တစောင်းခါးပင်နှင့် သူ၏ဆေးဖက်ဝင်ပုံ
တစောင်းခါး
Caralluma adscendens (Roxb.) R.Br.
Caralluma fimbriata Wall.
Family : Apocynaceae
မနက်စောစော မန်ကျည်းပင်စျေးရောက်တော့ တစောင်းခါး အပင်တွေတွေ့ရတယ်။ အညာဒေသဆိုတော့ အပင်မျိုးကွဲ (plants diversity) က သိပ်မရှိ၊ စျေးထဲရောက်မှ ဒေသထွက်ကုန်တွေကြည့်ပြီး ရေးစရာကုန်ကြမ်းက ရတာမျိုး။ ဒီ အပင်မြင်တော့ ပခုက္ကူကို သတိရမိသည်။ အခုလို မိုးရာသီမှာ ပခုက္ကူစျေးကြီး အပြင်ဖက်တန်းနား လာလာရောင်းသော မှိုအုန်းနက်အသည်တွေကအများကြီး၊ အထုပ်လိုက်စျေးနဲ့ရောင်းကြတာ၊ ဒီရာသီမှာ အပေါဆုံးထဲမှာ တစောင်းခါး ဖြစ်သည်။ ပခုက္ကူက တပည့်တွေက တစောင်းခါးကို "ဂဇောင်းခါး"လို့ ခေါ်တာကိုလည်း သတိထားမိသည်။ ဒေသစိယ အခေါ်ဖြစ်မှာပါ။ ပခုက္ကူက တစောင်းခါး ကလည်း ဒေသထွက်ကုန်ထဲမှာ ထင်ရှားပါသည်။
ဘယ်လိုစားမလည်း?
ဆရာသာဖြစ်တာ ကျနော်က ဟင်းချက်ရတာကိုလည်း ဝါသနာထုံတယ်။ စျေးကနေ အစိတ်သားလောက်၀ယ်။ အမြစ်ကိုဖယ် ပင်စည်ကို ရေစင်အောင်ဆေး၊ အပင်လေးတွေ အလော်တော်ဖြတ်၊ စဉ့်နီတုံးပေါ်တင်။ ပြီးရင် ဒါးပြားကြီးကြီးနဲ့ခပ်ပြားပြားလေးဖြစ်အောင် ရိုက်ချ၊ မချက်ခင် အရောင်မဲမသွားရအောင် ဆားရည်ထဲ ခဏလေးစိမ်ထား၊ ကြက်သွန်ဖြူနည်းနည်းကို ဆီသပ်ထား နနွင်းနဲ့ အရောင်တင်မှုန့် သင့်ရုံသုံး၊ သူနဲ့ အလိုက်ဖက်ဆုံးက “ပုဇွန်ခြောက်” ဘဲ (ကိုယ့် အကြိုက်ပြောတာနော်)။ ပုဇွန်ခြောက်လေးကို ညက်ညက်လေးထောင်း၊ ပင်စည်ပြားပြားလေးနဲ့ ၂ ခုကို ရောပြီးကြော်စားလိုက်ရင် အရသာက ချဉ်ခါးသက်သက်လေးမို့ ဆွေမျိုးမေ့လောက်သည်။ ကြိုက်တတ်ရင် အသားတမျိုးမျိုးနဲ့လည်း ရောချက်စားလို့လည်းရသည်။
အခုဆို သဘာ၀ပိန်ဆေးအနေ နဲ့ တစောင်းခါး ကိုစားနေကြပါပြီ။ သူ့ဓါတ်က သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။ အညာဒေသမှာ ဘယ်အိမ် သွားသွား အလကားယူလို့ရသော တဇောင်းခါး အပင်က ရန်ကုန်လိုမြို့ကြီးတွေမှာ ရှာရတာ မလွယ်လှပါဘူး၊ super market ကြီးတွေအပေါ်မှာ စျေးကြီးပေး၀ယ်စားကြရတယ်။
ဆေးဖက်၀င်ပုံ
တစောင်းခါးက ကိုလက်စထရော ကျစေသလို နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။ အမျှင်ဓါတ် fibers ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။ အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။ တစောင်းခါး စားသုံးခြင်းဖြင့် ဆာလောင်ခြင်း ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။
အပင်သရုပ်
