လူသို့မကူးစက်သည့် အာဖရိက ဝက်အပြင်းဖျားရောဂါ
ရောဂါဖြစ်ပွားကူးစက်ပုံ
အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever – ASF) သည် ၁၉၀၇ ခုနှစ်တွင် အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံ ၌ စတင်ဖြစ်ပွားခဲ့ပါသည်။ ထိုမှတစ်ဆင့် ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ ဆက်လက်ပျံ့နှံ့ခဲ့ရာ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ပျံ့နှံ့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော မွန်ဂိုလီးယားနိုင်ငံနှင့် ဗီယမ်နမ်နိုင်ငံတို့သို့ ကူးစက်ပျံ့နှံ့ခဲ့ပါသည်။
ကူးစက်ရာတွင် နာတာရှည်ကူးစက်ခြင်းနှင့် ရုတ်တရက်ကူးစက်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ နာတာရှည်ကူးစက်ခံရသော ဝက်များတွင်ခြေထောက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြားနီရဲခြင်း၊ ကိုယ်အပူချိန်မမှန်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း စသည့်လက္ခဏာများ ခံစားရပါသည်။ ရုတ်တရက်ကူးစက်ခံရသော ဝက်များတွင် အရေပြားနီရဲခြင်း၊ ပန်းခရမ်းပြာအရောင်ပြောင်းပြီး ရုတ် တရက်သေဆုံးခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ရောဂါပိုး ပျိုးရက်မှာ ပုံမှန်အားဖြင့် ၄ ရက်မှ ၁၉ ရက်အတွင်း ကြာပါသည်။ သို့သော်လည်း ရုတ်တရက်ဖြစ်ပွားသည် အခြေအနေများတွင် သုံးရက်မှ လေးရက်အတွင်း ရောဂါဖြစ်ပြီး သေဆုံးတတ်ပါသည်။
လူသို့မကူးစက်နိုင်
အဓိကကူးစက်သည့်နည်းလမ်းမှာ ရောဂါပိုးပါရှိသည့် ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများ၊ သွားရည်၊ နှာရည်၊ မျက် ရည်၊ ဆီး၊ ဝမ်း၊ သွေး၊ အသားတို့နှင့် ထိတွေ့ခြင်းမှ ကူးစက်ပါသည်။ ထို့အပြင် မွှားကဲ့သို့သော ကြားခံလက်ခံကောင်များ တွယ်ခြင်း၊ ကိုက်ခြင်း၊ ရောဂါပိုးထိတွေ့ထားသော ဆေးထိုး အပ်၊ အသုံးအဆောင်ပစ္စည်း၊ ဖိနပ်၊ အဝတ်အ ထည်နှင့် ယာဉ်တို့မှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့ပါသည်။ သို့သော်လည်း အာဖရိက ဝက်အပြင်းဖျားရောဂါသည် တိရစ္ဆာန်များတွင်သာ ဖြစ်ပွားသော ရောဂါဖြစ်ပြီး လူသို့ ကူးစက်တတ်သော ရောဂါမဟုတ်ကြောင်း ကမ္ဘာ့တိရစ္ဆာန် ကျန်းမာ ရေးအဖွဲ့မှ တရားဝင်ထုတ်ပြန်ကြေညာထားပါသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ရန်မလိုအပ်ပါ။
ထို့အပြင် မြန်မာနိုင်ငံတွင် ယနေ့အထိ အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားတွေ့ရှိခြင်းမရှိသေး ပါ။ ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသာဖြစ်သည်။ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မွေးမြူရေးနှင့် ကုသရေး ဦး စီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ (၁၇/၉၃) အရ ပထမဦးစွာ (ခ) စာရင်းဝင် ကူး စက်ရောဂါအဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရောဂါဖြစ်ပွားသော အသားကို စားသုံးခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်သောရောဂါ (Meat Borne Zoonotic Disease) မဟုတ်ဘဲ တိရစ္ဆာန်မှ တိရစ္ဆာန်သို့သာ ကူးစက်စေသော ရောဂါဖြစ်ပါသည်။
