သစ်ကြံပိုး
မြန်မာအမည် - သစ်ကြံပိုး
အင်္ဂလိပ်အမည် - Ceylon Cinnamon
ပုံသဏ္ဌာန် -
အပင် - အမြဲစိမ်းလန်း၍ အနံ့ရှိသော အပင်ကြီးမျိုးဖြစ်သည်။ အပင်ရိုင်းသည် ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ အပင်ရိုင်းသည် ဝေဝေဆာဆာ ထွက်လေ့ရှိသည်။ နုသောအပိုင်းသည် ချောမွတ်၍ ပိုးသားကဲ့သို့ နူးညံ့သော အမွှေးများဖြင့် ဖုံးလွှမ်းနေသည်။
အရွက် - ရွက်ဆိုင်ထွက်သည်။ ဘဲဥပုံ၊ လုံစွပ်ပုံဖြစ်သည်။ ရွက်ရင်း ဝိုင်း၍ ရွက်ဖျားချွန်သည်။ ရွက်ပြားအပေါ်မျက်နှာပြင် ပြောင်ချောသည်။ အောက်မျက်နှာပြင် စိမ်းညိုရောင်ရှိသည်။ ရွက်ကြော ၃ – ၅ ခုရှိ၏ ။ ရွက်နုသည် ပန်းရောင်ရှိ၍ ကြာသော် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွား၏ ။ ပွင့်ညှာရှည်၍ ကိုင်းဖျားမှသော်လည်းကောင်း၊ ကြားဖူးမှ လည်းကောင်းပွင့်သည်။ အပွင့်သေးငယ်သည်။ အဝါဖျော့ဖျော့ရောင်ရှိ၍ စူးရှသော အနံ့ရှိ၏ ။ ပွင့်ဖတ် ခေါင်းလောင်းပုံ ဖြစ်သည်။ တပို့တွဲ၊ တပေါင်းတွင် ပွင့်သည်။ သေးငယ်သည်။ ညိုရောင်သမ်းသော အနီရောင်ရှိသည်။ ရှည်မျောမျောပုံသဏ္ဌာန်ဖြစ်၍ ၂ လက်မ ၃လက်မခန့်ရှည်သည်။ အသီးမှ အဆီထုတ်ယူ ရရှိ၏ ။ နယုန်လမှ သီတင်းကျွတ်လအတွင်း အသီးရင့်သည်။
အခေါက် - အလွန်အဖိုးတန်၏ ။ မွေးကြိုင်သည့် သတ္တိရှိသည်။ ၎င်းအခေါက်မှ အသီးရရှိသည်။ အခေါက်ခါး၏ ။
ပေါက်ရောက်သည့်ဒေသ။ ။ တနင်္သာရီ၊ ချင်းတွင်း အထက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဗန်းမော်၊ ရခိုင်ပြည်နယ်တို့တွင် ပေါက်ရောက်သည်။ မြေနှင့် ရာသီဥတုကို အလွန်ရွေးချယ်သည်။ မိုးရေချိန် ၈၀ လက်မထက် မနည်းသော အပူပိုင်း ရာသီဥတုမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသည်။
ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။
စိုက်ပျိုးပုံ -
(က) မြေအမျိုးအစား။ ။နုန်းတင်မြေနုမျိုးသည် အကောင်းဆုံးဖြစ်သည်။ ဂဝံဆန်သောမြေတွင် စိုက်ပျိုးနိုင်သော်လည်း သဲနုမြေလောက် အရည်အချင်း မကောင်းပေ။
(ခ) စိုက်ပျိုးခြင်း။ ။ အပင်ကြီးသည်အထိ ထားမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ၁၅ပေ ၂၀ပေ အကွာထား၍ စိုက်ရမည်။ အပင်ငယ်တွင် ခုတ်ယူလိုပါက မြေကို အချင်း ၄ပေရှိ စက်ဝိုင်းပုံဖော်ပြီး တစ်စေ့နှင့်တစ်စေ့ ၈ လက်မကွာထား၍ ပတ်လည်စိုက်သွားရမည်။ စက်ဝိုင်းတစ်ခုနှင့်တစ်ခု ဗဟိုချင်း ၁၀ ပေအကွာ ထားသင့်သည်။ အစေ့ကိုစိုက်မည့်အစား အကိုင်းကို အမြစ်ဖော်၍လည်း စိုက်နိုင်သည်။ အစေ့မှ အညှောက်ပေါက်ရန် သုံးပတ်ကြာသည်။
(ဂ) ပြုစုခြင်း။ ။ အပင်ငယ်များနေရာတွင် ဂရုစိုက်၍ အစားထိုးစိုက်ရမည်။ ပေါင်းပင်များ အမြဲရှင်းနေစေပြီး ရေကို လိုသလို သွင်းလောင်းပေးရန်လိုသည်။
(ဃ) စုဆောင်းရယူခြင်း
