ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ အခြေခံအချက်များ
အခုချိန်တွေမှာဆိုရင် ရောဂါလက္ခဏာမပြသေးပဲနဲ့လည်း ပိုးရှိနေတဲ့ လူတွေကိုတွေ့နေရပါတယ်။ တစ်ကယ်တော့ ကိုရိုနာဗိုင်းရပ်စ်က ခန္ဓာကိုယ်အတွင်းဝင်ဝင်ချင်း ရောဂါလက္ခဏာမပြသေးပါဘူး။ ဝင်ပြီး ၂ရက်ကနေ ၁၀ ရက်အတွင်းမှ စဖျားတာပါ။
ရောဂါလက္ခဏာတွေအနေနဲ့-
- လည်ချောင်းနာမယ်။
- ၅ ရက် ၆ ရက်ကြာရင် ဖျားပြီး အသက်ရှူရကြပ်မယ်။ (အဲဒီရက်လောက်မှ ဖျားတာဖြစ်လို့ မဖျားခင် ၅ ရက်လောက်အတွင်းမှာတင် ပိုးသယ်ဆောင်သူဖြစ်နေပြီးလို့ အဖျားလေးတိုင်းရုံနဲ့ ပိုးကိုမစိစစ်နိုင်ဘူးဆိုတာ သိစေချင်ပါတယ်။)
- နှာယောင်ယမ်း နှာပိတ်ခြင်းက သာမန်နဲ့မတူပဲ ရေနစ်သကဲ့သို့ မွန်းကျပ်ပြီး အသက်ရှူရခက်နေမှာပါ။ ဒီအချိန်မှာ အရေးတကြီးကုသဖို့လိုပါတယ်။
- ချောင်းချောက်ဆိုးတတ်ပြီး ရိုးရိုးတုပ်ကွေးလောက် နှာမစေးတတ်ပါဘူး။ (နှာစေပြီး သလိပ်ထနေလျှင် ရိုးရိုးအအေးပတ်တာ ဖြစ်နိုင်ချေများပါတယ်။)
ကိုရိုနာဗိုင်းရပ်စ် (Covid-19 Corona Virus) ကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် အလွန်လွယ်ကူပြီး ဆေးဝါးမလိုအပ်သည့် နည်းလမ်းကို ဆေးဖက်ဆိုင်ရာပညာရှင်များအရ ညွှန်းပေးလိုက်ပါတယ်။
၁။ အိမ်သုံးဆားရေနွေး နွေးလေးကိုငုံပြီး ခေါင်းမော့၍ ပလုတ်ကျင်းပါ။ မိမိခံနိုင်သော အပူချိန်ကို အသုံးပြုပါ။ တစ်နေ့လျှင် တစ်မိနစ်ခန့် သုံးကြိမ်ပြုလုပ်ပါ။ နှာခေါင်း၊ ပါးစပ်တို့ကနေ ဗိုင်းရပ်ဝင်လာပြီဆိုရင် လည်ပင်း ( နှာခေါင်းကနေသွားတဲ့ လေပြွန်နဲ့ ပါးစပ်ကလာတဲ့ အစာပြွန် စုံတဲ့နေရာအပါ်) မှာ ၄ ရက်ခိုအောင်းနေနိုင်ပါတယ်။ ဒါကြောင့် ဆားရည်ကို ပြောပြထားသည့်အတိုင်း ဂရုတစိုက် ပလုတ်ကျင်းသင့်ပါတယ်။
၂။ လည်ချောင်းစူးရှမှု ပိုပြင်းထန်လာခဲ့ပါက ဆားရည်ကို ငုံခြင်းအပြင် ကြက်သွန်ဖြူ တစ်စိတ်ခွာပြီး ပါးစပ်အတွင်းငုံထားပေးပါ။ ဝါးမစားရပါ။ ထို့နောက် ကြက်သွန်ဖြူကို သွားဖြင့် အနည်းငယ် ဖိကိုက်လိုက်ပါ။ ကြက်သွန်ဖြူမှ အရည်နှင့်အတူ စူးရှသည့်အပူ ထွက်လာပါလိမ့်မည်။ ထိုအပူရှိန်ကို အဆုတ်အထိရအောင်ရှူသွင်းပြီး ၁၀ စက္ကန့်ခန့် အသက်အောင့်ထားပါ။ ၎င်းတွင်ပါဝင်သည့် ဓာတ်သည် ပိုးမွှားကို သေစေသည်။ လည်ချောင်းနာခြင်းကို သက်သာစေပြီး ရောဂါ ၏ 80%ကို ကုသပေးသည်။
