ်။ ဆိုလိုတာက အဲဒီကင်ဆာအမျိုးအစား ဖြစ်ပွားတဲ့ အမျိုးသားအများစုဟာ “favorable prognosis” ရှိတယ်လို့ ပြောလို့ ရပါတယ်။ 

ရောဂါရဲ့ ရှေ့အလားအလာ (prognosis) ဟာ ကင်ဆာရဲ့ အဆင့်ဘယ်လောက် ရောက်နေပြီ ဆိုတဲ့အပေါ်မှာလဲ မူတည်ပါတယ်။ ဥပမာအားဖြင့် အူမကြီးကင်ဆာ အစောပိုင်းအဆင့် (early-stage colorectal cancer) ဝေဒနာရှင်တွေ အတွက် 5-year relative survival rate ဟာ ၉၀% ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါရင့်သွားတဲ့ အဆင့် (advanced-stage) မှာ တော့ ၁၄% ကို ကျဆင်းသွားပြီ ဖြစ်ပါတယ်။  

ရှင်သန်နှုန်းဆိုင်ရာ ကိန်းဂဏန်းများကို အသုံးပြု၍ ကုထုံးနည်းလမ်းများကို သုံးသပ်အကဲဖြတ်ခြင်း

ကင်ဆာ ဆရာဝန်တွေဟာ 5-year relative survival rate တွေကို အသုံးပြုပြီး ကင်ဆာကုထုံးတွေကို နှိုင်းယှဉ်တာ၊ သုံးသပ်အကဲဖြတ်တာတွေကို ဆောင်ရွက်လေ့ရှိပါတယ်။ ရှင်သန်နှုန်းဟာ အောက်မှာပြောထားတဲ့ အချက်နှစ်ချက် ကို စဉ်းစားဖို့အတွက် အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။

ကင်ဆာဟာ ကုထုံးအပေါ် တုံ့ပြန်မှု ရှိ၊ မရှိ ကုထုံးဟာ ဝေဒနာရှင်ရဲ့ သက်တမ်းကို အောင်အောင်မြင်မြင် ဆွဲဆန့်နိုင်ခြင်း ရှိ၊ မရှိ 

ဆရာဝန်တွေအနေနဲ့ ဘယ်ကုထုံးက ဝေဒနာရှင်အတွက် အကျိုးဖြစ်ထွန်းမှု အရှိဆုံးလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အတွက်လည်း ရှင်သန်နှုန်းဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းတွေ က အကူအညီပေးပါတယ်။ ဆရာဝန်တွေဟာ ရှင်သန်နှုန်း ကိန်းဂဏန်းတွေကို အခြေတည်ပြီး ကုထုံးကြောင့် ဖြစ်လာနိုင်တဲ့အန္တရာယ် နဲ့ ကုထုံးရဲ့ အကျိုးဖြစ်ထွန်းမှုကို ချိန်ဆ ကြရပါ တယ်။ ဥပမာအားဖြင့် ကင်ဆာကုထုံးတစ်ခုဟာ ကင်ဆာကုသမှုအပေါ် အလွန်ထိရောက်မှုရှိနိုင်တဲ့ တပြိုင်နက်တည်းမှာ ဝေဒနာရှင်အတွက် ဆိုးဝါးတဲ့ဘေးထွက်ဆိုးကျိုးလည်း ရှိနေနိုင်ပါတယ်။ ဆရာဝန်က ဒီနှစ်ခုကို ချိန်ဆရပါတယ်။ 

စာရင်းအင်း ကိန်းဂဏန်းတွေဟာ ကင်ဆာကုသရေးအတွက် အ‌ရေးကြီးတဲ့ အချက်အလက်တွေအဖြစ် အကူအညီ ပေးပါတယ်။ ဒါပေမယ့် ကင်ဆာကို ကုသရာမှာ အဲဒီ စာရင်းအင်း ကိန်းဂဏန်းတွေကိုချည်း သတ်သတ် အသုံးပြုတာတော့ မဟုတ်ပါဘူး။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....