စမုန်နက် နဲ့ Covid
Nigella sativa L. Fennel flower
Family: Ranunculaceae
Common Names: Black cumin, Samon-net, Small fennel
Distribution: Kachin, Sagaing
စမုန်နက်ဆိုတာနဲ့ မီးနေသည်ကို သွားမြင်မိတယ်။ မီးနေသည်ဆိုတာ နနွင်းဝါဝါ နဲ့ တောင်တန်ကြီးဆေးမြစ်ကို လိမ်းထားသည့်အမျိုးသမီးတစ်ဦးလို့သိခဲ့တာ၊ မီးနေသည်တွေဟာ မီးတွင်းမှာ စမုန်နက်အမှုန့် အထုပ်လေးတွေကို ရှူကြတယ်။ ခုခေတ်ကလေးတွေကို ဒီအကြောင်းပြောပြရင် ရယ်ကြမလားမသိ။ စမုန်နက် အကြောင်း ဒီရက်ပိုင်းမှာ လူပြောများလာပါတယ်။ အနံ့မရသူတစ်ဦး စမုန်နက်အဆီ ရှူမိရာကနေ အနံ့ ပြန်ရလာတဲ့အကြောင်း ဖေ့ဘုတ်ပေါ်တင်ရာကနေ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ အနံ့ရလာလို့ ရောဂါပိုး ကိုယ်ထဲမှာ ကင်းစင်သွားတယ်လို့ တထစ်ကျ ယူဆရင် မှားပါလိမ့်မယ်။ သတ်မှတ်ထားသော ရက်မပြည့်မခြင်း ပိုးက ခန္ဓာကိုယ်ထဲမှာ ရှိနေဦးမှာပါ။ Positive ဖြစ်လာပါက သီးခြားခွဲနေပါ။ Masks(မက်စ် တပ်ပါ။ တစ်ခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးပါ။ လူစုလူဝေးရှောင်ပါ။ ဒီအချက်တွေက မဖြစ်မနေ လိုက်နာကြရမှာပါ။
ယနေ့အထိ စမုန်နက်ဟာ Covid 19 ကို ကုသပေးနိုင်တယ် ဆိုတဲ့ တိကျ ခိုင်မာသော သုတေသန အထောက်အထား မရှိသေးပါဘူး။ ဒါပေမဲ့ Covid 19 ကို ကုသဖို့အတွက် ရွေးချယ်ထားသော Herbal medicinal plant(ဆေးဖက်ဝင်အပင်) ထဲမှာတော့ ဒီအပင်က ပါဝင်လို့နေပါတယ်။ အခုလိုအချိန်မှာ လိုရမယ်ရ အိမ်တွင်း မြန်မာဆေးအနေနဲ့ စမုန်နက် အမှုန့်လေး၊ စမုန်နက် အဆီလေးဆောင်ထားတာတော့ မမှားဖူး လို့ထင်ပါတယ်။ သောက်တာ ရှူတာ လိမ်းတာ လုပ်နိုင်ပါတယ်။ အခြား မဆိုင်သော အရာတွေ ရှောက်ရှူနေတာထက်စာရင် မဆိုးဘူးလို့ အကြံပြုလိုပါတယ်။ တန်ဆေး လွန်ဘေးပါ။
စမုန်နက် အစေ့ကို ဆေးဝါးတစ်ခုအနေနဲ့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အသုံးပြုခဲ့ကြောင်း သမိုင်း အထောက်အထားတွေရှိတယ်။ သူ့ကို King Tut ရဲ့ သင်္ချိုင်းဂူထဲမှာ တွေ့ခဲ့ရတယ်။ သမိုင်းကြောင်းအရ ဒီအနက်ရောင်အစေ့လေးတွေကို ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ သံကောင်ရောဂါ ၊ အဆစ်အမြစ်ရောင်သော ရောဂါများ ကုသရန်အတွက်သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မျက်လုံးအမှေးပါးယောင်ခြင်း pink eye (conjunctivitis) နဲ့ ပြည်တည်နာ abscesses ရောဂါများ ကုသရာမှာလည်း သုံးခဲ့တယ်။
ယခုအခါမှာတော့ စမုန်နက် အစေ့ကို ပန်းနာရင်ကျပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါများ၊ ကိုယ်အလေးချိန်ချခြင်းနှင့် အခြားသော ရောဂါအခြေအနေများအတွက် အသုံးပြုနေပါတယ်။ ဒါပေမဲ့အထက်က တင်ပြခဲ့သလို တိကျသော သိပ္ပံနည်းကျ သုတေသန အထောက်အထားကတော့ အားနည်းနေပါသေးတယ်။
ဒါပေမယ့် အချို့သော သိပ္ပံနည်းကျ အထောက်အထားတွေအရ ဒီအနက်ရောင်အစေ့လေးတွေက ကိုယ်ခံစွမ်းကို မြှင့်တင်ပေးနိုင်တယ်၊ ကင်ဆာရောဂါကို တိုက်ဖျက်ပေးတယ်၊ ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ပေးတယ်၊ ဖေးရောင်ခြင်းတွေကို လျော့စေတယ်၊ ဓာတ်မတည့်ခြင်း allergic reaction တွေကို လျောနည်းစေတယ် ဆိုတဲ့ အထောက်အထားတွေရှိပါတယ်။ ပြည့်စုံသော သတင်းအချက်အလက်တွေက လိုအပ်နေဆဲပါ။ သေချာတာတစ်ခုကတော့ In vitro, Animals and man များနဲ့ အနည်းငယ် လေ့လာမှုများအရ စမုန်နက်ဟာ immune-boosting ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်သလို၊ antioxident အကျိုးကျေးဇူးတွေ ပိုင်ဆိုင်နေတာကိုဖြင့် တွေ့ရပါတယ်။
စမုန်နက်ဆိုတဲ့အပင်?