ရောဂါဖြစ်ပွားမှု အဆင့်လေးဆင့်
အာဖရိက ဝက်အပြင်းဖျားရောဂါသည် စက်ဝိုင်းပုံ (DNA) အမျိုးအစား၊ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ အိမ်မွေးဝက်များနှင့် တောဝက်များတွင် အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင် သည်။ ယခင်က အာဖရိကတိုက်ရှိ ဝက်များတွင်သာ အဖြစ်များသော်လည်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တရုတ်နိုင်ငံရှိ ဝက်များတွင် ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှုတွင် အဆင့်လေးဆင့်ရှိပါသည်။ ဖြစ် ပွားသည့် အဆင့်များပေါ်တွင် မူတည်၍ ရောဂါပြင်းထန်မှုကွားခြားသည်။
ဖြစ်ပွားမှုအဆင့်(၁) တွင် အရေပြား၌ အနီရောင်အစက်များဖြင့် ရုတ်တရက်သေဆုံးပါသည်။ အဆင့် (၂) တွင် ရောဂါ ကူးစက်ခံရပြီး နှစ်ရက်အတွင်း အပြင်းဖျားခြင်း (အဖျား ၁၀၅ မှ ၁၀၇ ဒီဂရီဖာရင် ဟိုက်)၊ နားရွက်ဖျား၊ အမြီး၊ ရင် ဘတ် နှင့် ဝမ်းဗိုက်အရေပြားတို့တွင် ပန်းခရမ်းရောင်၊ အနီရောင်ဖြစ်နေခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ၆ ရက်မှ ၁၃ ရက်အတွင်း သေဆုံးခြင်း၊ ဇီးဝက်မများတွင် သားပျက် သားလျှောဖြစ်ခြင်းများ တွေ့ရတတ်ပါသည်။
ဖြစ်ပွားမှုအဆင့် (၃)တွင် အဖျားအနည်းငယ်ရှိပြီး အစာအနည်းငယ်စားကာ ၁၅ ရက်မှ ၄၅ ရက်အ တွင်း သေဆုံးသွားတတ်သည်။ ဖြစ်ပွားမှု အဆင့် (၄) တွင် ကိုယ်အလေးချိန်လျော့ကျခြင်း၊ အပူချိန်အတက်အကျရှိခြင်း၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ လက္ခဏာများတွေ့ရခြင်း၊ အရေပြားအနာပုပ်ခြင်း၊ ဆွေးခြင်း၊ အဆစ်ရောင်ခြင်းများ တွေ့ရတတ်သည်။
ကာကွယ်ဆေးမရှိသေး
အာဖရိကဝက်အပြင်းဖျားရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ထိရောက်စွာ ကုသပေးနိုင်သောဆေးလည်း မရှိသေးပါ။ ရောဂါလက္ခဏာ သက်သာစေရန်အတွက် အထောက်အကူပြုဆေးများ၊ ပဋိဇီ ဝဆေးများ၊ အဖျားကျဆေးများ ပေးခြင်းသာ ပြုလုပ်ပေးနိုင်ပါသည်။ အခြားသော ဝက်ဝမ်းကျရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ စိန်ကွက်နာရောဂါ၊ ဆဲလ်မိုနဲလားရောဂါ၊ ပတ်စ်ကျူရဲလားရောဂါ၊ သွေးအဆိပ်သင့်ရောဂါများနှင့် မှားယွင်းနိုင်သောကြောင့် မျက်မြင်အားဖြင့် ရောဂါကို အတည်ပြု၍ မရနိုင်ပါ။ ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်းများပေးပို့၍ စစ်ဆေးအတည်ပြုချက် ရယူရန် လိုအပ်ပါသည်။
ရောဂါကာကွယ်ထိန်းချုပ်ရန်
အကယ်၍ ရောဂါဖြစ်ပွားလာပါက ဖြစ်ပွားသောဝက်နှင့် အတူနေဝက်များကို သီးသန့်ခွဲထားပါ။ ထို့အပြင် သေဆုံးသောဝက်၏ အစိတ်အပိုင်းများကို သယ်ဆောင်ခြင်း၊ လှီးဖြတ်ခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းတို့ မပြုလုပ်ရန် လိုအပ်ပါသည်။ ရောဂါဖြင့်သေဆုံးသော ဝက်နှင့် အညစ်အကြေးများ၊ စား ကြွင်းစားကျန်နှင့် အသုံးအဆောင်ပစ္စည်းများကို မြေမြုပ်၍ (သို့မဟုတ်) မီးရှို့၍ ဖျက်ဆီးပါ။ ရေမျောခြင်း၊ မြစ်ချောင်းများနှင့် ရေတွင်းရေကန်အနီး မြေမြှုပ်ခြင်း မပြုရပါ။ မြေမြှုပ်သောနေရာ၊ မီးရှို့သောနေရာနှင့် ဝက်ခြံကို မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ ဖျန်းပါ။ မွေးမြူရေးခြံ၏ ဇီဝလုံခြုံမှုကို မြှင့်တင်၍ ခြံအတွင်းသို့ တိရစ္ဆာန်၊ လူ၊ ယာဉ်စသည်တို့ ဖြတ်သန်းသွားလာမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် လိုအပ်ပါသည်။
