ကိုယ်ဝန်ဆောင်မိခင်များ ကန့်သတ်စားသုံး သို့မဟုတ် ရှောင်ကြဉ်ရမည့် အစားအစာများ
ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန်တက်လာခြင်းသည် ပုံမှန်ဖြစ်သော်လည်း ထိုတက်လာသော ကိုယ်အလေးချိန်သည် ဘေးကင်းကျန်းမာသော ကြယ်လေးပွင့် အာဟာရအုပ်စုများ စားသုံးခြင်းကြောင့် တိုးတက်လာမှုသာ ဖြစ်သင့်သည်။

ကလေးမွေးဖွားပြီးသောအခါ နို့တိုက်မိခင်သည် မိခင်နို့ထုတ်လုပ်ပြီး ထိုမှတစ်ဆင့် ကလေးအား အာဟာရပြည့်ဝစွာ ရရှိနိုင်စေရန်အတွက် ကြယ်လေးပွင့် စုံလင်စွာ စားသောက်ရန် လိုအပ်သည်။ အချို့အစားအစာများကို အကန့်အသတ်ဖြင့်သာ စားသုံးသင့်ပြီး တချို့အစားအစာများကို လုံးဝရှောင်ကြဉ်သင့်သည်။
အကန့်အသတ်ဖြင့်သာ စားသုံးသင့်သည့် အစားအစာများတွင် ကဖင်းဓာတ်ပါဝင်သည့် ကော်ဖီ၊ လက်ဖက် ရည်၊ စွမ်းအားဖြည့် အချိုရည်များနှင့် အချိုရည်များ ပါဝင်သည်။
ကဖင်းဓာတ်ကို ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူပြီး အချင်းမှတဆင့် မမွေးဖွားရသေးသော သန္ဓေသားဆီသို့ ရောက်ရှိသွားစေပြီး သန္ဓေသားထံတွင် ကဖင်းဓာတ်မြင့်မားမှုကိုခံစားရမည်။
ကဖင်းဓာတ်များခြင်း (တစ်နေ့လျှင် ၂၀ဝ ဂရမ်ထက် ပိုမိုသောပမာဏ)သည် သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုကို တားဆီးစေပြီးပေါင်မပြည့်သည့် ကလေးမွေးဖွားမှုဖြစ်စေနိုင်သည်။ ကဖင်းဓာတ်သည် မိခင်နို့မှ တစ်ဆင့် ကလေးဆီသို့ ရောက်ရှိနိုင်သည်။ လုံးဝမသောက်သုံးသင့်သည့် အရာများတွင် အရက်ပါဝင်သည်။
ရှောင်ရှားသင့်သည့် အစားအစာများတွင် ငါးအစိမ်း သို့မဟုတ် မကျက်တကျက် ငါး၊ အထူးသဖြင့် အခွံမာရေသတ္တဝါနှင့် အစိမ်း၊ မကျက်တကျက် သို့မဟုတ် ထုပ်ပိုးထားသော ဝက်အူချောင်းများစသည့် တာရှည်ခံအောင်လုပ်ထားသော အသားများပါဝင်သည်။
ဤအစားအစာများသည် Norovirus Vibrio၊ Salmonella နှင့် Listeria စသည့် ပိုးမွှားများ အပါအဝင် ကူးစက် ရောဂါများ ဖြစ်စေနိုင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အထူးသဖြင့်Listeria ရောဂါပိုးကူးစက်ခံရနိုင်ချေ များသည်။ မိခင်အနေဖြင့် မည်သည့်ရောဂါလက္ခဏာမျှ မခံစားရသော်လည်းListeria သည် မိခင်၏အချင်းမှတဆင့် မမွေးဖွားရသေးသော သန္ဓေသားဆီသို့ ကူးစက်သွားနိုင်သည်။
ထိုသို့ကူးစက်သွားလျှင် လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ခြင်း သို့မဟုတ် ကလေးအသေမွေးဖွားခြင်းနှင့် အခြားပြင်းထန်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်စေသည်။ အသားငါးအားလုံးကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးသင့်ပြီး ဟင်းအကျန်များကို ပွက်ပွက်ဆူသည်အထိ အပူပေးပြီးမှသာ စားသင့်သည်။
