ထောပတ်သီးဆီ အသုံးပြုခြင်းရဲ့ ကောင်းကျိုး (၈) ချက်
ထောပတ်သီးကို ကြိုက်ကြလားရှင့်။
အရသာက တခြားသီးတွေနဲ့တောင်မတူဘဲ တမူထူးခြားကောင်းမွန်ကောင်းမွန်နေတဲ့ ထောပတ်သီးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီလိုအာဟာရဓာတ်တွေများစွာ ပါဝင်တဲ့ ထောပတ်သီးကို ဆီကြိတ်လို့လည်းရပါတယ်။
မြန်မာနိုင်ငံမှာတော့ ထောပတ်သီးဆီကြိတ်တာကို Shan Orchard Myanmar ကုမ္ပဏီက ဟဲဟိုးမြို့မှာ လုပ်နေပြီး ဈေးကွက်ထဲကိုလည်း ထောပတ်သီးဆီ၊ ထောပတ်သီးနဲ့လုပ်တဲ့ အလှကုန်တွေကို ဖြန့်ဖြူး ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
ထောပတ်သီးဆီရဲ့အရသာကတော့ သံလွင်ဆီလိုပါပဲတဲ့။ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အာဟာရ ဓာတ်တွေနဲ့ အန်တီအောင့်စီဒန့်ဓာတ်တွေလည်း ပါဝင်နေပါတယ်လို့ သက်သေပြထားတဲ့ အချက် (၈) ချက်လည်းရှိပါတယ်။ အဲ့ဒါတွေကတော့
(၁) အိုလီအစ် အက်ဆစ်ကြွယ်ဝစွာပါရှိခြင်း (အလွန်ကျန်းမာစေတဲ့အဆီ)
ထောပတ်သီးဆီဆိုတာ ထောပတ်သီးအသားကနေ သဘာဝအတိုင်း ဖိကျိတ်ချေပြီး ထုတ်ယူရရှိလာတဲ့ အဆီပဲ ဖြစ်ပါတယ်။ ထောပတ်သီးဆီရဲ့ ၇၀ ရာခိုင်နှုန်းမှာ နှလုံးကျန်းမာရေးအတွက် အထောက်အပံ့ပေးတဲ့ အိုလီအစ်အက်ဆစ်နဲ့ မပြည့်ဝဆီ တစ်မျိုးဖြစ်တဲ့ အိုမီဂါ ၉ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။
ဖက်တီးအက်ဆစ်က သံလွင်ဆီထဲမှာဆိုရင်လည်း အဓိကပါဝင်တဲ့ပစ္စည်းဖြစ်ပြီး ကျန်းမာရေး ကောင်းဖို့အတွက် အဓိက လုပ်ဆောင်ပေးတဲ့ဓာတ်လည်း ဖြစ်ပါတယ်။ ထောပတ်သီးဆီမှာ ၁၂ ရာခိုင်နှုန်းက ပြည့်ဝဆီဖြစ်ပြီး ၁၃ ရာခိုင်နှုန်းက မပြည့်ဝဆီအဖြစ် ပါဝင်နေတာပါတဲ့။
ထောပတ်သီးဆီမှာ အိုမီဂါ - 6 နဲ့ အိုမီဂါ - 3 အချိုးပါဝင်မှုက 13:1 ဖြစ်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးကောင်းဖို့အတွက် လိုအပ်တဲ့ အချိုးကတော့ ၃ : ၁ သို့မဟုတ် ၂ : ၁ ပါ။ ဒါပေမဲ့ ဒီအပေါ် အရမ်းကြီး စိုးရိမ်ပူပန်တာမျိုးတော့ မဖြစ်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ အိုမီဂါ-6 က အချိုးအားဖြင့် များတယ်ဆိုတော့ စုစုပေါင်းပါဝင်မှုအားဖြင့်တော့ နည်းနည်းလေးပဲ ဖြစ်လို့ပါရှင့်။
မပြည့်ဝဆီကြွယ်ဝစွာပါဝင်မှုဟာ ကျန်းမာရေးအတွက် အများကြီးအကျိုးပြုတယ်လို့ သုတေသန တွေက ဆိုထားပါတယ်။ ဒါဟာ နှလုံးရောဂါနဲ့ မေ့လျောတတ်တဲ့ ရောဂါတွေလိုမျိုး နာတာရှည်ရောဂါ တွေကို သက်သာစေနိုင်လို့ပါတဲ့။
(၂) ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
အထက်မှာဆိုခဲ့သလိုပဲ ထောပတ်သီးဆီမှာ မပြည့်ဝဆီတွေ အများကြီးပါဝင်နေလို့ နှလုံးကျန်းမာရေးကို ပိုကောင်းမွန်စေလာနိုင်ပါတယ်။