အမည်သာကြားဖူးကြပေမည့် အပင်မြင်ဖူးသူနည်းပါတယ်။ စမုန်နက် အပင်ကို အမျိုးမျိုးခေါ်ကြတယ် black seeds,black caraway, Roman coriander, kalonji, funnel flower တို့ဖြစ်ပါတယ်။ ဒီအပင်ရဲ့ မျိုးရင်းက Ranunculaceae ဖြစ်ပါတယ်။ ခွာညိုမျိုးရင်း ဖြစ်ပါတယ်။ ဒါပေမဲ့ စမုန်နက်အပင်က နွယ်မဟုတ် တစ်နှစ်ခံ ပင်ပျော့လေးတွေသာ ဖြစ်ပါတယ်။ ဒီအပင်ကို အစေ့နှင့် herbal medicine အတွက် ရည်ရွယ်ပြီး စိုက်ပျိုးခဲ့ကြတယ်။ ဒီအပင်ရဲ့ မူရင်းဒေသများကတော့ အာရှတိုက် အနောက်တောင်ပိုင်း၊ မြေထဲပင်လယ်ဒေသနဲ့ အာဖရိကနိုင်ငံ တွေဖြစ်ပါတယ်။ Checklist 2003 အရ မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းမှာပေါက်တယ်လို့ဆိုပါတယ်။ အစေ့ရဲ့ စူးရှသောရနံက စမုန်စပါး နဲ့ ဇာတိပ္ဖုလ် တို့ရဲ့ အနံ့နဲ့ဆင်ပါတယ်။ အစေ့အနက်ကိုလှော်ပြီး ထောင်းကာ ရလာသော အမှုန့်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အိန္ဒိယ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိကမှာ တွင်ကျယ်စွာသုံးခဲ့ကြတယ်။ ဆေးဝါးအနေနဲ့ စိုက်ပေမည့် လှပသောပန်းတွေကြောင့် အလှပင်အဖြစ်လည်းစိုက်ကြတယ်။ သူနဲ့ မျိုးစိတ်တူပြီး species ကွဲသော (Nigella damascena). အပင်လေးကတော့ love- in- a - mist (မြန်မာလိုပြန်ရရင် မြူခိုးဝေသော အချစ် လို့ ဆိုရလေမလား မသိတော့) လို့ ခေါ်ပြီး အတော်လေးကို လှပါတယ်။
စမုန်နက်အပင်လေးတွေဟာ ၂ ပေခန့်သာမြင့်ပါတယ်။ ပင်စည်က ကိုင်းဖြာလေ့ရှိပြီး နက်ရှိုင်းစွာဖြင့် အတွင်းဖက် ဟိုက်နေသော အရွက်များကို သယ်ဆောင်ထားတယ်။ ရေသောက်မြစ် ကောင်းစွာ ဖွံဖြိုးပါတယ်။ ပန်းလေးတွေအရောင်က အပြာရောင်ဖျော့ဖျော့ နဲ့ အဖြူရောင် တို့ဖြစ်ပါတယ်။ ပွင့်ချပ် ၅ ခုပါပြီး များစွာသော ဝတ်ဆံဖိုများ ရှိပါတယ်။ ရှည်လျားသော အမအင်္ဂါ ၅ ခု မှ ၆ ခု ပါပြီး ပူးကပ်နေကြတယ်။ အသီးက အက်ကွဲသီး capsules ဖြစ်ပြီး အဆစ် ၆ ခုပါတယ်၊ အနက်ရောင်အစေ့တွေက သုံးထောင့်ပုံစံရှိကြတယ်။
ဒီအနက်ရောင်အစေ့တွေကို ရိုးရာ အစ္စလမ် ဆေးပညာ နဲ့ အာယုဗေဒ ဆေးပညာမှာလည်း အသုံးပြုကြတယ်၊ အစေ့တွေက သားသည်မိခင်များအတွက် နို့ပိုထွက်စေပြီး ၊ ရာသီလာခြင်းနှင့် မွေးဖွားရာမှာ ဖြစ်တတ်သော ပြဿနာများကို ကုသနိုင်တယ်လို့ ယုံကြည်ကြတယ်။ ရိုးရာဆေးပညာမှာ စမုန်နက်အဆီက ဖောရောင်ခြင်းကို ကျစေတယ်၊ ပန်းနာရင်ကျပ်ရောဂါကိုသက်သာစေပြီ၊ လေပြွန်နဲ့ ဆိုင်သော ရောဂါများကို ကုသနိုင်တယ်၊ အဆစ်အမြစ် ကိုက်ခဲခြင်းကို သက်သာစေတယ်။ အစေ့များကို လေ့လာထားသော clinical evidence များ အရ.. antimicrobial, antiparasitic, antifungal properties များပိုင်ဆိုင်ကြောင်း တွေ့ရတယ်။ ထို့ပြင် ဆီးချို နဲ့ သွေးတိုးရောဂါအတွက် ထိရောက်စွာ ကာကွယ်နိုင်တယ်လို့ဆိုထားပါတယ်။
Kothet Naing Oo
Homelin
Kyaw Nanda
လွန်ခဲ့သော ၅ နှစ် ကစမုန်နက်နဲ့နှမ်းနက်တူပါသလား။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....