အစာအိမ်ရောဂါဖြစ်စေနိုင်တဲ့ နေ့စဉ်အမူအကျင့်များ
အစာအိမ်ရောဂါဝေဒနာကို လူတော်တော်များများခံစားဖူးကြပြီး ဘယ်လောက်ထိဆိုးဆိုးရွားရွားခံစားရလဲဆိုတာကိုလည်း သိကြမှာဖြစ်ပါတယ်။ ဒါကြောင့် မပေါ့ဆသင့်တဲ့ ဒီရောဂါဖြစ်စေတဲ့ နေ့စဉ်အမူအကျင့်တွေကို ဝေမျှသွားပါ့မယ်။
၁။ အစာစားချိန်မမှန်ခြင်း
အစားအစာကို အချိန်မှန်မှန်မစားခြင်းဟာ အစာအိမ်ရောဂါကိုဖြစ်စေပါတယ်။ ယျေဘုယျအားဖြင့် အစာအိမ်မှအစားအစာတွေကို အလုံးစုံချေဖျက်ချိန်ဟာ ၄ နာရီမှ ၆ နာရီ ကြာပါတယ်။
အစာအိမ်ထဲမှာရှိနေတဲ့အစာခြေအက်စစ်ဓာတ်ဟာ ပုံမှန်စားနေကျအချိန်တွေမှာပိုထွက်လာပါတယ်။ အဲဒီအချိန် အစာအိမ်ထဲမှာ အစာမရှိရင် အစာအိမ်နံရံတွေကို ပိုမိုထိခိုက်ရောင်ရမ်းစေပါလိမ့်မယ်။
အဲဒီအခါ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း ဝေဒနာများခံစားရပါလိမ့်မယ်။ အချိန်ကြာလာရင် အူသိမ်အစနဲ့ အစာအိမ်တွင် အနာဖြစ်ပေါ်စေပါလိမ့်မယ်။
၂။ အိပ်ရာ၀င်ခါနီး အစာစားခြင်း
အိပ်ရာဝင်ချိန်နဲ့ အလွန်နီးစပ်စွာ ညစာစားခြင်း ဒါမှမဟုတ် အစာပြေအစားအစာ(Snack)များစားခြင်းဟာ အစာအိမ်အချဉ်ပေါက်ခြင်း /ရင်ပူခြင်း( Heartburn)ကိုဖြစ်စေပါတယ်။
ညစာ ဒါမှမဟုတ် အစာပြေအစားအစာများကို ညအိပ်ရာမဝင်မီ အနည်းဆုံး ၂ နာရီ -၃နာရီလောက်ခြားပြီး စားသုံးရပါမယ်။ သင်ဟာ အစာအိမ်အချဉ်ပေါက်ခြင်း/ရင်ပူခြင်း အလွယ်တကူဖြစ်လေ့ရှိသောသူဆိုရင်တော့ အိပ်ရာရဲ့ခေါင်းရင်းပိုင်းကို ခြေရင်းပိုင်းထက်မြှင့်ပြီး အိပ်သင့်ပါတယ်။
၃။ အစားအစာကို ဗိုက်အရမ်းပြည့်အောင်စားခြင်း
အစားအစာကို ဗိုက်အရမ်းပြည့်အောင် တစ်ထိုင်တည်းစားတဲ့အခါ ရင်ကယ်ခြင်းနဲ့ အစာအိမ်အက်စစ်လျှံတက်ခြင်း(Acid Reflux)ကိုဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာစားအခါ တစ်ထိုင်တည်း ဗိုက်အပြည့်မစားဘဲ နည်းနည်းနဲ့ ခဏခဏစားသုံးသင့်ပါတယ်။
တစ်နေ့လျှင် အစာကြီး ၃ကြိမ်စားမယ့်အစား အစာလေး ၄ ကြိမ်မှ ၅ ကြိမ်ခွဲစာခြင်းဟာ အစာအိမ်အတွက်ပိုသင့်တော်စေပါတယ်။
၄။ အစားအစာကို အလွန်မြန်စွာစားခြင်း
သင်ဟာ အစားအစာကိုအလွန်မြန်စွာစားလေ့ရှိသူဆိုရင် ထိုအမူအကျင့်ဟာ သင့်အစာအိမ်ကို ဒဏ်ပိစေပါလိမ့်မယ်။ အစားအစာကို အရမ်းမြန်မြန်စားလေ့ရှိသူတွေမှာ အစာအိမ်ကျယ်ဖို့အချိန် မရှိခြင်း/ စားရင်းသောက်ရင်းမလိုအပ်တဲ့ လေများပါပူးတွဲမြိုချမိခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်းနဲ့ လေပွခြင်းတို့ဖြစ်လေ့ရှိပါတယ်။
၅။ အရက်အလွန်အကျွံသောက်ခြင်း