၃။ ချောင်းဆိုးစတင်လာပြီဆို လျှင် ရေနွေးငွေ့ကို မျက်နှာရှေ့ထားပြီး အငွေ့များကို အဆုတ်ထိရောက်အောင် ရှူပေးပါ။ တစ်နေ့ ၃ကြိမ် နှစ်ရက်ခန့် ပြုလုပ်ပေးလျှင် ရောဂါ၏ 90%ကို ကုသနိုင်ပြီး virus ကိုလည်း နှိမ်နင်းနိုင်မည်ဖြစ်သည်။
၄။ လက်ဖက်ရည်ကြမ်း၊ ရေနွေးများများသောက်ပေးပါ။ ဂျပန်ဆရာဝန်များရဲ့ အကြံပြုချက်အရ ပါးစပ်နဲ့လည်ချောင်းကို စိုစွတ်နေအောင် ထားပါ။ ရေကို အနည်းဆုံး ၁၅မိနစ်တစ်ခါသောက်ပေးပါ (ဗိုင်းရပ်စ်ဝင်နေခဲ့သည်ရှိသော် ရေသောက်လိုက်သောအခါ အစာအိမ်ထဲသို့ရောက်သွားမည်။ အစာအိမ်ထဲက အက်ဆစ်က ဗိုင်းရပ်ကို အတော်အတန် သေစေသည်)။
၅။ အာဟာရပြည့်ဝသောအစားအစာများကို စားပေးပါ။
၆။ ထမင်းတွင် ပါဝင်သော ကာဗွန်ဟိုက်ဒိုက်ဓာတ်သည် ခုခံအားကောင်းစေသည့်အတွက် ထမင်းပုံမှန်စားပေးခြင်း၊ ကာဗွန်ဟိုက်ဒရိုက်ဓာတ်ပါတဲ့ အရာများစားပေးပါ။
၇။ လက်ကို ဆပ်ပြာနဲ့မကြာခဏဆေးပေးပါ။ အရာဝတ္ထု တစ်ခုခုကိုင်ပြီးတိုင်း ဆပ်ပြာနဲ့သေချာစွာဆေးပါ။ လက်မဆေးပဲ မျက်လုံး၊ နှာခေါင်းတို့ကို မပွတ်မိအောင်သတိထားပါ။ အပြင်မှပြန်လာပြီးလို့ လက်မဆေးရသေးပဲ ကလေးကို တန်းချီတာတို့ မလုပ်သင့်ပါဘူး။ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေက ခံနိုင်ရည်အားနည်းပါတယ်။
၈။ လက်သန့်ဆေးရည်များဆောင်ထားပါ။ လက်သန့်ဆေးရည်မလွယ်ပါက တစ်ရှူးအစိုထဲ အရက်ပျံ ထည့်ထားပြီး ပွတ်ပေးလို့လည်းရပါတယ်။
၉။ များသောအားဖြင့် အိမ်မှာပဲနေပါ။ အပြင်သွားစရာရှိလာရင်လည်း နှာခေါင်းစည်းအုပ်သွားပါ။
ဝူဟန်ဗိုင်းရပ်စ်ပိုးဟာ ပျံ့နှံ့လွယ်သဖြင့် မဖြစ်လောက်ပါဘူးဟု ပေါ့ဆလို့မရပါဘူး။ တောင်သူဦးကြီးများလည်း ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်ထားသည့် ကာကွယ်ဆင်ခြင်နည်းတွေကို မှတ်သားလိုက်နာပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။ ဘာလက္ခဏာမှမပြသေးတဲ့ လူကောင်းထံမှလည်း ရောဂါပိုးဝင်ပြီးဖြစ်နေနိုင်တဲ့အတွက် အားလုံးပဲသတိရှိကြပါ။
အစိမ်းရောင်လမ်း
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
ဥိးစံကျော်
လွန်ခဲ့သော ၅ နှစ် ကကျန်းမာရေးအတွက်အကြံပေးသည့်အတွက်အထူးကျေးဇူးပါGreenway
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026