ဖရဲသီးစားသုံးခြင်း၏ ကောင်းကျိုးများ
ဖရဲသီးတွင် ရေဓါတ် ၉၂% ပါဝင်သဖြင့် အရည်ရွှမ်းပြီး ချိုမြသော အရသာရှိသောကြောင့် စားသုံးပါက ရင်ကို အေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အပူရှိန်ကိုလည်း လျှော့ချပေးနိုင်ပါသည်။ ထို့ပြင် ခန္ဓာကိုယ်တွင်းရှိ ဆုံးရှုံးသွားသော ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး လူကိုလည်း လန်းဆန်း အမောပြေစေပါသည်။
ဖရဲသီးတွင် အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိဘဲ ရေဓါတ် ၉၂% ပါဝင်သည်က ထူးခြားလှပါသည်။ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ နှင့် ဗီတာမင်စီဓါတ်များ ပေါကြွယ်လှသည်။ ကယ်လိုရီ အလွန်နည်းပါးသဖြင့် အာဟာရဖြစ်စေပါသည်။ ယခုလို နွေရာသီကာလတွင် ပိုပြီး စားသုံးသင့်ပေသည်။
ဖရဲသီးကို ရှေးယခင်က နွေရာသီကာလတွင်သာ စားရသော်လည်း ယခုတွင် အချိန်တိုင်း စားလို့ရနေပြီဖြစ်သည်။ ဖရဲသီး စားသုံးဖို့ ဖရဲသီးချိုချို ဖရဲကောင်းကောင်းရဖို့ ရွေးချယ်ဝယ်ယူမည် ဆိုပါက -
(၁) ဖရဲသီး အောက်ခြေနားကို ကြည့်ရပါသည်။ ဖရဲသီးအညှာနှင့် မြေပြင် ထိစပ်နေတဲ့ နေရာလေးက ဖြူနေလျှင် ဖရဲသီးကောင်းဖြစ်ပါသည်။ ဝါနေလျှင် ပိုကောင်းတဲ့ ရှယ်ဖရဲသီးကောင်း ဖြစ်သွားပါပြီ။
(၂)ဖရဲသီးအလုံးက ခပ်ရှည်ရှည်ဆိုလျှင် အရည်ရွှမ်းပါသည်။ ပုဝိုင်းဝိုင်းလေးဆို အရသာချိုသည်။ ဖရဲအညှာလေးက ခြောက်သွေ့မနေဘဲ စိမ်းနေလျှင် ဖရဲသီးမမှည့်သေးပါ။ နုနေပါသေးသည်။
(၃) ဖရဲသီးပေါ်က အရေးအကြောင်းညီတာချင်းတူရင်တောင် အရောင်ပိုစိမ်းလေ အရသာပိုချိုလေ ဖြစ်ပါသည်။
(၄) အညှာကောက်တဲ့ ဖရဲသီးက အညှာဖြောင့်တဲ့ဖရဲသီးထက် ပိုချိုတတ်ပါသည်။
(၅) ဖရဲသီးအောက်ဖင်ပိုင်းက အဝိုင်းစက်လေးမှာသေးလေ အခွံပါးလေဖြစ်ပြီး အဝိုင်းစက်ကြီးလေ အခွံထူလေဖြစ်ပါသည်။
ဖရဲသီးစားပေးခြင်းဖြင့် -
(၁) နှလုံးကျန်းမာရေး အထူးကောင်းမွန်ခြင်း
(၂) ကျောက်ကပ် ကျန်းမာခြင်း
(၃) အမြင်အာရုံ တိုးတက်ကောင်းမွန်ခြင်း
(၄) သွေးတိုးရောဂါကို သက်သာစေခြင်း
(၅) အသားအရေ ဝင်းပစေခြင်း
(၆) အရိုးကျန်းမာသန်စွမ်းခြင်း
(၇) ကြွက်သားနာကျင်မှုကို ခုခံပေးခြင်း
(၈) ပန်းနာရောဂါတိုက်ဖျက်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါသည်။
ဖရဲသီးတွင် Vitamin – C များစွာပါဝင်သဖြင့် အအေးမိတုပ်ကွေးရောဂါတို့ကို အလွယ်တကူ မဖြစ်ပေါ်စေဘဲ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါသည်။ အနာများကိုလည်း လျှင်မြန်စွာကျက်စေနိင်သည်။ သွားနှင့်ခံတွင်းကိုလည်း ကောင်းကျိုးပြုပါသည်။