၁။ ရိတ်သိမ်းခြင်း။ ။အပင်ကို ကြီးသည်အထိထားပါက အမြင့်ပေ ၃၀ မှ ၅၀ ပေအထိထား၍ အပင်ငယ်တွင် အခေါက်ခွာလိုက ၂ နှစ်သားအရွယ် ၆-၈ ပေ အမြင့်တွင် ခုတ်ယူ၍ အခေါက်ခွာယူ နိုင်သည်။ အခေါက်ခွာရာတွင် ကဆုန်လမှ ဝါခေါင်လတွင် တစ်ကြိမ်၊ သီတင်းကျွတ်မှ တန်ဆောင်မုန်းလတွင် တစ်ကြိမ်၊ ပင်ခြေ လက်လေးသစ်ခန့်ချန်၍ ခုတ်သိမ်းရသည်။ ၎င်းငုတ်မှ ဘေးတက်များ ပြန်ထွက်နိုင်သည်။ ပင်စည်ကို ခုတ်ယူပြီးနောက် အရွက်များကို ဖယ်ရှား၍ ပင်စည်အလျားလိုက်၊ ဓားဦးချွန်နှင့် အောက်သို့ထိုးချလိုက်ပြီး ဓားထိပ်ချွန်နှင့် အခေါက်ကို လှန်ခွဲရသည်။
၂။ ပြုပြင်ခြင်း။ ။ ခွာရသော အခေါက်များကို စုပုံပြီး ဂုံနီအိတ်ဖြင့် အလုံဖုံး၍ ချွေးပြန်အောင် တစ်ည သိပ်ထားရသည်။ နောက်နေ့တွင် အခေါက်ပေါ်ရှိ အပွေးများကို ဓားနှင့်ခြစ်ပစ်ပြီး အရိပ်ထဲတွင် ၁၂ ရက်ခန့် အခြောက်ထားခြင်းဖြင့် အခေါက်များ အလိမ်လိုက်ဖြစ်လာသည်။ ထိုအချိန်တွင် ညိုဝါရောင်ပြောင်းသွားသည်။ သစ်ကြံပိုးအဆီကို အခေါက်နှင့်အရွက်များမှ ထုတ်ယူနိုင်သည်။
အသုံးပြုသည့်အစိတ်အပိုင်း။ ။ အခေါက်၊ အဆီ။
အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ သစ်ကြံပိုးအခေါက်သည် ခါး၏ ၊ မွှေး၏ ၊ လေ ၊ သည်းခြေ ၊ ရေငတ်ခြင်း၊ လည်ချောင်းရောင်ခြင်း၊ ပူလောင်ခြင်း၊ ဝမ်းသွားခြင်းနှင့် နှလုံးရောဂါများကို ပျောက်စေနိုင်၏ ။ အဆီသည် သွေးလေတို့ကို ငြိမ်းစေ၏ ။ အကိုက်အခဲနှင့် ရောင်တင်းခြင်း၊ နှုတ်မမြိန်ခြင်း၊ အော့အန်ခြင်း၊ သွေးယိုစီးခြင်းကို နိုင်သည်။
အသုံးပြုပုံ -
အခေါက် -
၁။ လေ၊ သည်းခြေနာ၊ ဝမ်းသွားရောဂါ၊ သွေး၊ ချွေးထွက်လွန်ခြင်းတို့ကို အထူးသဖြင့် နိုင်၏ ။
၂။ အခေါက်မှုန့်ကို ရှားစေးနှင့် ဆတူသောက်ပါက ဝမ်းသွားခြင်း ပျောက်၏ ။
၃။ တုပ်ကွေးရောဂါ၊ ချောင်းဆိုးရောဂါ၊ သုတ်ခန်းခြောက်ခြင်း၊ သွေးဝမ်း၊ ပိတ်ဝမ်းကိုက်ခြင်းတို့တွင် အခေါက်ကို သွေး၍ အခြားဆေးတို့နှင့် ဖက်စပ်တိုက်နိုင်သည်။
၄။ ဟင်းလျာများချုတ်ပြုတ်ရာ၌ သစ်ကြံပိုးအခေါက်ကို ထည့်ချက်လျှင် အစာကြေ၏ ။
၅။ သစ်ကြံပိုးအခေါက်၌ အခံဓါတ်ခေါ် (tannin)ပါသဖြင့် ဝမ်းပျက်ရောဂါနှင့် ဝမ်းတွင်းသွေးယိုစီးသော ရောဂါများ၌ သုံးနိုင်၏ ။
၆။ ဝမ်းတွင်း၌ ပူစေသောကြောင့် အော့အန်ခြင်းနှင့် ပင်လယ်လှိုင်း မမူးစေရန်အတွက်လည်း သုံး၏ ။
၇။ အခေါက်ကို ပြုတ်၍သောက်လျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
၈။ သွေးကိုအားပေးသောကြောင့် White Blood Corpuscles ခေါ် သွေးကောင်းတွင် ပါဝင်သည့် အဖြူသွေးကို တိုးပွားစေသဖြင့် အဆုတ်နာရောဂါကုဆေးအဖြစ် ဖော်စပ်သုံးသည်။
အဆီ -
၁။ အဆီကို သွားကိုက်ရာတွင် သိပ်ပေးပါက ပျောက်၏ ။
၂။ နားအူ၊ နားလေထွက်ခြင်းများဖြစ်ပါက ၎င်းဆီကို ခတ်ပေးလျှင် ပျောက်ကင်း၏ ။
၃။ ဝမ်းတွင်း လေပွသော် အဆီ ၂-၄ စက်အထိ သောက်လျှင် ပျောက်၏ ။
၄။ တိုက်ဖိုက် (Typhoid) ရောဂါဖြစ်သော် အဆီ ၂စက်ခန့် တစ်နေ့နှစ်ကြိမ် သို့မဟုတ် ၃ကြိမ်ခန့် သောက်ရ၏ ။
ကိုးကား - မြန်မာ့ဆေးဝါးပင်များ
min thi ha
လွန်ခဲ့သော ၅ နှစ် ကဆီးချို ရောဂါအတွက် အသုံးပြု လို့ရပါသလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....