ပြည့်ဝဆီ ၂၅ ဂရမ် သုံးထားတဲ့ အသားဟင်းနဲ့ မပြည့်ဝဆီ ( ထောပတ်သီးဆီ) ကို သုံးထားတဲ့ အသားဟင်း စားထားတဲ့သူတွေကို အစာစားပြီး မိနစ် ၂၄၀ အကြာ (၄ နာရီ) မှာ သူတို့ရဲ့ သွေးတွေကို စစ်ကြည့် လိုက်တဲ့အခါ သွေးတွင်းအဆီ၊ ကိုလက်စထရော၊ ဆိုင်တိုခိုင် ရောင်ရမ်းမှုနဲ့ သွေးတွင်းသကြား ဓာတ်တွေမှာ ထောပတ်သီးဆီစားထားတဲ့ သူတွေက ပိုနည်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
(၃) လူတင်ပါဝင်မှုမြင့်မားခြင်း (မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်သော အန်တီအောင့်ဆီဒန့်)
ထောပတ်သီးနဲ့ သူ့ရဲ့အဆီမှာ မျက်လုံးအတွက်လိုအပ်တဲ့ လူတင်၊ ကာရိုတီနွိုက်နဲ့ အန်တီအောက်ဆီဒန့် တွေ ပါဝင်ပါတယ်။ သုတေသနတွေကတော့ လူတင်နဲ့ အခြားကာရိုတီနွိုက်တစ်မျိုးဖြစ်တဲ့ ဇီယာ ဇန်သင်တွေက မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်ဖြစ်ပြီး မျက်စိအတွင်းတိမ်နဲ့ အသက်အရွယ် ကြောင့် မျက်စိအားနည်းလာတာတွေကို သက်သာအောင် ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။
ခန္ဓာကိုယ်က လူတင်ဓာတ်ကို မထုတ်လုပ်နိုင်ပေမယ့် စားလိုက်တဲ့ အစားအစာကနေတော့ ရရှိနိုင် ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကျွန်မတို့တွေ အနီးအနားမှာအလွယ်ရနိုင်တဲ့ ထောပတ်သီးနဲ့ ထောပတ်သီးဆီမှာ မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေတာပါပဲ။

(၄) အရေးကြီးတဲ့ အာဟာရဓာတ်တွေကို စုပ်ယူမှုတိုးတက်စေခြင်း
အချို့သော အာဟာရဓာတ်တွေကို ခန္ဓာကိုယ်ကစုပ်ယူနိုင်ဖို့ဆိုရင် အဆီနဲ့ ပေါင်းစပ်ပေးဖို့ လိုအပ်ပါ တယ်။ ဥပမာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ လိုမျိုးတွေပါ။
အထူးသဖြင့် ကာရိုတီနွိုက်တွေဖြစ်တဲ့ ဘီတာကာရိုတင်း၊ လိုင်ကိုပင်း၊ လူတင် နဲ့ ဇီယာဇန်သင် တွေကို အဆီမပါဘဲ စုပ်ယူနိုင်ဖို့ အားနည်းပါတယ်။ ကံဆိုးချင်တော့ ကာရိုတီနွိုက်တွေအများကြီးပါဝင်တဲ့ (ဖရဲသီး၊ ခရမ်းချဉ်သီး) လို အသီးတွေမှာကျတော့ အဆီပါဝင်မှုက နည်းနေပြန်ကော။ ဆိုတော့ ထောပတ်သီးဆီကို စားပေးလိုက်မယ်ဆိုရင်တော့ ဒီအာဟာရတွေကို စုပ်ယူသွားနိုင်စေမှာပါ။
သုတေသနတစ်ချို့ကတော့ မုန်လာဥနီ၊ ဆလတ်ရွက်တွေကို သုပ်စားမယ်ဆိုရင် ထောပတ်သီးဆီလေး ထည့်ပေးလိုက်ခြင်းက ကာရိုတီနွိုက် အန်တီအောင့်စီဒန့်စုပ်ယူမှုကို ၄.၃ ဆကနေ ၁၇.၄ ဆထိ တိုးစေနိုင်တယ်လို့ ဆိုကြပါတယ်။
(၅) အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ခြင်း
ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာက အဆစ်အမြစ် ရောင်ရမ်းခြင်း ရောဂါကိုခံစားနေရတာ ဖြစ်ပါတယ်။ လေ့လာမှုများစွာကတော့ ထောပတ်သီးနဲ့ ပဲပုပ်တို့ကနေ ထုတ်ယူထားတဲ့ ဆီကို စားပေး မယ်ဆိုရင် တင်ပဆုံနဲ့ ဒူးဆစ်တွေ ရောင်ရမ်းနာကျင်တာကို လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။
