အစိမ်းရောင်လမ်း
လူသိနည်းတဲ့ မနက်စာမစားခြင်းရဲ့ ဆိုးကျိုးများ

လူသိနည်းတဲ့ မနက်စာမစားခြင်းရဲ့ ဆိုးကျိုးများ

မနက်စာမစားတဲ့အလေ့အထဟာ ယနေ့ခေတ်လူအများစုပြုလုပ်မိနေတဲ့ အမှားကြီးတစ်ခုလို ဆိုရပါမယ်။ မနက်ပိုင်းမှာ ရုံးတွေ၊ ကျောင်းတွေကြောင့် အချိန်မရလို့ မစားဖြစ်တာ အိပ်ယာထနောက်ကျတာစသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ မနက်စာ မစားဖြစ်ကြတာများပါတယ်။ တကယ်တော့ တစ်နေ့တာကို အားအင်အပြည့်နဲ့ကျန်းမာစွာဖြတ်သန်းနိုင်ဖို့ အာဟာရရှိတဲ့မနက်စာတစ်ခုစားသုံးပေးရမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူအများစုလုပ်မိနေတဲ့ မနက်စာမစားခြင်းကြောင့် ခန္ဓာကိုယ်အပေါ်သက် ရောက်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းပြောပြပေးချင်ပါတယ်။

() ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်

ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာမှုစစ်တမ်းတွေအရ မနက်စာပုံမှန်းမစားဖြစ်တဲ့သူတွေဟာ သာမာန်လူတွေထက် ဆီးချိုရောဂါ ၂ မျိုးဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်သွေးတွင်း သကြားဓာတ်ကို ကမောက်ကမဖြစ်စေပြီး သကြားဓာတ် ပါဝင်တဲ့အစားအစာတွေကို အများကြီးစားသုံးမိတက်ပါတယ်။ ထိုအခါခန္ဓကိုယ်ထဲက အင်ဆူလင်ခုခံနိုင်စွမ်းကို ကျဆင်းစေပြီး ဆီးချိုရောဂါ ဖြစ်ပွာနိုင်ခြေပိုများလာဖြစ်ပါတယ်။

() အဝလွန်ခြင်းကိုစေနိုင်တယ်

ဝိတ်ကျဖို့အစားလျော့စားရမယ်ဆိုတာမှန်ပေမယ့် မနက်စာရှောင်ခြင်းကတော့ သင့်ကိုပိုပြီးဝိတ်တက်လာစေမှာ ဖြစ်ပါတယ်။ မနက်မစားပဲနေမယ်ဆိုရင် ခန္ဓာကိုယ်သွေးတွင်းသကြားဓာတ်ကလျော့နည်းနေပြီး ဆာလောင်မှုပိုဖြစ်စေကာ နေ့လည် ဘက်မှာ အစားတွေပိုစားမိစေမှာဖြစ်ပါတယ်။ ဒီအချက်က သင့်ကိုဝိတ်တက်စေမယ့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် အဝလွန်ရောဂါကာကွယ်ဖို့ မနက်စာပုံမှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၃) ဦးနှောက်စွမ်းရည်ကျဆင်းစေတယ်

ဦးနှောက်ဟာခန္ဓာကိုယ်တစ်ခုလုံးမှာ အလုပ်လုပ်ရဆုံးအပိုင်းတစ်ခုဖြစ်ပြီး ညဘက်မှာတောင်ခန္ဓာကိုယ်ကအိပ်စက်နေပေမယ့် ဦးနှောက်က အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ဦး နှောက်အတွက်လိုအပ်တဲ့ အစာအဟာရဓာတ်ကို ပုံမှန်ဖြည့်တင်းပေးဖို့က အရမ်းကို အရေကြီးပါတယ်။ အကယ်၍မနက်စာ မစားဘူးဆိုရင်သွေးတွင်းသကြားဓာတ်နည်းနေပြီး ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကလည်းလျော့ကျလာမှာဖြစ်သလို မှတ်ဉာဏ် စွမ်းရည်ကိုလည်းထိခိုက်စေမှာဖြစ်ပါတယ်။

() ခန္ဓာကိုယ်ရဲ့စွမ်းအားတွေကျဆင်းစေတယ်

တစ်နေ့လုံးလန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်ဖို့ အဟာရရှိတဲ့ မနက်စာစားသုံးပေးဖို့ လိုအပ်ပါတယ်။ တစ်ညတာလုံးအိပ်စက်ထားတဲ့အတွက် ခန္ဓာကိုယ်မှာ အစာအဟာရဓာတ်ပြန်လည်ဖြည့်တင်းဖို့လိုနေတာဖြစ်ပြီး မနက်စာစားခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ Energy တွေကို ပြန်လည် ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ တစ်နေ့တာလုံးအင်အားကုန်ခမ်းပင်ပန်းနွယ်းနယ်စေပြီး စိတ်ဖိစီးမှုပမာဏကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

 

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

မောင်အောင်ကိုကိုလတ်

မောင်အောင်ကိုကိုလတ်

လွန်ခဲ့သော ၅ နှစ် က

ထမင်း မဟုတ်ပဲ တခြား အစားအစာတွေစားမယ်ဆိုရင်ရော

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....