“ကန်စွန်းဥရဲ့ ကျန်းမာရေး ကောင်းကျိုးများ”
ကန်စွန်းဥစားပေးခြင်းဟာ ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုတယ်ဆိုတာတော့ အတော် များများ သိပြီးဖြစ်မှာပါ..။ ဒါပေမဲ့ အသေးစိတ်မသိသေးတဲ့သူတွေရှိနိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်..။
ကန်စွန်းဥကို ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးစားခြင်းအပြင် မုန့်မျိုးစုံ ပြုလုပ်ရာမှာလည်း ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။
ခရမ်းရင့်ရောင်၊ ကြက်ဥနှစ်ရောင်နဲ့ အဝါရောင်တို့ကို အများအားဖြင့် တွေ့ရလေ့ရှိပြီး ပန်းရောင်၊ အနီရောင်နဲ့ အဖြူရောင်တွေလည်း ရှိကြပါတယ်။
စျေးချို၊ အလွယ်တကူဝယ်လို့ရပြီး အရသာချိုချိုဆိမ့်ဆိမ့်စေးစေးလေးရှိတဲ့ ကန်စွန်းဥမှာ ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေရှိလဲဆိုတော့..
အမြင်အာရုံကို ကောင်းမွန်စေခြင်း
ဗီတာမင်အေ ချို့တဲ့တဲ့အခါမှာ ညဘက်မျက်လုံးကွယ်ခြင်း၊ လုံးဝမျက်လုံးကွယ်ခြင်းနဲ့ မြင်လွှာပုံသဏ္ဍာန် မမှန်ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။ ဗီတာမင်စီချို့တဲ့ခြင်းနဲ့ အတွင်းတိမ်တွေ ဖြစ်ပေါ်ခြင်းတို့ဟာလည်း ဆက်စပ်နေပါတယ်။ ကန်စွန်းဥမှာ ဗီတာမင်အေ၊ စီ နဲ့ အီးတို့အများစုပါဝင်နေတာကြောင့် ဒါတွေအားလုံးဟာ အမြင် အာရုံကောင်းမွန်မှုကို မြှင့်တင်ရာမှာ မရှိမဖြစ် လိုအပ်လှပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း
ခရမ်းရောင်ကန်စွန်းဥမျိုးကွဲဟာ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာတို့အပါအဝင် ကင် ဆာဆဲလ်များရဲ့ ကြီးထွားမှုကိုဟန့်တားနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ကန်စွန်းဥမှာ Beta-Carotene ကဲ့သို့သော ကယ်ရိုတီးနွိုက်ပါဝင်မှုဟာ အမျိုးသားတွေရဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် သိသိသာသာ အကျိုးရှိစေပါတ ယ်။
နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
သိပ္ပံဆိုင်ရာလေ့လာတွေ့ရှိချက်များအရ ခရမ်းရောင် ကန်စွန်းဥအသားဟာ အန်သိုဆိုင်ယာနင် မြင့်မားတဲ့ အတွက် ဟင်းသီးဟင်းရွက်တွေရဲ့စွမ်းရည်ကို အထောက်အကူပြုပါ တယ်။ ဒါ့အပြင် ကန်စွန်းဥမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း
ကန်စွန်းဥဟာ အင်ဆူလင်ခံနိုင်ရည်နဲ့ သွေးတွင်းသကြားဓာတ်လျော့နည်းစေပြီး ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ကြောင်းလေ့လာမှုများစွာကတွေ့ရှိခဲ့ကြပါတယ်။ ကန်စွန်းဥမှာပါဝင်တဲ့ အမျှင်ဓာတ်ကိုဆီးချိုရောဂါစီမံခန့်ခွဲရာမှာ အကျိုးပြုတယ်လို့ ဆိုထားကြပါတယ်။
သွေးဖိအားကို ထိန်းညှိပေးခြင်း
ကန်စွန်းဥမှ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ် ပါဝင်တဲ့အတွက် သွေးဖိအားထိန်းညှိရာမှာ ကူညီပေးပါတယ်။ သွေးတိုးရောဂါကို တိုက်ဖျက်ရာမှာလည်း မရှိမဖြစ်လိုအပ်လှပါတယ်။
စိတ်ဖိစီးမှုကို သက်သာစေခြင်း
မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ခြင်းဟာ အမျိုးသမီးတွေမှာ ဓမ္မတာမလာမီခံစားရတဲ့ စိတ်ကျရောဂါကို တိုးမြှင့်ပေး ပါတယ်။ ကန်စွန်းဥဟာ ခန္ဓာကိုယ်ရဲ့ မဂ္ဂနီဆီယမ်ဓာတ်ကို ဖြည့်တင်း ပေးနိုင်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီ မှာ ရှိတဲ့ စိတ်ဓာတ် ကျဆင်းခြင်းနဲ့ စိုးရိမ်ပူပန်မှုဆိုင်ရာ အပြုအမူတွေကို သက်သာစေပါတယ်။
အစာခြေဖျက်ရန် ကောင်းမွန်စေခြင်း
ကန်စွန်းဥမှာ အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်တွေ ပါဝင်ပါတယ်။ အဲ့ဒီအမျှင်ဓာတ်ပါဝင်မှု မြင့်မား ခြင်းဟာ ကလေးရောလူကြီးမှာပါ ဖြစ်ပွားတတ်တဲ့ ဝမ်းချုပ်ခြင်းကို အကာအကွယ်ပေးပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း
ကန်စွန်းဥမှာပါဝင်တဲ့ အမျှင်ဓာတ်က တစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ်အလေးချိန်ကို လျှော့ချပေးပါတယ်။ ကန်စွန်းဥကို တစ်နေ့တစ်လုံးစားပြီး သရေစာလျှော့လေလေ သင့်ရဲ့ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် ထိန်းညှိပေးလေပါပဲ..။
မျိုးပွားမှုကို မြှင့်တင်ပေးခြင်း
ကန်စွန်းဥမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သံဓာတ်တွေ ပါဝင်ပြီး ကလေးမွေးစအရွယ်အမျိုးသမီးတွေရဲ့ မျိုးပွား မှုကို မြှင့်တင်ရာမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
ဗီတာမင်အေ ချို့တဲ့မှုကို ကာကွယ်ပေးခြင်း
ဗီတာမင်အေချို့တဲ့မှုဟာ ကူးစက်ရောဂါခုခံနိုင်မှု ကျဆင်းလာခြင်း၊ ကူးစက်ရောဂါတိုးလာခြင်း၊ မျက်လုံး ခြောက်ခြင်းတို့ ကို ဖြစ်ပွားစေပါတယ်။ ကန်စွန်းဥဟာ ဗီတာမင်အေချို့တဲ့မှု ကြောင့်ဖြစ်သော ခန္ဓာကိုယ်ထဲက ရောဂါပိုးတွေကို တိုက်ဖျက်ပေးပြီး နောက်ထပ်ရောဂါပိုးတွေ မရှိနိုင်အောင်လည်း ကာကွယ်ပေးပါတယ်။
မှတ်ဉာဏ်ကောင်းစေခြင်း
ခရမ်းရောင်ကန်စွန်းဥမှာပါဝင်တဲ့ အန်သိုဆိုင်ယာနင်ဟာ မှတ်ဉာဏ်ကောင်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို ကန်စွန်းဥကိုပုံမှန်စားသုံးခြင်းက မှတ်ဉာဏ်စွမ်းအားကို တိုးပွားစေပါတယ်။
ရောင်ရမ်းမှုကို လျော့နည်းစေခြင်း
ကန်စွန်းဥမှာ ဗီတာမင်စီ အများအပြားပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုလင်း(choline)ဓာတ်လည်း ပါဝင်မှုမြင့်မားပါတယ်..။ choline ဓာတ်ရဲ့အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ရောင်ရမ်းမှုကို လျော့နည်းစေတာပါပဲ..။
ဆံပင်နှင့်အသားအရေကို ကောင်းမွန်စေခြင်း
ကန်စွန်းဥမှာ ဗီတာမင်အေ၊ စီ၊ အီးတို့ မြင့်မားစွာပါဝင်တာကြောင့် အရေပြားနဲ့ ဆံပင်ကျန်းမာရေးကို မြှင့်တင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ဗီတာမင်အီးဟာ ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့နေရာမှာ အထူးအသုံးဝင်ပါတယ်။
ဒါဆိုရင် ကန်စွန်းဥရဲ့ ကျန်မာရေးကောင်းကျိုးအဖြာဖြာ ကိုသိကြပြီမို့ “အစာလည်းဆေး၊ဆေးလည်းအစာ” ဆိုသလိုစျေးချိုချိုနဲ့ အလွယ်တကူဝယ်လို့ရတဲ့ ကန်စွန်းဥကိုစားကြဖို့ မမေ့ကြနဲ့နော်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
Ref: Health Benefits of Sweet Potatoes.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....