နှစ်ရှည်ခံသော အရည်ရွှမ်းသည့် အရွက်ကင်းသည့် ပင်ပျော့တစ်ပင်သာ ဖြစ်သည်။ အပင်ကို ဖြတ်ပါက ရေကဲ့သို့သော အရည်ထွက်သည်။ ပင်စည်အရောင်က အစိမ်းပုပ် dark green အရောင်ဖြစ်သည်။ အလွန်ကိုင်းဖြာကာ ထောင်မတ်သည်။ ပင်စည်သည် ထောင့် ၄ ထောင့်ပါသည်။ အရသာ ခါးသည်၊ အရွက်လေးတွေက သေးငယ်သည်၊ အကြွေမြန်သည်၊ ရွက်ညှာ မရှိ၊ ရွက်သားပြောင်ပြီး ရွက်လယ် အကြော မထင်ရှား။ ပန်းခိုင်သည် ကြားထွက်ဖြစ်ပြီး အများအားဖြင့် တပွင့်ထီးထီး solitary ထွက်လေ့ရှိပါတယ်။ တခါတလေ ၂ ပွင့်ထွက်တတ်သည်။ လှံသွားပုံ lanceolate ပွင့်ခံရွက် bracts ရှိသည်။ ပန်းပွင့်က အရွယ်သိပ်မကြီး ၊ ပွင့်ညှာ pedicel ရှိသည်။ သို့သော် တိုသည်၊ ပွင့်ခံရွက်အုံ calyx က ၅ ခုကွဲနေသည်၊ အဝိုက် ၅ ခုက လှံသွားပုံရှိသည်၊ ထိပ်ဖြားက ချွန်သည်၊ အစိမ်းရောင်ဖြစ်သည်။ ပွင့်ချပ်အုံ crolla ကလည်း ၅ခုကွဲနေသည်၊ ပုံစံက broadly campanulate ကျယ်သော ခွက်ပုံဖြစ်သည်။ ပွင့်ချပ်အုံ အဝိုက်လေးတွေက သေးသွယ်ပြီး linear ပုံစံဖြစ်သည်။
အနားမှာ ထင်ရှားသော ရှည်လျားသည့် ပန်းခရမ်းရောင် အမွှေးလေးများ deep purple hairs ရှိသည်။ ယင်းကဲ့သို့ဖြစ်နေခြင်းကို fimbriate လို့ခေါ်သည်။ ထို့ကြောင့်လည်း မျိုးစိတ် species အမည်ကို fimbriata လို့ပေးခဲ့တာဖြစ်မည်။ corona staminal က column ကို တွဲဆက်နေတယ်။ သူက ပြွန် ရဲ့ အပြင်ဖက် အနည်းငယ်ထွက်နေပါသည်။ coronal scales ၅ ခုပါသည်၊ အဝိုက်တွေက subulate ပုံစံ ၊ အသားထူသည်၊ stigma ကို အပေါ်က မိုးထားသည်။ Anther တွေက fleshy ဖြစ်ပြီး အဝါရောင် ဖြစ်သည်။ Stigma တွေက တိုသည်၊ ထောင့် ၅ ထောင့်ပါသည်၊ ထိပ်၀က ပိပြားသောပုံစံရှိသည်။ အသီးက အက်ကွဲသီး follicle ဖြစ်သည်။
တစောင်းခါး နှင့် တစောင်းချဥ် ဘာကွာလည်း
တစောင်းခါးသည် တစောင်းချဉ် Caralluma umbellata နှင့် မျိုးစိတ် အလွန်နီးစပ် နှီးနွယ်ပါသည်။ အပင်ပုံစံလည်း ဆင်တူတာမို့ ခွဲရခက်ပါသည်။ သေချာတာကတော့ အရသာ ခါးသက်ခြင်းဖြစ်သည်။ နောက်ပြီး တဇောင်းချဉ်ပန်းပွင့်လေးက ကျယ်ပြန့်သော ခွက်ပုံ corolla ပွင့်ချပ်အုံပြွန် ပါသည်။ တစောင်းခါး ပန်းလေးတွေလို fimbrite အမွှေးလေးများ ရှိမနေပါဘူး။ တစောင်းခါး ပန်းလေးတွေက ထီးထီးထွက်လေ့ရှိပြီး တစောင်းချဉ် ပန်းလေးတွေကတော့ အစုလိုက်ထွက်ကြသည်။ ပင်စည်ကထွက်သော အတက် အချွန်လေးတွေကြည့်ပြီး အခါး နဲ့ အချဉ် ကို ဒေသခံတွေ ခွဲခြားနိုင်ကြသည်။
အစာလည်းဆေး ဆေးလည်းအစာမို့ တစောင်းခါး စားကြစို့လား
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....