အစိမ်းရောင်လမ်း
အသက်ရှည် ကျန်းမာစေဖို့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများကို စိုက်ပျိုးထုတ်လုပ်မှီဝဲ ကြပါစို့။

အသက်ရှည် ကျန်းမာစေဖို့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာများကို စိုက်ပျိုးထုတ်လုပ်မှီဝဲ ကြပါစို့။

လယ်သမားကြီး ဦးသာအောင် တို့ မိသားစု အိမ်လေး နဲ့ ဦးသာအောင် စိုက်ခင်း လို့ရေးထားတဲ့ ဆိုင်းဘုတ်လေးရှိပါတယ်။
 
ဘေးချင်းကပ်လျက် ခြံမှာကတော့ လယ်သမားကြီးဦးတာတီး တို့ မိသားစု အိမ်လေး နဲ့ ဦးတာတီး စိုက်ခင်းလို့ရေးထားတဲ့ ဆိုင်းဘုတ်လေးရှိပါတယ်။
 
လယ်သမာကြီးဦးသာအောင် က သဘာဝနည်း အတိုင်း အပင်တွေကို ပျိုးထောင်တယ်….. 
 
(ဥပမာ - သဘာဝ နည်းအတိုင်း ရေလောင်းပေါင်းသင်၊ ထွန်ယက်၊ သဘာဝမြေသြဇာတွေကျွေး၊ အပင်လေးတွေကို သေသေချာချာ ဂရုစိုက်တယ်) 
 
အဲ့ဒီ အတွက် ဦးသာအောင် စိုက်ခင်းက သစ်ပင်လေးတွေ ပျော်ရွှင်ကြတယ်.... သီးနှံလေးတွေကလည်း organic သီးနှံလေးတွေဖြစ်တာကြောင့် အရွယ်အစားအလွန်ကြီးမားမှု မရှိပေမယ့် အာဟာရအပြည့်အဝ ပါတဲ့ သီးနှံတွေအဖြစ်ရှင်သန်နေတယ်… သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းပေးရာရောက်တယ်…… 
 
လယ်သမားကြီး ဦးတာတီး ကတော့  လယ်သမားကြီး ဦးသာအောင်တို့ စိုက်ခင်းထက်သာချင်တော့ သစ်ပင်လေးတွေ ကို မြန်မြန်ကြီးထွားပြီး သဘာဝလွန်တဲ့ သီးနှံတွေ ဖြစ်အောင် ကြိုးစားတယ်….လောဘကြီးလွန်းပြီး အမြတ်များများ ရချင်တော့  ဓာတုပစ္စည်းတွေ ကို ပိုက်ဆံ အများကြီး အကုန်ကျခံပြီး ဝယ်ပြီး သီးနှံတွေကို စိုက်ပျိုးတယ်…) 
 
(ဥပမာ - ဓာတုမြေသြဇာတွေသုံးတယ်…. ဓာတုပိုးသတ်ဆေးတွေသုံးတယ်…. သဘာဝလွန်သီးနှံတွေ ဖြစ်အောင် မျိုးစိတ်တွေ ပေါင်းစပ်ပြီးထုတ်တယ်….) 
 
လယ်သမားကြီး ဦးသာအောင် ကတော့ သီးနှံတွေ အရမ်းကြီး ကြီးထွားလွန်နေတာမဟုတ်ပေမယ့် သူ့သီးနှံလေးတွေ ကို ပုံမှန်အတိုင်းပဲ သဘာဝနည်း အတိုင်း ဂရုစိုက်ပြီး သွားရောက်ရောင်းချဖို့ ဆွတ်ခူးနေတယ်….. 
 
ဦးတာတီး ဆီက သီးနှံတွေ က အပြင်ပန်း ကကြည့်ရင်တော့ အရမ်းကြီး ကြီးထွားလွန်းပြီး အလျင်အမြန် နှင့် ကို တစ်ဟုန်ထိုး ကြီးထွားကြပေမယ့် နောက်ရက်တွေမှာ မမျှော်လင့်တယ့် ကံကြမ္မာတွေ ဦးတာတီး စတင်ရင်ဆိုင်ရတော့ မှာဖြစ်တယ်….. 
 
လယ်သမားကြီး ဦးသာအောင်က ပုံမှန်အတိုင်း သီးနှံတွေကို ထုတ်ပိုးပြီးသွားရောက်ရောင်းချတယ်… အသီးအနှံကသဘာဝ အရွယ်အစားအတိုင်းပဲဖြစ်ပေမယ့် အရမ်းလတ်ဆတ်ပြီး စားသုံးသူတွေအတွက် ကျန်းမာရေးနဲ့ညီညတွ်တယ်….. 
 
လယ်သမားကြီး ဦးတာတီး ကလည်း ရရှိလာတဲ့သီးနှံတွေကို သွားရောက်ရောင်းချတယ်…. ဦးတာတီး ရဲ့ သီးနှံတွေကို စားသုံးသူတွေအားလုံးလည်း နာမကျန်းဖြစ်ကြတယ်…. 
 
လယ်သမားကြီး ဦးတာတီးတို့ သုံးလိုက်တဲ့ ဓာတုဗေဒ ပိုးသတ်ဆေးတွေကမြေကြီးအောက်ကိုရောက်သွားပြီး သောက်သုံးနေတဲ့ ရေထဲကိုရောက်ရှိသွားတယ်….. အဲ့ဒီ ပိုးသတ်ဆေးတွေ ပါနေတဲ့ ရေကို သောက်သုံးမိကြတယ်…… သူတို့စိုက်ခင်းထဲက သီးနှံတွေ ကို လည်း သူတို့ကိုယ်တိုင်ချက်ပြုတ်စားသောက် ကြတာကြောင့်  ဦးတာတီးတို့ တစ်မိသားစုလုံး မကျန်းမမာဖြစ်တော့တာပဲ…. 
 
ကျန်းမာရေးနဲ့ ညီညတွ်ပြီး သဘာဝနည်းအတိုင်း စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ လယ်သမားကြီးဦးသာအောင်ကို တစ်ရွာလုံးက ဝိုင်းဝန်းဂုဏ်ပြုကြတယ်….. 
 
နောက်တော့ လယ်သမားကြီး ဦးတာတီး သူ့ရဲ့စိုက်ခင်းအခြေအနေကို တစ်ခေါက် ပြန်လာကြည့်တယ်…..နောက်ဆုံး သူသိလိုက်ရတာက ဓာတုပစ္စည်တွေ၊ ပိုးသတ်ဆေးတွေ သုံးလွန်းတာကြောင့် အဲ့ဒီမြေမှာ အခြားသီးနှံတွေ ထပ်မံစိုက်ပျိုးလို့ မဖြစ်နိုင်တော့ဘူး….. လယ်သမားကြီး ဦးတာတီး အလွန်နောင်တရသွားတယ်…. 
 
You
UNESCO-LIFT

Content provider

UNESCO-LIFT

ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....