"မိုးရာသီတွင်ပေါများ…...အင်ဥများ"
အင်ဥဆိုတာ အင်ပင်တွေရဲ့အောက်မှာ အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ အင်ပင်အောက်ခြေအနီးအနားမှာပေါက်တဲ့ မှိုတစ်မျိုးဟုလည်း အလွယ်ခေါ်ကြပါသည်။
အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့၌ ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင်တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥများ ပေါများစွာ တွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးတွင် (၁)ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျ မသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။
အင်ဥတူးသူများမှာ မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့် ကလော်ယူကြပြီး ရရှိလာသော အင်ဥများကို စုဆောင်း၍ (၂)နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောသန့်စင်ပါက ပိုမိုလွယ်ကူကြောင်းသိရပါသည်။ ထူး၍ ရရှိလာသော အင်ဥကို နေ့မကူးခင် ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွားပါက ရင့်သွား၍ သိပ်စားမကောင်းတော့ပါ။
ဒေသခံများမှ ဗဟုသုတအနေဖြင့် အင်ဥနှင့် သစ်ယာဥများ ဆင်တူကြသော်လည်း များစွာကွဲပြားကြကြောင်း ဆိုကြပါသည်။ အင်ဥမှာ အခွံ အမဲ (သို့) အညိုရောင်ရှိကြပြီး ရေဆေးရ အရမ်းခက်လောက်အောင် မြေကြီးသား မကပ်ကြပေ။ အင်ဥလုံးလေးတွေကို ရေနဲ့သေချာပွတ်ဆေးလျှင်လည်း အလုံးလေးတွေ မကွဲတတ်ကြပါ။ သို့သော် သစ်ယာဥမှာ သဲအမဲရောင်အများကြီး ထူပစ်နေအောင် ကပ်နေသောကြောင့် ရေအများကြီးဆေးရပြီး အခွံကျွတ်ဆတ်ဆတ်နဲ့မို့ ရေဆေးလို့ လက်နဲ့ ကွဲထွက်သွားပြီး အရသာလည်း အင်ဥလောက် စားမကောင်းကြောင်း သိရပါသည်။
အင်ဥမှာ မှိုမျိုးနွယ်ဝင်မြေအောင်း မှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသည့် အာဟာရဓါတ်များ ပါဝင်ပါသည်။
အင်ဥတွင် Vitamin – B, Vitamin – D, Potassium,Copper,Selenium နှင့် Antioxidant တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Protein, Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။
(၁) အသားဓါတ် (Protein )အများအပြားပါဝင်သည့်အတွက် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သည့် Amino acid တွေကို ဖြည့်ဆည်းပေးပါသည်။
(၂) Fiber (အမျှင်ဓါတ်) ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။
(၃) အင်ဥတွင် Antioxidants များ ပါဝင်သောကြောင့် ကင်ဆာရောဂါ၊ ဆီးချိုရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးပါသည်။
(၄) အင်ဥသည် ရောင်ရမ်းမှုကို လျော့ကျစေသကဲ့သို့ အသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်ပါသည်။
(၅) အင်ဥတွင် Antioxidantsနှင့် Amino acid ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တက်စေပြီး Copperပါဝင်သောကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေပါသည်။
(၆) ကိုယ်အလေးချိန်မြင့်တက်စေသော Cholestrols နှင့် Carbohydrateပါဝင်မှုနှုန်းနည်းပါးပြီး အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးရောဂါဆိုင်ရာပြဿနာနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ္်ပေးပါသည်။
သတိပြုရန်အချက်များမှာ -

(၁) မှိုနှင့် ဓါတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါရှိသူနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနှင့် လည်း ချင့်ချိန်စားသုံးသင့်ပါသည်။
(၂) အင်ဥကို တညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျောက်ငိုသီး၊ ကဏန်း၊ ဖားသား၊ မျှစ်ချဥ်၊ ပုစွန်ချဥ်၊ ငါးချဥ်၊ ဒူးရင်သီး၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့် တွဲဖက်မစားသင့်ပါချေ။ အစာအဆိပ်သင့်၍ မူးဝေအော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။
(၃) ကလေးမွေးပြီးစ သားသည်မိခင်များအနေဖြင့်လည်း "မှိုတစ်နှစ်၊ မျှစ်တစ်လ" မစားသင့်ဟု ဖတ်မှတ်ရဖူးပါသည်။
အရသာရှိလှသော အင်ဥကို ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသက်သက်လွတ်ဟင်း၊ အင်ဥသုပ်၊ အင်ဥမျှစ်ဆူးပုတ်ချက်တောဟင်းချို၊ အင်ဥငပိရည်ချက် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။
အင်ဥဟင်းချက်နည်းမှာ

၁။ အင်ဥကို အရင်ဆုံး ရေစိမ်ထားရပြီးနောက် ရေနှင့် (၄-၅)ကြိမ် ဇကာနဲ့တိုက်၍ ပြောင်စင်အောင် အင်ဥ(၁)လုံးချင်းစီကို သေချာဆေးရပါမည်။ သို့မှသာ အင်ဥတွင် ကပ်နေသော မြေကြီးများ ပြောင်စင်မည်ဖြစ်သည်။
၂။ ရေဆေးထားသော အင်ဥကို ထက်ခြမ်းခွဲပြီး ရေနွေနဲ့ ထပ်ပြုတ်ကာ ရေစစ်ထားရပါမည်။
၃။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ရောထောင်းထားရပါမည်။
၄။ ပြီးနောက် ရေစစ်ထားသော အင်ဥကို အရသာမှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးထောင်းတို့ဖြင့် ရောနယ်ပေးရပါသည်။
၅။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာပြီဆိုပါက စောနက အဆာပလာတွေနဲ့ ရောနယ်ထားတဲ့ အင်ဥကို ထည့်ရပါမည်။ ရေ(၂)ကြိမ်၊ (၃)ကြိမ် ခမ်းသည်အထိ တည်ပြီးပါက အရသာရှိလှတဲ့ မိုးရာသီစာ အင်ဥဟင်းလေး ကျက်ပါပြီ။
ဟင်းအိုးချခါနီးမှာ ပန်းငရုတ်ပွတောင့်ကို ခွဲပြီးထည့်ချက်လို့ရသလို ငပိကြိုက်ပါကလည်း ဆီသတ်သည့်အချိန်အနည်းငယ်ထည့်လို့ ရပါတယ်။ အဖိုးနည်းပြီး ခံတွင်းမြိန်စရာ အင်ဥဟင်းတစ်မည်ဖြစ်ပါသည်။
ထိုကဲ့သို့ အရသာရှိလှပြီး (၁)နှစ်မှာ (၁)ကြိမ်သာပေါ်သော ရာသီစာအင်ဥအကြောင်းကို လေ့လာထားသမျှ ရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် ကအင်ဥ က စိုက်ပျိုးလို့ မရသေးပါ။သဘာဝအတိုင်းပေါက်တာပါ
နေမင်းမြတ်
လွန်ခဲ့သော ၅ နှစ် ကအလင်းပြပေးပါလား
နေမင်းမြတ်
လွန်ခဲ့သော ၅ နှစ် ကအင်ဉကိုဘယ်လို့စိုက်ရတာလဲ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026