အမွှေးတိုင်အငွေ့က လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလား
စိုက်ပျိုးရေးနဲ့ မဆိုင်ပေမယ့် ဗဟုသုတ အိမ်ရှင်မ ဖတ်စာပါ
Incense sticks လို့ခေါ်သော အမွှေးတိုင်က ထွက်လာတဲ့ incense smoke လို့ခေါ်သော အမွှေးတိုင်အငွေ့ သည် လူ့ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါသလားဆိုတဲ့ အကြောင်းပါ။ တကယ်တော့ ကျနော်က ခြင်ဆေးခွေအနံ့ကို လုံးဝမခံနိုင်ပေမယ့် အမွှေးတိုင်ထွန်းပြီး ဘုရားကန်တော့ရတာကို အင်မတန်စိတ်ကြည်နူးတတ်ပါတယ်။ မိမိနှစ်သက်သော အရာကို စိတ်ချလက်ချအမြဲလုပ်ဖို့ဆိုရင် ဒီအမွှေးတိုင်အငွေ့သည် အန္တရာယ်ရှိ/မရှိ လေ့လာဖို့လိုတယ်လို့ ယူဆပြီး ကျနော်လေ့လာဖြစ်ပါတယ်။ အဲဒီသိရှိချက်လေးတွေကို ပြန်ဆွေးနွေးမှာပါ။
ပုံမှန်အားဖြင့်တော့ အမွှေးတိုင်ထုတ်လုပ်မှုမှာ organic compound တွေ natural compound တွေ နဲ့ aromatic fragrance လို့ခေါ်သော အနံ့ပါတဲ့ အဆီတမျိုးမျိုး စတဲ့ပစ္စည်းရယ် အငွေ့အဖြစ်ထုတ်နိုင်တဲ့ benzene လိုအရာတွေ ပါဝင်ပါတယ်။ အဆိပ်အာနိသင်ပြင်းထန်သော ပါဝင်ပစ္စည်းများမပါပါဘူး။
သို့သော် ထိုဖော်ပြပါ ပါဝင်ပစ္စည်းများကို စုစည်းဖော်စပ်ထားတဲ့အမွှေးတိုင်ကို မီးရှို့လိုက်တဲ့အခါမှာတော့ သူတို့ခြင်းပေါင်းစပ်ပြီးထွက်လာသော အငွေ့သည် carcinogenic ဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းပါ။
အထူးသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ အဆုတ်မှာဖြစ်စေနိုင်သောအခြေအနေသည် လေလုံခန်းထဲမှာ နေ့စဉ်အမွှေးတိုင်အနံ့ကို တစ်နာရီခန့်ရှုမိပါက ရေရှည် စီးကရက်သောက်သူထက် ၂၀ % ပိုများတယ်လို့ လေ့လာချက်များကဆိုပါတယ်။
အမွှေးတိုင်အငွေ့မှာ အများဆုံးပါဝင်တာကတော့ carbon monoxide, sulfur dioxide နဲ့ formaldehyde တွေပဲဖြစ်ပါတယ်။
Mild problem အဖြစ်နဲ့ဆိုရင်တော့ incense smoke သည် ကိုယ်တွင်းအင်္ဂါများဖြစ်သော အဆုတ်၊ အသည်း စတာတွေကို ရေရှည်ဝေဒနာအဖြစ် ယောင်ရမ်းစေဖို့ အားပေးတာပါ။ oxidative stress လို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်းမှာ အငွေ့များနဲ့ ပိတ်ခံရတာကြောင့် အောက်စီဂျင်ရရှိမှုပမာဏ မလုံလောက်ခြင်းကြောင့် ရေရှည်မှာဖြစ်လာတဲ့ ပြသနာလို့ဆိုပါတယ်။
နောက်ထပ်လေ့လာချက်တော့ air pollution ပါ။ အငွေ့တွေကြောင့် လေထုညစ်ညမ်းစေတာပါ။
ဒါကြောင့် အိမ်ခန်း ဘုရားခန်းနဲ့ လေဝင်လေထွက်နည်းတဲ့ အခန်းတွေမှာ အမွှေးတိုင်ပူဇော်ပြီး ပဌာန်းရွတ်ခြင်းမျိုးကို မိမိရဲ့ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ဘုရားရင်ပြင်တော်လိုမျိုးမှာ အမွှေးတိုင်တွေ စုပြုံပူဇော်တာနဲ့ပက်သက်လို့ကတော့ အမွှေးတိုင် ၂၀ ရဲ့ လောင်ကျွမ်းရာမှထွက်လာသော incense smoke သည် လေထုညစ်ညမ်းမှုကို ၃% တိုးစေပါသတဲ့။
အချုပ်အားဖြင့်တော့ - လေဝင်လေထွက်နည်းသောအခန်းမှာ တစ်နေ့တစ်နာရီခန့် အမွှေးတိုင်အနံ့ကို ကာလကြာရှည်စွာ ရှုရှိုက်မိနေခြင်းသည် အဆုတ်ကင်ဆာကိုဖြစ်နိုင်ဖို့အတွက် စီးကရက်သောက်သူထက် ပို၍အခွင့်အလန်းများတယ်ဆိုတဲ့အချက်ပါ။
မိမိအသိဉာဏ်ဖြင့် ဆင်ခြင်နိုင်ကြပါစေရန် ရေးသားခြင်းပါ။
DaDa
2002 B.Agr.Sc
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....