အရက်အလွန်အကျွံသောက်ခြင်းဟာ အစာအိမ်အနာများကို ဖြစ်စေပါတယ်။ အစာအိမ်အနာရှိနေပြီးသားသူတွေမှာ အနာကျက်နှုန်းနှေးစေပါတယ်။
၆။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကလည်း အစာရေမြိုအောက်ပိုင်းရှိ ညှစ်ကြွက်သားတွေကို လျော့ရဲစေပြီး အစာအိမ်အက်စစ်အပေါ်သို့လျှံတက်ခြင်း ဖြစ်စေပါတယ်။ ဒါ့ပြင် အစာအိမ်အနာဖြစ်ခြင်း/ပိုဆိုးစေခြင်းအပြင် ရောင်ရမ်းခြင်းကိုဖြစ်စေ/ပိုဆိုးစေပါတယ်။ ဒါတင်မက ဆေးလိပ်သောက်ခြင်းဟာ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အရေးကြီးတဲ့ Risk Factorတစ်ခုလည်းဖြစ်ပါတယ်။
၇။ ပီကေဝါးခြင်းနဲ့ ဂက်စ်ပါသောအချိုရည်များ
ပီကေဝါးခြင်းနဲ့ ဂက်စ်ပါသောအချိုရည်တွေဟာ အစာအိမ်လေပွခြင်းကိုဖြစ်စေပါတယ်။
၈။ ဆေးဝါးများသောက်သုံးခြင်း
Aspirin, NSAID အကိုက်အခဲပျောက်ဆေးတွေနဲ့ စတီးရွိုက်ဆေးတွေဟာ စာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်သွေးယိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံမသောက်သုံးမိအောင် သတိထားရပါမယ်။
၉။ ဝမ်းနှုတ်ဆေးများ မလိုအပ်ဘဲ အလွန်အကျွံသုံးခြင်း
မလိုအပ်ဘဲ မကြာခဏ ဝမ်းနှုတ်ဆေးများသုံးပြီး ဝမ်းနှုတ်ပါက အစာခြေဖျက်မှုစနစ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုစနစ်ကို ကမောက်ကမဖြစ်စေပါတယ်။ ဝမ်းလျှောတဲ့အခါ ရေဓာတ်ဆုံးရှုံးခြင်းအပြင် အူလမ်းကြောင်းအကျိုးပြု သဘာဝပိုး(Probiotics)လေးများပါ ဆုံးရှုံးသွားတဲ့အတွက် အစာမကြေခြင်းနဲ့ ဗိုက်ကယ်ခြင်းတို့ခံစားရပါလိမ့်မယ်။
၁၀။ စိတ်ဖိစီးမှုများ
နိစ္စဓူ၀ စိတ်ဖိစီးမှုလွန်ကဲမှုတွေဟာလည်း အစာအိမ်ရောဂါကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ အစာမကြေခြင်း၊ အစာအိမ်အောင့်ခြင်း၊ အစာအိမ်အနာပိုဆိုးစေခြင်းနဲ့ အူလှုပ်ရှားမှုမူမမှန်သောရာဂါစု(Irritable Bowel Syndrome-IBS)ကို ပိုဆိုးစေပါတယ်။
၁၁။ အစားအစာများ
ဆီးများသောအစားအစာများ
- အကြော်များ
- တရားလွန်ပူစပ်သောအစားအစာများ
- ဆိုးဆေးပါသောအစားအစာများ
- မပုပ်မသိုးအောင် တာရှည်ခံဓာတုဆေးဝါးများသုံးထားတဲ့ အစားအသောက်များ
- အမျှင်ဓာတ်လုံလောက်အောင် မစားသောက်တာတွေဟာလည်း အစာအိမ်နှဲ့ အူလမ်းကြောင်းရောဂါဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။
Author: Dr. Yin Yin Win
Source - On Doctor
နေထက်
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုဆေးတွေသောက်ရမလဲ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026