မျောက်ငိုသီးနှင့် ကျန်းမာရေး
မျောက်ငိုသီးမှာ အစိမ်းရောင်ရှိပြီး ပဲကြီးစေ့အရွယ်နီးပါးရှိကြသည်။ ပဲမျိုးရင်းဝင်အုပ်စု 'Fabaceae' တွင် ပါဝင်ကြပြီး အင်္ဂလိပ်လို 'Stink bean or Bitter bean' ဟုခေါ်ဆိုကြသည်။ မျောက်ငိုသီးကို တချို့ဒေသတွင် 'သစ်လိမ်သီး၊ သစ်ကဇော်' စသဖြင့်လည်း ခေါ်ဝေါ်ကြသည်။
မျောက်ငိုသီးမှာ ဒညင်းသီးနှင့် အနံ့၊ အရသာဆင်တူပြီး နှစ်သက်သူတွေက သူ့အရသာကို စွဲလန်းကြသည်ဟု သိရသည်။ ဒညင်းသီးအစားထိုး အသီးအနှံတစ်မျိုးအနေဖြင့်လည်း စားသုံးကြပြီး အရသာမှာ ဒညင်းသီးနုနုလေးကို စားရသလို ထုတ်ထုတ်လေးဖြစ်သည်။
မျောက်ငိုသီးကို ဒညင်းသီးကဲ့သို့ ကြော်စား၊ ဆားရည်စိမ်တို့စရာအနေဖြင့် စားကြသလို ဝက်သားနဲ့ကြော်စားခြင်း၊ ခရမ်းချဉ်သီး၊ ငါးပိတို့ဖြင့် ရောနှောချက်စားခြင်းသာမက မျောက်ငိုသီး ထမင်းကြော်ပြုလုပ်၍လည်း စားသုံးကြပါသည်။ မျောက်ငိုပင်သည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ချင်းပြည်နယ်တွင် အများအပြားပေါက်ရောက်ကြသည်။
မျောက်ငိုသီးတွင် ပရိုတင်း၊ အကျိုးပြုအဆီဓါတ်၊ သကြားဓါတ်၊ အမျှင်ဓါတ်၊ သံဓါတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော့ပါးနှင့် ဗီတာမင်တွေ စုံလင်အောင်ပါဝင်လို့ တကယ့်ရတနာသိုက်လို့တောင် တင်စားကြပါသည်။
ထိုကဲ့သို့ ကျန်းမာရေးကောင်းကျိုးများပြားလှသော မျောက်ငိုသီးကို စားသုံးပါက အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိလာနိုင်ပါသည်။
၁။ ပရိုတင်းဓါတ်ကြွယ်ဝတယ်
မျောက်ငိုသီးတွင် အသားဓါတ် (Protein) ကြွယ်ဝစွာပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရော (Cholestrol) ဓါတ်များကို လျော့နည်းစေနိုင်ပါသည်။
၂။ ဦးနှောက်ကျန်းမာစေတယ်
မျောက်ငိုသီးတွင် ပိုတက်စီယမ် (Potassium) ဓါတ် ကြွယ်ဝစွာပါဝင်သဖြင့် လူ့ခန္ဓာကိုယ် ရဲ့ အာရုံကြောစနစ်နှင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို မှန်ကန်စေပါသည်။
၃။ စိတ်ကြည်စေတယ်
မျောက်ငိုသီးတွင် Magnesium ဓါတ် ကြွယ်ဝစွာပါဝင်သဖြင့် Magnesium ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပါက စိတ်ကြည်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စေပါသည်။
၄။ သွေးအားကောင်းစေတယ်
မျောက်ငိုသီးတွင် သံဓါတ် (Iron) ကြွယ်ဝစွာပါဝင်သဖြင့် သွေးအားကောင်းစေပြီး သံဓါတ်မလုံလောက်ရာတွင် ဖြစ်ပေါ်တတ်သော မောပန်းလွယ်ခြင်း၊ စိတ်ရောကိုယ်ပါ အားကုန်စေခြင်းများ ကို ကာကွယ်ပေးနိုင်ပါသည်။
၅။ အစာချေစနစ်ကောင်းမွန်စေတယ်
မျောက်ငိုသီးတွင် အမျှင်ဓါတ် (fiber) ကြွယ်ဝစွာပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါသည်။
၆။ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
မျောက်ငိုသီးတွင် Vitamin-A ကြွယ်ဝစွာပါဝင်သဖြင့် အမြင်အာရုံကိုလည်း ကောင်းမွန်စေပါသည်။
၇။ ဆီးချိုထိန်းပေးတယ်