ဝက်ခြံလုပ်သားများအနေဖြင့် နှာခေါင်းစည်း၊ လက်အိတ် စသည်တို့ကို အသုံးပြုပါ။ လက်ကို သေချာစွာ ဆေးကြောသန့်စင်၍ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများကို ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန် လိုအပ်သည်။ ဝက်ခြံ၏အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်ရေးတို့ကို ဂရုပြုပါ။ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကိုသာ ဝယ်ယူမွေးမြူရန်နှင့် ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့် မရောမီ သီးသန့်ခွဲထား၍ ရောဂါကင်းရှင်းကြောင်း သေချာမှသာ အတူတူရောမွေးရန်လည်း သတိပြုသင့်ပါသည်။
တုံ့ပြန်ဆောင်ရွက်ရန် အစီအမံများ
ပြည်သူများအနေဖြင့် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် ရောင်းချနေသော ဆိုင်များမှ ဝက်သားများကို အန္တရာယ်ကင်းစွာဖြင့် ယုံကြည်စိတ်ချစွာ ဝယ်စားနိုင်ကြပါသည်။ အကယ်၍ မိမိပတ်ဝန်းကျင်တွင် အာဖရိကဝက်အ ပြင်းဖျားရောဂါ ဖြစ်ပွားလျှင်ဖြစ်စေ၊ ဖြစ်ပွားသည်ဟု သံသယရှိလျှင်ဖြစ်စေ မွေး မြူရေးနှင့် ကုသရေးဦးစီးဌာန (သို့မဟုတ်) ကျေးရွာ/ရပ်ကွက် အာဏာပိုင်များထံသို့ အမြန်ဆုံးအကြောင်းကြား၍ အကူအညီများ ရယူနိုင်သည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့်လည်း ရောဂါဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်လျက်ရှိသော ဒေသများတွင်လည်း ရောဂါနမူနာများ ရယူစုဆောင်းခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ရောဂါနှင့်ပတ်သက်၍ အသိပညာပေး အ လုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ်ကတည်းက ကျင်းပပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။
ဇီဝလုံခြုံရေး မြှင့်တင်ဆောင်ရွက်ရေးအတွက် နည်းပညာစာစဉ်များ၊ လစဉ်ထုတ်သတင်းလွှာများ၊ မွေး မြူသူများအ တွက် အသုံးဝင်မည့် ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များ၊ ရုပ်သံဖိုင်များ၊ ရုပ်ပုံကားချပ်များကိုလည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဖြန့်ဝေအသိပေးလျက်ရှိသည်။ ထို့အပြင် အာဖရိကဝက်အပြင်းဖျားရောဂါ အခြေ အနေများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများမှသော် လည်းကောင်း၊ ရုပ်မြင်သံကြား အစီအစဉ်များမှသော်လည်း ကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှသော်လည်း ကောင်း ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် အသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိပါသည်။
မြန်မာ့အလင်း
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
အာဖရိက ဝက်အပြင်းဖျားရောဂါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026