အစားထဲက ပိုးတွေ(၂).........နှမြောစာတွေမစားပါနဲ့
အရင်နေ့က အပိုင်း (၁) တင်ပေးတာ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒီနေ့တော့ အပိုင်း (၂) ကို ဖတ်ကြည့်ကြရအောင်။
Bacillus cereus
ဘယ်နေရာတွေမှာ တွေ့ရလဲဆိုရင်တော့ ဆန်တွေ၊ ထမင်းတွေမှာတောင် နေနိုင်ပါတယ်။ စွတ်ပြုတ်တွေ အချဉ်ရည်တွေ စတဲ့ အစားအစာတွေကို အခန်းအပူချိန်ထဲမှာ အချိန်တော်တော်ကြာကြာ ထားထားတယ်ဆိုရင် အဲ့ဘက်တီးရီးယားတွေ ရှိလာနိုင်ပါတယ်။
ကူးစက်ပြီး တိုက်ခိုက်ခံရရင် (၆)နာရီကနေ (၁၅)နာရီအတွင်း ဝမ်းသွားပါမယ်။ နာရီဝက်ကနေ (၆) နာရီအတွင်းမှာ ပျို့အန်တာတွေဖြစ်ပါမယ်။ ဗိုက်နာ ဗိုက်အောင့်ဖြစ်ပါမယ်။ အဲ့လို ဖြစ်ရင် ဘယ်လောက်ကြာမလဲ ဆိုတော့ (၂၄) နာရီကြာမှာပါ။
ဘာလုပ်သင့်လဲ မေးလာရင်တော့ ဝမ်းသွားလို့ အော့အန်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်အောင် အရည်များများဝင်အောင်လုပ်ပါ။ ကြိုတင်ကာကွယ်ထားချင်တယ်ဆိုရင်တော့ အအေးစားရမဲ့အရာကို အအေးအတိုင်း၊ အပူစားရမဲ့အရာကို အပူအတိုင်းပဲ ထားပြီးတော့ စားသုံးဖို့ဖြစ်ပါတယ်။ နှမြောစာတွေ မစားပါနဲ့။
Botulism
မွေးကင်းစကလေးတွေကို ကူးစက်တတ်ပါတယ်. ဆိုတော့ ကြောက်ဖို့ကောင်းပါတယ်။ ကလေးတွေကို ပျားရည်နဲ့ ပျားရည်ထုတ်ကုန်ပစ္စည်းတွေကနေတစ်ဆင့် ကူးစက်တာပါ။ ပျားရည်စိမ်ထားတဲ့ ချိုလိမ်တွေကနေ ကူးစက်ပါတယ်။ ကလေးခပ်ငယ်ငယ်တွေနဲ့ လူကြီးတွေဆိုရင် ပျားရည်ပါတဲ့ စည်သွပ်ပစ္စည်းတွေကို ကျွေးတဲ့အခါမျိုး၊ အချဉ်ပေါက် အသီးအရွက်တွေ၊ ငါးတွေ ကျွေးတဲ့အခါမျိုး၊ ခဲပတ် အာလူးဖုတ်တွေ၊ ချိစ့်၊ အသင့်စား စည်သွပ် ကြက်သွန်ဖြူတွေကနေ ကူးစက်ပါတယ်။
မွေးခါကစကလေးတွေကို ကူးစက်ဖို့ (၃)ရက်ကနေ ရက် (၃၀)လောက် ကြာတာဖြစ်ပြီးတော့၊ ကလေးတွေနဲ့ လူကြီးတွေကို ကူးစက်ဖို့ ဆိုရင်တော့ ၁၂ နာရီကနေ ၇၂ နာရီ ကြာပါတယ်။ ကူးစက်ခံရပြီဆိုရင် ဖျားတာနာတာကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။