အချိုရှောင်ရသော ဆီးချိုဝေဒနာရှင်များအတွက်လည်း ဖရဲသီးမှာ အာသာပြေအချိုဓါတ်စာ ဖြစ်သည်။ ဖရဲသီးထဲရှိအချိုဓါတ်သည် ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်(insulin)ကို ထိန်းညှိပေးပြီး သွေးထဲရှိ သကြားပမာဏကို ကျစေသဖြင့် ဆီးချိုရောဂါရရှိသူများလည်း စားပေးသင့်ပါသည်။
ဖရဲသီးတွင် ရေဓါတ်ကြွယ်ဝစွာပါဝင်သဖြင့် ဖရဲသီးစားသုံးပါက မကြာခဏ ဆီးသွားစေသဖြင့် ကျောက်ကပ်ကို သန့်စင်စေပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပါသည်။ Uric acid ပမာဏကို လျှော့ချပေးနိုင်စွမ်းရှိပါသည်။
ဖရဲသီးတွင် Vitamin – Aကြွယ်ဝစွာ ပါဝင်သဖြင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်း စသည့် မျက်စေ့ရောဂါအမျိုးမျိုးအပြင် ဖရဲသီးတွင် ပါဝင်သော Potassium , Magnesium ဓါတ်တွေကြောင့် သွေးတိုးရောဂါကိုလည်း သက်သာစေကြောင်း သိရပါသည်။
ဖရဲသီးအရည်တွင် ပါဝင်သော အော်ဂဲနစ်ဒြပ်ပေါင်းသည် ကိုလက်စထရော (Cholestrol)ကို ကျစေကာ နှလုံးကို ကျန်းမာစေပြီး ခန္ဓာကိုယ်၏ ခံနိုင်ရည် စွမ်းအားကို တိုးတက်ကောင်းမွန်စေပါသည်။
ဖရဲသီးတွင် ပါဝင်သော ဓါတ်ပေါင်းစုတို့သည် အာရုံကြောကိုလည် အားကောင်းစေသဖြင့် နှစ်ခြိုက်စွာ အိပ်မပျော်သူများ၊ မကြာခဏ သတိမေ့တတ်သူများအတွက် ဖရဲသီးသည် အကောင်းဆုံးမှတ်ဥာဏ်အားကို ဖြစ်စေသည်။
အားကစားလုပ်ပြီးချိန်တွင် ခံစားရသည့် ကြွက်သားတောင့်တင်းနာကျင်မှုကို သက်သာစေရန် ဖရဲသီးဖျော်ရည်တစ်ခွက် သောက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။
အနီရောင်ဖရဲသီးထဲတွင် Lycopene ဟု ခေါ်သော ဓါတ်တိုးဆန့်ကျင်ပစ္ဏည်းတစ်မျိုး မြင့်မားစွာပါရှိပြီး ထိုဓါတ်မှာ အဆုတ်ကင်ဆာ ၊ အူကင်ဆာ၊ ရင်သားကင်ဆာ စသည့်နာတာရှည့် အမြစ်တွယ်ရောဂါတို့ကို တားဆီးကာကွယ်ပေးနိုင်ပါသည်။
ဖရဲသီးအစေ့ (ကွာစေ့)တွင် ပရိုတင်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီဘယမ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ဖော့စဖိတ် နှင့် သွပ်ဓါတ် စသည့် အာဟာရဓါတ်များ ပါဝင်ပါသည်။
ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပြုသော ဖရဲသီးမှာ တစ်လုံး, လုံး အသုံးဝင်ပါသည်။ ဖရဲသီးအသားကိုသာ လူတို့စားသုံးကြသည်သာမက ဖရဲစေ့ကိုလည်း ကွာစေ့ပြုလုပ်၍ စားကြပါသည်။ ထို့ပြင် ဖရဲခွံမှာမှာလည်း နွားများကြိုက်နှစ်သက်လှပြီး တိရိစ္ဆာန်အစာအတွက် အသုံးဝင်လှပါသည်။ ကျန်းမာရေးအတွက် လူတိုင်းစားသုံးသင့်သော အသီးအနှံဖြစ်ပေသည်။
ပင်လယ်ပြာ (ငါးဦးစီးဌာန)
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
U Aye Maung
လွန်ခဲ့သော ၂ နှစ် ကကျိုက်တယ်ဖရဲသီးဆရာမ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....