(၆) အသားအရေပိုလှလာခြင်းနဲ့ အနာကျက်လာစေခြင်း
ထောပတ်သီးဆီမှာက ဖက်တီးအက်ဆစ်နဲ့ အာဟာရဓာတ်တွေက အသားရေက ပိုလှလာစေပါတယ်။ ဘာလို့ဆိုတော့ ထောပတ်သီးမှာက အမြှေးပါးကျန်းမာရေးနဲ့ ချိတ်ဆက်နေတဲ့ ဗီတာမင်အေနဲ့ အီးတွေကြွယ်ဝစွာပါဝင်နေလို့ပါ။
အရေပြားရောဂါရှိတဲ့ လူ ၂၄ ယောက်ကို ထောပတ်သီးဆီ ၂၀% နဲ့ ဗီတာမင် ဘီ၁၂ နဲ့ ရောလိမ်းပေးပြီး ၁၂ ပတ်ကြာအောင်လေ့လာကြည့်တဲ့အခါ သက်သာကောင်းမွန်လာတာကို တွေ့ရပါတယ်။ တခြား အရေပြား ရောဂါရှိတဲ့လူနဲ့ တိရစ္ဆာန်တွေကို စမ်းကြည့်တဲ့အခါမှာလည်း သက်သာကောင်းမွန်ပြီး အနာဖေးတွေပါ တက်လာတာ တွေ့ရပါတယ်။
ဒါပေမဲ့ ထောပတ်သီးဆီကို အနာကို တိုက်ရိုက်သုတ်ပေးတာမျိုးကတော့ မကောင်းပါဘူးတဲ့။ အဲ့ဒီအစား နာမည်ရှိတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ ထောပတ်သီးဆီပါဝင်တဲ့ တခြားထုတ်ကုန်တွေကို သုံးပေး ရမှာပါ။
(၇) အန်တီအောင့်စီဒန့်ကြွယ်ဝစွာပါဝင်ခြင်း
အန်တီအောက်ဆီဒန့်တွေ ကြွယ်ဝစွာပါဝင်ခြင်းက ဆဲလ်တွေကို ပျက်စီးစေတဲ့ မတည်ငြိမ်တဲ့ဒြပ်ပေါင်း တွေဖြစ်တဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
ဖရီးရယ်ဒီကယ်တွေကြောင့် ညီညွတ်မျှတမှုတွေမရှိတော့ရင် နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာရောဂါ တွေကို ဖြစ်စေမှုတွေကို ဦးတည်သွားစေနိုင်ပြီး အန်တီအောက်ဆီးဒင့်တွေက အဲ့ဒီဖရီးရယ်ဒီကယ်တွေ ထဲကို အီလက်ထရွန်ထည့်ပေးခြင်းဖြင့် ဓာတ်ပြယ်သွားစေနိုင်တာပါ။
ကံကောင်းချင်တော့ ထောပတ်သီးဆီမှာ ကာရိုတီနွိုက်၊ တိုကိုဖီရိုနဲ့ အပင်တွေကပဲရရှိတဲ့ ကိုလက်စထရောတွေ အများကြီးပါဝင်နေတာပါပဲ။
(၈) အသုံးပြုရလွယ်ကူခြင်း
ဒီလိုမျိုး စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးဆီရဲ့ ကောင်းကျိုးတစ်မျိုးက အစာတွေထဲမှာလည်း ထည့်စားဖို့လွယ်ကူတာပါပဲ။
ဘယ်နေရာတွေမှာ ထည့်သုံးလို့ရလဲဆိုတော့..
- Smoothie (ဖျော်ရည်) လုပ်ရာတွင် လက်ဖက်ရည်စားဇွန်း ၁ ဇွန်း ထည့်နိုင်ခြင်း
- အသီးရွက်သုပ် သုပ်စားရာတွင် အပေါ်ကနေ ဆမ်းနိုင်ခြင်း
- အသားတွေကင်ရန်အတွက် မချက်မီနယ်ထားနိုင်ခြင်း
- မုန့်ဖုတ်ရာတွင် အသုံးပြုနိုင်ခြင်း
- အိမ်လုပ် မရော့နိစ် လုပ်ရာတွင် အသုံးပြုနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်မောင်
လွန်ခဲ့သော ၃ နှစ် ကထောပတ်သီးအဆီလိုချင်ပါသည်။ဘယ်မှာဝယ်ရနိုင်ပါသလဲ
ေဒါ်သင်းသင်းဦး
လွန်ခဲ့သော ၃ နှစ် ကအသုံးဝင်ပါတယ်
k o mango
လွန်ခဲ့သော ၃ နှစ် ကထောပတ်ဆီထုတ်တာ အဲ့နေ့ မှဘဲသိတယ်
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....