သွေးပေါင်ကျဆေးတွေ တကယ်လိုတာဟုတ်ရဲ့လား?
သွေးတိုးရောဂါဆိုတာ ကြောက်စရာကောင်းတာ…လေဖြတ်တတ်တာ….နှလုံးပျက်စီးစေနိုင်တာ…ကျောက်ကပ်ထိခိုက်စေနိုင်တာ… မျက်လုံးထိခိုက်စေနိုင်တာ.. လူတော်တော်များများသိကြပြီးသားဖြစ်ပါတယ်။
သွေးတိုးရင် မူးတတ်တယ်။ ခေါင်းလေးတတ်တယ်။ ဇက်ကြောတက်နိုင်တယ်ဆိုတဲ့ ဗဟုသုတလည်း တော်တော်များများမှာ ရှိကြပါတယ်။
ဒါပေမဲ့ လူတော်တော်များများ မှားနေတတ်ကြတဲ့အယူအဆက ဘယ်အခြေအနေကို တကယ့်သွေးတိုးရောဂါလို့ခေါ်တာလဲ? သွေးကျဆေးတွေကို ဘယ်လိုသောက်ရမလဲ? ဆိုတာပဲဖြစ်ပါတယ်။
တကယ့်သွေးတိုးရောဂါဆိုတာ ဘာလဲ ?
သွေးပေါင်ချိန်လို့ခေါ်ကြတဲ့ လူ့ခန္ဓာကိုယ်အတွင်းသွေးကြောတွေထဲက သွေးဖိအားတက်နိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။
ဥပမာ..စိတ်ညစ်စရာတစ်ခုခု စိတ်လှုပ်ရှားစရာတစ်ခုခု ပေါ်လာလို့ဖြစ်စေ၊ ထိတ်လန့်စရာတစ်ခုခုရှိလို့ဖြစ်စေ၊ အိပ်ရေးပျက်လို့ဖြစ်စေ၊ အစားတစ်ခုခုမှားလို့ဖြစ်စေ၊ ဘာကြောင့်မဆို ခဏတဖြုတ် သွေးပေါင်ချိန်တက်သွားတတ်ပါတယ်။
ယာယီသွေးတက်တာပဲဖြစ်လို့ အနားယူလိုက်တဲ့အခါ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်သွားတဲ့အခါ သွေးပေါင်ချိန်လည်း ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။
အသိသာဆုံးဥပမာကတော့ ဆေးရုံဆေးခန်းတွေမှာ သွေးပေါင်ချိန်လိုက်ရင် စိတ်လှုပ်ရှားမှုနဲ့ ကြောက်စိတ်ကြောင့် ပုံမှန်ထက် သွေးပေါင်ချိန်ပိုတက်နေတတ်ပါတယ်။ ဒါကို White Coat hypertension လို့ခေါ်ပါတယ်။
ဒါကြောင့်လည်း Home Blood Pressure Monitoring လို့ခေါ်တဲ့ အိမ်မှာနေ့စဉ်ပုံမှန်ချိန်ထားတဲ့ သွေးပေါင်ချိန်က အရေးကြီးတာဖြစ်ပါတယ်။
ဒါကြောင့် ဆေးရုံဆေးခန်းတွေမှာလည်း သွေးပေါင်ကို လူနာရောက်ရောက်ချင်း တန်းချိန်တာမျိုး၊ တစ်ခါတည်းချိန်ပြီး သွေးတိုးရောဂါလို့ ရောဂါနာမည်တန်းတပ်တာမျိုး၊ သွေးကျဆေးတွေ တန်းသောက်ခိုင်းတာမျိုး မလုပ်ရပါဘူး။ ၁၃၅/၈၅ ဝန်းကျင်လောက် အမြဲဖြစ်နေရင်တော့ စပြီး သတိထားသင့်ပါပြီ။ သွေးတိုးရောဂါ အစပျိုးနေပြီဖြစ်ပါတယ်။
တကယ့်သွေးတိုးရောဂါလို့ သတ်မှတ်မယ်ဆို အမြဲတမ်း ဘယ်မှာချိန်ချိန် ဘယ်နှခါချိန်ချိန် ၊ တက်စာ စားစား/မစားစား ဘာအကြောင်းပြချက်မှမရှိဘဲ သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ အထက်မှာ ရှိနေရပါမယ်။
ဘယ်သွေးကျဆေးသောက်ရမလဲ ??