မျောက်ငိုသီးရဲ့ အာနိသင်တွေထဲမှာ သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်တဲ့အစွမ်းသတ္တိ လည်းပါဝင်သဖြင့် ဆီးချိုဖြစ်ပွားမှုကိုလည်း ထိန်းပေးပါသည်။
၈။ အရိုးကျန်းမာစေတယ်
မျောက်ငိုသီးတွင် ဖော့စဖရပ်စ် ( Phosphorus ) ကြွယ်ဝစွာပါဝင်သဖြင့် အရိုးပွခြင်းကို ကာကွယ်ပေးပါသည်။
၉။ ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးတယ်
မျောက်ငိုသီးတွင် Vitamin B6 ၊ B12 ပါဝင်သဖြင့် ဆေးလိပ်ဖြတ်သူများအနေဖြင့် စားပေး သင့်ပါသည်။ Potassium နှင့် Magnesium ပါဝင်လို့လည်း နီကိုတင် (Nicotine)ကို ပျက်စေပါသည်။
၁၀။ လေဖြတ်မှုကို ကာကွယ်ပေးတယ်
မျောက်ငိုသီးတွင် Potassium အများဆုံးပါဝင်ပေမယ့် အငန်ဓါတ်မှာ နည်းပါးသဖြင့် သွေးပေါင်ကိုကျစေပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
၁၁။ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်
မျောက်ငိုသီးတွင် Phenolic ဒြပ်ပေါင်းကြွယ်ဝသဖြင့် Bacteria ကိုသေစေပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်တဲ့အစွမ်းနှင့် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်ပါသည်။ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။
အခြားကျန်းမာရေးအကျိုးကျေးဇူးများမှာ မျောက်ငိုသီးနှင့် ပျားရည်ကို တို့စားပါက အရက်အမူးပြေစေသလို မျောက်ငိုသီးနှင့် ပျားရည်အစွမ်းက အစာအိမ်ကို အနားယူစေပြီး သွေးချိုကိုလည်း ညီမျှအောင် ညှိပေးနိုင်စွမ်းရှိသဖြင့် အစာအိမ်မကောင်းသူများလည်း စားသုံးသင့်ပါသည်။
မျောက်ငိုသီးမှာ ပန်းသီးထက် အသားဓါတ်(Protein) (၄)ဆ၊ Carbohydrate ၊ Phosphorus၊ Vitamin-A ၊ Iron (၅) ဆနှင့် အခြား Vitamin၊ Potassium များလည်း ပါဝင်တာမို့ ကျန်းမာရေးအတွက် အလွန်သင့်တော်လှပေသည်။ ထို့ကြောင့်လည်း မျောက်ငိုသီးကို ပုံမှန်စားလျှင် ဆရာဝန်နှင့် ကင်းဝေးတယ်လို့ ဆိုကြပါသည်။
သတိပြုရန်အချက်မှာ
မျောက်ငိုသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးများပြားတယ်ဆိုပြီး တစ်ကြိမ်တည်း၊ တစ်ထိုင်တည်း အများကြီးစားဖို့ မသင့်ပေ။
'တန်ဆေး ၊ လွန်ဘေး' ဆိုသလို သိမ်များလွန်းလျှင် သူ့မှာ Amino Acid ပါဝင်မှုများလို့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။
မျောက်ငိုသီးမှာ ပဲမျိုးရင်းဝင်းအုပ်စုတွင် ပါဝင်တာမို့ တခြားပဲတွေလိုပဲ သူ့မှာ Purine ပမာဏ အတော်အသင့်ပါဝင်ပါသည်။ ဒါကြောင့် ဒီပဲကို ရေစိမ်ထားပါက Urine acid တော်တော်လေး လျော့သွားစေနိုင်ပါသည်။
ထို့ကြောင့် ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ဂရုစိုက်သည့်အနေဖြင့် မျောက်ငိုသီးကို ရေစိမ်ပြီးမှ ချက်ပြုတ်သင့်ပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
Ref; Healthy Life Journal
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကဲ့
ko ko sai
လွန်ခဲ့သော ၄ နှစ် ကpetai bean
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026