ကြက်ဥ၊ ဘဲဥစသည့် ဥအမျိုးမျိုးကို အစိမ်းစားသုံးခြင်းသည်Salmonella ရောဂါပိုးများ ပါစေနိုင်ပြီး ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း စသည်တို့ ဖြစ်စေနိုင်သည်။ ရောဂါပြင်းထန်လျှင် သားအိမ်ကျုံ့ခြင်းဖြစ်စေပြီး လမစေ့သည့် ကလေးမွေးဖွားခြင်းနှင့် ကလေးအသေ မွေးဖွားခြင်းတို့ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကြက်ဥ၊ ဘဲဥများကို အမြဲကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးသင့်သည်။
တာရှည်ခံအောင်ပြုပြင်မွမ်းမံထားသည့် အစားအစာများသည် ယေဘုယျအားဖြင့် အာဟာရဓာတ်နည်းပါးပြီး သကြားဓာတ်၊ ဆား၊ ကယ်လိုရီ၊ ဆိုးဆေးနှင့် ထပ်တိုးအဆီများ ပါဝင်မှုမြင့်မားသည်။ မြင်တွေ့နေကျ ကြာရှည်ခံ အစားအစာများတွင် ကြွပ်ရွသော သားရေစာများ၊ ချိုချဉ်၊ ဂျယ်လီ၊ ကိတ်မုန့်များနှင့် သစ်သီးဖေျာ်ရည်များ၊ အိုဗာတင်း၊ ကော်ဖီမစ် သို့မဟုတ် တီးမစ်နှင့် အချိုရည်များ စသဖြင့် သကြားပါသော သောက်စရာများ စသည်တို့ ပါဝင်သည်။
အသင့်စားဖွယ်ရာများသည် လူတို့၏ အစာအိမ်များကို ကြယ်လေးပွင့် အစာအုပ်စုများမှ ကျန်းမာသော အစားအစာများဖြင့် ဗိုက်ပြည့်စေမည့်အစား မကျန်းမာစေသော အစားအစာများဖြင့် ဗိုက်ပြည့်စေသည်။ အသင့်စားပြုပြင်မွမ်းမံထားသော အစားအစာများသည် ရေရှည်ကျန်းမာရေးပြဿနာဖြစ်နိုင်သည့် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် ဆက်စပ်နေသည်။
ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းကို ထိန်းချုပ်ရန် အမျိုးသမီးတစ်ယောက်သည် ကျန်းမာရေးနှင့် ညီညွှတ်မျှတသော အစားအစာကို စားသုံးသင့်ပြီး သူမ၏နေ့စဉ်ဘဝတွင် ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိလျှင် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်သည်။
ဤရှောင်ကြဉ်မှုအများစုသည် အချက်အလက်များပေါ်တွင် အခြေခံထားခြင်းမဟုတ်သော်လည်း လူအများ၏ အပြုအမူကို ပြောင်းလဲရန် ခက်ခဲသည်။
ထို့ကြောင့် အစားအစာတစ်မျိုးကို ရှေးရိုးစွဲ အကြောင်းပြချက်ကြောင့် မစားသင့်ဟု ကန့်သတ်ထားလျှင် ထိုအစားအစာများနေရာတွင် တူညီသောအာဟာရဓာတ်များ (အသားဓာတ်၊ ကစီဓာတ်များနှင့် အဆီဓာတ်) နှင့် သို့မဟုတ် အနည်းလိုအာဟာရဓာတ်များ (အိုင်အိုဒင်း၊ သံဓာတ်နှင့် ဗီတာမင်အေ) စသည်တို့ဖြင့် အစားထိုးရန်အတွက် သားဖွားဆရာမ သို့မဟုတ် အရန်သားဖွားဆရာမအနေဖြင့် မိခင်နှင့် ခင်ပွန်း/မိသားစုဝင်များနှင့် ဖြစ်နိုင်သောအဖြေများကို ကူညီဆွေးနွေးပေးသင့်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026