မိမိရဲ့ အသက်အရွယ်၊ သွေးပေါင်ချိန်အနေအထားနဲ့ တခြားရောဂါတွေရှိမရှိပေါ်မူတည်ပြီး ဆရာဝန်ဆုံးဖြတ်ပါလိမ့်မယ်။
Antihypertensive လို့ခေါ်တဲ့ သွေးကျဆေးအုပ်စုဝင် ဆေးအမျိုးအစားကွဲတွေ အများကြီးရှိပါတယ်။
မိမိနဲ့ တကယ်သင့်တော်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်မယ့်ဆေးကို ရွေးချယ်ညွှန်ကြားပေးဖို့က ဆရာဝန်ရဲ့တာဝန်ဖြစ်ပါတယ်။
သွေးညှိဆေးဆိုတာဘာလဲ ??
ဆေးဆိုင်တွေမှာ ရပ်ကွက်ထဲမှာ သွေးညှိဆေးလို့ ခေါ်နေကြတဲ့ ဆေးတွေအားလုံးကလည်း သွေးကျဆေးအုပ်စုဝင် သွေးကျဆေးတွေပါပဲ။
လူတွေမှာ သိပ်လွဲမှားနေတဲ့ အယူအဆတစ်ခုက သွေးညှိဆေးဆိုတဲ့ဆေးတွေကို သွေးတိုးရောဂါမရှိလည်း သောက်လို့ရတယ်။ အန္တရာယ်ရှိလောက်တဲ့အထိ ထိုးမကျဘူးလို့ ထင်နေကြပါတယ်။
အလွယ်တကူ ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်နေတတ်ကြပါတယ်။ သွေးပေါင်မချိန်ကြည့်ဘဲနဲ့တောင် စိတ်ကြိုက်ဝယ်သောက်နေတာမျိုးတွေ ရှိတဲ့အတွက် အန္တရာယ်သိပ်များလှပါတယ်။
ဘယ်အမျိုးအစားပဲဖြစ်ဖြစ် သွေးပေါင်ကျဆေးတွေအားလုံးက နှလုံးနဲ့ သွေးကြောတွေမှာ သက်ရောက်မှုတွေရှိတဲ့အတွက် တကယ်သွေးတိုးရောဂါမရှိသူတွေအတွက် အခန့်မသင့်ရင် အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်ပါတယ်။
တခြားဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးရှိတာမို့ ဆရာဝန်မညွှန်ကြားရင် လုံးဝမသောက်ပါနဲ့။
တကယ်သွေးတိုးရောဂါဖြစ်နေရင်ရော ??
ဒီလိုလူနာတွေမှာတော့ ဆရာဝန်ညွှန်ကြားတဲ့ သွေးပေါင်ကျဆေးနဲ့ တခြားလိုအပ်လို့ ညွှန်ကြားထားတဲ့ ဆေးတွေအားလုံးကို မပျက်မကွက် မှန်မှန်သောက်နေဖို့လိုပါတယ်။
သွေးပေါင်ချိန်မှန်လာပြီ ကျလာပြီဆိုရင်တောင် ဆေးမဖြတ်ဘဲ ပုံမှန်သောက်ရပါမယ်။
ရက်ချိန်းပုံမှန်ပြဖို့လိုသလို ဆရာဝန်က အိမ်မှာသွေးပေါင်ချိန်ဖို့ ညွှန်ကြားထားရင်လည်း လိုက်နာဖို့လိုပါတယ်။
ဆေးကြောင့်မူးလာတာ သွေးပေါင်အရမ်းထိုးကျတာမျိုး ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ရပါမယ်။
သွေးတိုးရောဂါရှိရှိ /မရှိရှိ ကျန်းမာစေတဲ့နေထိုင်မှုပုံစံနဲ့ နေထိုင်သွားဖို့ကတော့ ကျွန်တော်တို့ လူသားအားလုံးရဲ့ မွေးရာပါတာဝန်ပဲဖြစ်ပါတယ်..။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း (22.1.20)
Source - On Doctor
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....