အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ
မွေးမြူရေးသတင်း

ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ

"ကျွန်တော်တို့ ရောင်းတော့ ကျပ် ၁၆,၀၀၀ တောင် မဝယ်ချင်ကြဘူး။ ပြန်ဝယ်စားတော့ ဈေးက နှစ်ဆ ပြန်ပေးရတယ်။ တကယ် အရင်းအနှီး၊ အချိန်၊ လုပ်အားစိုက် အရဲစွန့်လုပ်ရတဲ့ မွေးမြူသူတွေက ရှုံးပြီး အဝယ်တော်တွေ၊ ဝက်ဒိုင်တွေပဲ အကျိုးအမြတ် ရနေတာ။ အတော်ဆိုးတယ်" ဟု ဝက်မွေးမြူရေး လုပ်ကိုင်သူ ကိုစိုးမြင့်က ပြောသည်။

AMIA AMIA • 18/11/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (9-13.10.2026)
စိုက်ပျိုးရေးသတင်း

တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (9-13.10.2026)

ရက်သတ္တပတ်အတွင်း ပဲတီစိမ်း (အညာ) တစ်တန်လျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင် ဈေးကျဆင်းသွားသည်။ ပဲတီစိမ်း (အညာ) တစ်တန်လျှင် ကျပ် ၄,၁၈၀,၀၀၀ ကျော်မှ ကျပ် ၄,၁၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

AMIA AMIA • 16/11/2026
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ
စိုက်ပျိုးရေးသတင်း

ကြက်သွန်နီဈေး ဆက်တိုက်တက်နေ

"ကြက်သွန်ဈေးကတော့ ဆက်တိုက် တက်နေပြီ။ မိုးကြက်သွန်ကလည်း မဝင်သေးတော့ ခက်နေတာ" ဟု ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောသည်။

AMIA AMIA • 15/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
အတွေးအမြင်ဆောင်းပါး

ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)

ရေ “ပမာဏ/အရေအတွက်” ရရှိမှု (Water Quantity Supply) – ကမ္ဘာ့ရေသုံးမှုနှုန်း အပေါ် အခြေခံ၍ ကျွန်ုပ်တို့သည် မြေအောက်ရေနှင့် မျက်နှာပြင်ရေ နှစ်မျိုးလုံးကို ကုန် ခမ်းစေနေပြီး ဒေသများစွာတွင် ရေကန့်သတ်ချက်များ (ပုံမှန်အားဖြင့် စိုက်ပျိုးရေးနှင့် လူနေအိမ်၊ ဆည်မြောင်းများ ပါဝင်သည်) ကို ကျင့်သုံးရန် လိုအပ်လာပါသည်။

ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် • 10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
မိုးလေဝသသတင်း

နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ

တရုတ်ပြည်မဘက်မှ ဆင်းလာသော လေအေးနှင့် အရှေ့ဘက်/တောင်ဘက်မှ တက်လာသော အရှေ့လေပွေလှိုင်း (Strong Easterly Wind- စိုထိုင်းဆများ) တို့ ပွတ်တိုက်မိခြင်းကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း နှင့် မကွေးတိုင်း ဒေသအချို့တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်ပါမည်။ အထူးသဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် ရှမ်းနှင့် မန္တလေးတိုင်းတို့တွင် မိုးသည်းထန်မှု အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပါသည်။

ဦးဝင်းနိုင် ဦးဝင်းနိုင် • 09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
ပိုးမွှားရောဂါ

အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး

သရက်ခြံများကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ခန့် ပိုးမျှင်ဖွဲ့နေသော အရွက်များနဲ့ အညွှန့်များ ရှိ/မရှိကို ပုံမှန် စစ်ဆေးပေးသင့်ပါတယ်။

ဇင်ထူးနိုင် ဇင်ထူးနိုင် • 09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
စိုက်ပျိုးရေးသတင်း

တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)

လက်ရှိတွင် မြန်မာနိုင်ငံ ဈေးကွက်အတွင်း ပဲစဉ်းငုံ FOB ဈေးမှာ တန့်နေသော်လည်း ပြည်တွင်းဈေးမှာ မြင့်တက်လာသည်။ ရက်သတ္တပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၃၃,၀၀၀ ကျော် မြင့်တက်သွားသည်။

AMIA AMIA • 06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
မိုးလေဝသသတင်း

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)

ဖိလစ်ပိုင်ပင်လယ်မှ တိုက်ခတ်လာသော အရှေ့လေပွေလှိုင်းနှင့် တရုတ်လေဖိအားမြင့်ရပ်ဝန်းမှ ဆင်းသက်လာသော လေစီးကြောင်းများ နိုဝင်ဘာ ၈ ရက် ညနေပိုင်းမှစတင် ဝင်ရောက်လာမည်ဖြစ်ကာ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နမ္မတူ၊ သီပေါ၊ ကျောက်မဲနှင့် လားရှိုးဒေသများ၌ နေရာအနှံ့အပြား မိုးအလွန်သည်းထန်စွာ (တစ်ရက်လျှင် ၅၀ မှ ၈၀ မမ ကျော်အထိ) ရွာသွန်းနိုင်ပါသည်။

ဦးဝင်းနိုင် ဦးဝင်းနိုင် • 06/11/2026
 GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ ဗီဒီယို
အခွင့်အလမ်း

GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ

ဒီကာလမှာ တောင်သူတွေ စိတ်ပူနေကြတာ တစ်ခုရှိပါတယ်။ ဒါကတော့ ဖုန်းတည်နေရာ ဖွင့်ရမှာကိုပါ။ အစိမ်းရောင်လမ်း App မှာ အရင်က မိုးလေဝသကြည့်ရင် တည်နေရာဖွင့်ရပါတယ်။ အခုတော့ မလိုတော့ပါဘူးနော်။ ဘယ်လိုလုပ်ရမလဲ ဒီဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

Green Way Green Way • 06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
မိုးလေဝသသတင်း

နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်

နိုဝင်ဘာ ၉ နှင့် ၁၀ ရက်များတွင် မိုးသည်းထန်ခြင်းကြောင့် ရပ်ကွက်တွင်း ရေနုတ်မြောင်းများ မနိုင်ဘဲ မြို့ပြရေကြီးရေလျှံမှု (Urban Inundation) ဖြစ်ပေါ်နိုင်ခြင်း၊ မိုးလွန်ကာလ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ဦးဝင်းနိုင် ဦးဝင်းနိုင် • 05/11/2026
 မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
မြေဆီလွှာ

မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?

မြေဆီလွှာ ခွဲခြမ်းစိတ်ဖြာစစ်ဆေးရန်အတွက် မြေဆီလွှာနမူနာ ကောက်ယူခြင်းကို သီးနှံရိတ်သိမ်းပြီးချိန်နှင့် မြေဩဇာ မကျွေးမီအချိန်၊ မြေဆီလွှာအစိုဓာတ် သင့်တော်မျှတသည့် အခါမျိုးတွင် ပြုလုပ်ရန် သင့်လျော်ပါသည်

ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း • 05/11/2026
ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်
စိုက်ပျိုးရေးသတင်း

ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်

ပြောင်းဈေးမှာ ယခုထက်မက ထပ်မံတက်ဦးမည်ဖြစ်၍ တောင်သူများအနေဖြင့် ခြွေလှေ့ကျိတ်ခွဲပြီးပါက အကုန်မရောင်းသင့်ကြောင်းနှင့် ၆၀ ရာခိုင်နှုန်းခန့် လှောင်ထားသင့်ကြောင်း ဈေးကွက်နားလည်သူ အချို့က သုံးသပ်ထားခြင်းများလည်း ရှိသည်။

AMIA AMIA • 05/11/2026
ငါးဗျားငါး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
မွေးမြူနည်း

ငါးဗျားငါး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ

ငါးဗျားသည် ရေချိုနှင့် ရေငန်စပ် ဂေဟစနစ်တွင် အရေးပါသော ရေနေသတ္တဝါတစ်မျိုး ဖြစ်သည်။ ၎င်းသည် အပူပိုင်း အင်ဒို-ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းများ၊ ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းများတွင် အုပ်စုလိုက် ကျက်စားလေ့ရှိသည်။ င

နှင်းဖြူဖြူ နှင်းဖြူဖြူ • 04/11/2026

နောက်ဆုံး ဆက်စပ်မေးခွန်းများ

မတ်ပဲပင်၃၅ရက်သား Npkအားဆေးဘယ်လောက်ဖျန်းဖျန်းမကြီးလာတော့လို့ ဘာဆေးပြောင်းဖျန်းသင့်လဲ ဆရာ

Saw Samson • ဖြေကြားချက် 0 ခု

ဥစိုက်ကို အပင်သိပ်မဖြသ်လို့ပါဗျ၊ 8 ရက်နေ့ကနေ 11ရက်နေ့ထိရွာတဲ့မိုးမာ ရေဝပ်တဲ့နေရာလေးတွေက အပင်သိပ်မတက်ပဲ ပြာတာတာလေးတွေဖြစ်နေလို့ပါဗျ ပုလဲတော့ကျွေးထားတယ်ဗျ ပုလဲရယ် ငါးအမိုင်နိုရယ် ဆားခါးရယ် လက်ချားရယ်တွဲဖြန်းလို့ရလားဗျ အပင်မဖြစ်သေးဘဲ ဥချချင်နေလို့ဗျ

andrich • ဖြေကြားချက် 1 ခု

မိုးတွေ က မြေကြီး ခြောက်ခါနီးရင် ပြန်ပြန်ရွာနေလို့ မတ်ပဲ/ပဲတီစိမ်းက ရာသီ မမှီရင် ပဲ မကောင်းဘူးလို့ ပြောလို့ ဟုတ်လားပြ တန်ဆောင်မုန်းလမှ အမှီ မစိုက်နိုင်ရင် ပဲမဖြစ်ထွန်းတော့ဘူးပြောတယ် ဟုတ်တယ်ဆိုလဲ ဘယ်လို မျိုး လုပ်သင့်တယ် အကြံဉာဏ်လေး ပေးကြပါအုန်း

Aung Myint Mo • ဖြေကြားချက် 1 ခု

ဘက်တီးရီးယားပိုရောဂါကျရောက်မှုဖြစ်ပွားပြီးအပင်ထွက်နှုန်းလျော့နည်း

ဇာနည်ဖြိုး • ဖြေကြားချက် 1 ခု

ပဲကျဲပက်ချိန်တွင် ထရိုင်ဂိုဒါးမားကိုလူးနယ်ကျဲပက်ထား ပါလျှင် ဘယ်နှစ်ရက်သားမှာ တကြိမ်ထပ်ပီး ဖျန်းလို့ရပါလဲ ခင်ဗျ့

ငြိမ်းချမ်း ကျော် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။