အစိမ်းရောင်လမ်း
ငှက်ပျောသီးကို အစာမရှိပဲမနက်စာအဖြစ် စားခြင်းမှရှောင်ရှားသင့်တဲ့ အကြောင်းအရင်းများ

ငှက်ပျောသီးကို အစာမရှိပဲမနက်စာအဖြစ် စားခြင်းမှရှောင်ရှားသင့်တဲ့ အကြောင်းအရင်းများ

     ငှက်ပျောသီးမှာ အဟာရဓာတ်ပေါကြွယ်ဝလွန်းလို့ ခံတွင်းလည်းမြိန် ကျန်းလည်းမာစေဖို့ စားသုံးကြပါတယ်။ ငှက်ပျောသီးမှာ နှလုံးကျန်းမာစေခြင်း၊ ပင်ပန်းနွယ်နယ်မှုကို သက်သာစေခြင်း၊ သွေးပေါင်ထိန်းပေးခြင်၊ စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်းနှင့် အပူကန်နာဖြစ်ခြင်းတို့ကို သက်သာစေခြင်း စတဲ့အာနိသင်တွေ ပါဝင်ပါတယ်။

     ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အလုံအလောက် ပါဝင်ပါတယ်။  အားအင်တွေဖြည့်ပေးတာကြောင့် နေ့စဉ်နေ့တိုင်းစားသုံးပေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ငှက်ပျောသီးကို ထမင်းစားပြီးမှ စားကြတာများပေမယ့် တခါတလေ မနက်စာလုပ်ရမှာရှုပ်လို့ မနက်စာအနေနဲ့စားသုံးကြတာမျိုးရှိမှာပါ။ တကယ်တော့ငှက်ပျောသီးကို ဗိုက်ထဲအစာမရှိချိန်စားတာက မသင့်တော်ပါဘူး။ အကြောင်းအရင်းတွေကတော့

     ငှက်ပျောသီးမှာ ပါဝင်တဲ့သဘာဝအချိုဓာတ်က အားအင်ဖြည့်ပေးသော်ငြား နာရီအနည်းငယ်ကြာရင်တော့ အားအင်ကုန်ခမ်းသွားစေပါတယ်။

     ငှက်ပျောသီးက စားပြီးချက်ချင်းဗိုက်ပြည့်စေပြီး လေးလံလာကာ အိပ်ငိုက်စေပါတယ်။

     ငှက်ပျောသီးမှာ အက်စစ်သဘာဝရှိတဲ့အသီးမို့ အစာမရှိပဲစားတဲ့အခါ အူမကြီးနဲ့ပတ်သတ်တဲ့ပြသနာတွေဖြစ်လာနိုင်စေပါတယ်။

     ငှက်ပျောသီးမှ မဟုတ်ပါဘူး။ သစ်သီးဝလံတွေကို အစာမရှိပဲ မနက်စာအဖြစ်စားခြင်းမှရှောင်ရှားသင့်ပါတယ်။ ယနေ့ခေတ်မှာ သဘာဝသစ်သီးတွေက ရှားပါးပြီး ဓာတုဆေးတွေအသုံးပြုထားတဲ့ သစ်သီးတွေများနေပြီမို့ မနက်စာအဖြစ်စားဖို့ ပိုလို့တောင်မသင့်တော်တော့ပါဘူး။

     ဒါနဲ့ပဲ ငှက်ပျောသီးကို မနက်ပိုင်းမစားသင့်ဘူးလို့ မဆိုလိုပါဘူး။  ဗိုက်ထဲအစာမရှိချိန် သူ့ချည်းမစားဖို့သာအဓိကပါ။ မနက်စာတစ်ခုခုစားပြီး ငှက်ပျောသီးကိုဖျော်သောက်တာဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ် စားပေးလို့ရပါတယ်။ အစားအသောက်ဂရုစိုက်ခြင်းက ကျန်းမာခြင်းရဲ့မဏ္ဍိုင်မို့လို့ ဂရုတစိုက်စားသုံးရင်း ကျန်းမာတဲ့ဘဝပိုင်ဆိုင်ကြပါစေ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....