ဆေးဖက်ဝင်တဲ့ ကပ်စေးနှဲ (နွားမြီးကပ်)
၁။ မျိုးရင်း ။ ။ Malavaceae (ခေါင်ရမ်းမျိုးရင်း)
၂။ ရုက္ခဗေဒအမည် ။ ။ Urena Lobata Linn
၃။ အခေါ်အဝေါ် -
(က) မြန်မာအမည် - ကပ်စေးနှဲ (နွားမြီးကပ်)
(ခ) အင်္ဂလိပ်အမည် - Aramina Fibre
(ဂ) ချင်းအမည် - Popee
၄။ ပုံသဏ္ဌာန် -
အပင်
ပင်ငယ်မျိုးဖြစ်၍ အချို့ဒေသများ၌ ၁၂ ရာသီလုံးပေါင်း၏။ ၃ ပေ ၅ ပေထိမြင့်၍ အကိုင်းအခက် မာကျော၏။ အမွေးထူ၏။ ဆူးကောက်လေးများရှိ၏။
အရွက်
ရွက်လွှဲထွက်သည်။ အရွက်ဝိုင်း၍ ရွက်နားပတ်လည် မညီညာသော အဟိုက် ၅-၇ ရှိသည်။ ရွက်ထိပ်ချွန်သည်။ အရွက်ကြောများ ရွက်ရင်းမှစ၍ ဖြာသည်။ ရွက်ညှာနှင့် အရွက်ထက်အောက် မျက်နှာပြင်နှစ်ဖက်လုံး၌ အမွှေးများရှိသည်။ ရွက်နားခွေးသွားစိပ်ရှိသည်။
အပွင့်
ရွက်ညှာတံရင်းမှ ၁-၂ ပွင့်ထွက်၏။ အတွင်းဘက်ဝါ၍ အပြင်ဘက် နှင်းဆီရောင်သမ်း၏။ တန်ဆောင်မုန်းမှ ပြာသိုလတွင်ပွင့်၏။
အသီး
အသီးသည် အဝါရောင်ရှိ၏။ အမြှောင်းငါးမြှောင်ပါ၏။ ရင့်လျှင် အလိုအလျောက်ကွဲ၍ လေးမြှောင်ရှိသော အစေ့များထွက်၏။ ပြာသို၊ တပို့တွဲလတွင် သီးမှည့်သည်။ မြစ်မြွှာများ သေးငယ်သည်။ ရေသောက်မြစ် အသင့်အတင့်ရှည်သည်။

ပေါက်ရောက်သည့် ဒေသ
မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက်ပေါက်ရောက်သည်။
အသုံးပြုသည့် အစိတ်အပိုင်း ။ ။ အရွက်၊ အမြစ်။
အာနိသင်
မြန်မာဆေးကျမ်းများအလိုအရ ကပ်စေးနှဲတွင် ချို၊ ချဉ်၊ ဖန်၊ စပ်၊ ပူ အရသာပေါင်းများစွာ အချိုးကျပါဝင်သည်။ လေသလိပ်ကို ကြေစေ၍ အနာပေါက်ခြင်းကို ကာကွယ်၏။ သည်းခြေနာ၊ ဆီးနှင့် စပ်လျဉ်းသည့်ရောဂါ၊ နူနာ၊ အရေပြားရောဂါများအတွက် များစွာအကျိုးရှိ၏။ အရွက်သည် အဖျားကိုငြိမ်းစေ၍ ညောင်းကျခြင်းနှင့် ဆီးပူရောဂါတို့ကိုနိုင်၏။
အသုံးပြုပုံ
အရွက်
(၁) အရွက်ကို ငရုပ်ကောင်းနှင့် ကြိတ်၍ ည နံနက်တစ်ကြိမ်သောက်သော် ညောင်းကျရောဂါပျောက်၏။
(၂) အရွက်နှင့် နှမ်းနက်ကို ဆတူကြိတ်၍ မီးနွေးနွေးဖြင့် ချက်ပြီး ဖောရောင်သည့် နေရာများကို လိမ်းပေးသော် ပျောက်၏။
အမြစ်
(၁) အမြစ်အလေးချိန်တစ်ဆ ရေဆယ်ဆထည့်၍ ထက်ဝက်ခန်းကျိုပြီး အဖျားပြင်းထန်သူများအား တစ်နေ့ ၂ - ၃ ကြိမ်တိုက်သော် အဖျားသက်သာပျောက်ကင်း၏။
(၂) အမြစ်ခေါက်မှုန့်နှင့် သကြားခဲဆတူရော၍ နွားနို့နှင့် တစ်နေ့ ၂ ကြိမ်သောက်သော် သုတ်ဓာတ်နည်းခြင်းပျောက်၍ ကာမသတ္တိတိုးစေ၏။
(၃) အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ ၂ ကြိမ်ကျလိမ်းပေးသော် နို့ပျဉ်းကျခြင်း ပျောက်၏။
(၄) အမြစ်မှုန့်ကို နွားနို့များများနှင့် အမြုပ်ထအောင်မွှေ၍ တစ်နေ့ ၂ ကြိမ်သောက်သော် ပန်းနာချောင်းဆိုးရောဂါပျောက်၏။
(၅) အမြစ်မှုန့်ကိုရေနွေးနှင့် နေ့စဉ်သောက်သော် အစာမကြေရောဂါပျောက်၏။
(၆) အမြစ်ကိုရေ ထက်ဝက်ခန်းအောင်ကျို၍ သောက်သော် အဆစ်ကိုက်ခဲရောင်ရမ်းခြင်းပျောက်၏။
(၇) အမြစ်ပြုတ်ရည်ကို ရေသောက်တိုင်းသောက်ပေးသော် အဖျားအပူချိန် ပြင်းထန်ခြင်းကျ၍ အဖျားပျောက်၏။
(၈) အမြစ်ခေါက်ပြုတ်ရည်ကို ညောင်းကျရောဂါ၊ ဆီးအိမ်ပူလောင်ခြင်း ရောဂါများအတွက်သုံး၏။
( မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ခိုင်လင်း
လွန်ခဲ့သော ၃ နှစ် ကဆေးဖက်ဝင်အပင်လေးတွေကြည့်ချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026