တိုက်ခိုက်ခံရပြီဆိုရင်တော့ နို့စို့ကလေးတွေမှာ ခေါင်းမကောင်းတာ၊ နို့မစို့တာ အစားမစားတာ၊ ငိုသံမထွက်တာ၊ အရေပြားလေးတွေ လျော့တွဲကျနေတာမျိုးတွေ ဖြစ်မှာပါ။ ကလေးနဲ့ လူကြီးတွေမှာဆိုရင် အမြင်နှစ်ထပ်တွေဖြစ်မယ်။ ဝါးမယ်။ မျက်ခွံတွေလေးမယ်။ စကားပြောရင် မပီဘူး။ အစာတွေ မျိုချရတာခက်တယ်။ ပါးစပ် အာခေါင်တွေ ခြောက်ပြီးတော့ ကြွက်သားတွေ အားမရှိ ဖြစ်တတ်ပါတယ်။
ကူးစက်တိုက်ခိုက်ခံရတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကြိုတင်ကာကွယ်ဖို့ဆိုရင် အသက် (၁၂)လအောက် ကလေးတွေကို ပျားရည်နဲ့ အခြေခံပြုလုပ်ထားတဲ့ ချိုလိမ်တွေပေးမတပ်ပါနဲ့။ ကူးစက်တတ်တဲ့ အစားအသောက်တွေကို စားတဲ့အခါ၊ စည်သွပ်အစားအစာတွေကို စားတဲ့အခါမှာ သတိထားပြီးစားပေးပါ။
Salmonella
အစားအသောက်တွေထဲမှာဆိုရင် ဟင်းသီးဟင်းရွက်တွေ၊ ကြက်သား၊ ဝက်သား၊ အသီးတွေ၊ အစေ့အဆန်တွေ၊ ကြက်ဥ၊ အမဲသား နဲ့ ဂေါ်ဖီလို အလုံးလေးတွေပါတဲ့ အပင်မျိုး (မြန်မာမှာတော့မရှိသေးပါဘူး) အဲ့ဒါတွေကနေ ကူးတတ်ပါတယ်။ တွားသွားတဲ့ သတ္တဝါတွေ - မြွေ၊ ရေလိပ်၊ ဖွတ်၊ ပဒက်၊ ဖား စတဲ့အကောင်တွေ၊ ပြီးတော့ ငှက်တွေ (ငှက်ပေါက်) နဲ့ အိမ်မွေး တိရိစ္ဆာန် အကောင်လေးတွေနဲ့ သူတို့ရဲ့အစာတွေကနေ ကူးနိုင်ပါတယ်တဲ့။
ဘယ်လောက်ကြာမလဲ ဆိုတော့ (၁၂) နာရီကနေ (၇၂) နာရီ လောက်ကြာတတ်ပါတယ်။ အဲ့အချိန်ပြည့်ပြီးရင် ပြတဲ့ လက္ခဏာတွေထဲမှာ ဝမ်းသွားမယ်၊ ဖျားမယ်၊ ဗိုက်(အစာအိမ်) အောင့်မယ်၊ အော့အန်မယ်။ အဲ့လို ခံစားရမှာ (၄) ရက်ကနေ (၇)ရက်လောက် ကြာနိုင်ပါတယ်။
လုပ်ရမှာကတော့ အရည်များများဝင်အောင် လုပ်ဖို့ပါပဲ။ ကျန်းမာရေးမကောင်းတဲ့သူတွေကတော့ အန်တီဘိုင်အိုတစ်လေးတွေ သုံးနိုင်ပါတယ်။ ဆရာဝန်ညွန်ကြားချက်အတိုင်း လိုက်နာဖို့တော့ လိုပါတယ်။
ကြိုတင်ကာကွယ်ထားချင်တယ်ဆိုရင်တော့ မကျက်တကျက် ကြက်ဥ၊ မကျက်တကျက် အမဲသား၊ မကျက်တကျက် ကြက်သားတွေကို မစားဖို့နဲ့ နွားနို့ဆိုရင် ကျိုချက်ပြီးမှ သောက်ဖို့ အကြံပေးပါတယ်။ အကောင်ပလောင်လေးတွေ ကိုင်ပြီးရင် လက်သေချာဆေးပါ၊ အစားမစားခင် အစားအစာတွေ ပြင်ဆင်တော့မယ်ဆိုရင် လက်ကို သေချာပြောင်စင်အောင် ဆေးပေးပါ။
ထွန်းဝင်းကျော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....