အိပ်ခါနီး မစားသင့်တဲ့ အစားအစာ (၈) မျိုး
ညလေး နည်းနည်း နက်လာပြီ ဆိုတာနဲ့ ဗိုက်ဆာ လာတတ်ပါတယ်။ ညစာစားပြီးချိန် နည်းနည်းလေး ကြာပြီဆိုတာနဲ့ ဗိုက်ပြန်ဆာကြတာ လူတိုင်းနီးပါးပါပဲ။ အဲ့ဒီ အချိန်ဆို ရေခဲသေတ္တာ ဖွင့်မယ်၊ ကြောင်အိမ် ဖွင့်မယ်နဲ့ စားစရာ ရှာတတ်ကြပါပြီ။ ညလယ်စာ စားချိန်မှာ စားလိုက်တဲ့ အစားအစာဟာ ခန္ဓ္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ညလယ်စာ စားတဲ့အခါ မစားသင့်တဲ့ အစားအစာတွေကို သိထားသင့်ပါတယ်။
၁။ အနီရောင် ရှိသော အသား
အနီရောင် ရှိတဲ့ အသားတွေဆိုတာ မြန်မာပြည်မှာတော့ ဝက်သားတို့ အမဲသားတို့ပဲ စားကြတာ များပါတယ်။ ဝက်သားကင်လေးဖြစ်ဖြစ် အမဲသားကြော်လေး ဖြစ်ဖြစ် စားလိုက်ရရင် အတော် အရဿ ရှိမှာပါ။ ဒါပေမယ့် ညလယ်စာ အနေနဲ့တော့ မစားမိပါစေနဲ့။ အနီရောင်ရှိတဲ့ အသားတွေဟာ ခန္ဓ္ဓာကိုယ်ရဲ့ သဘာ၀ ဖြစ်စဉ်တွေကို ကန်ထုတ်ပစ်ပါလိမ့်မယ်။ အိပ်မပျော်စေဘဲ နောက်နေ့တွေမှာလည်း စိတ်မကြည်မသာ ဖြစ်စေပါလိမ့်မယ်။
၂။ ဟင်းသီးဟင်းရွက်
အသီးအရွက်တွေဟာ ခန္ဓ္ဓာကိုယ် အတွက် အကောင်းဆုံး အစားအစာတွေပါ။ အိပ်ခါနီး စားရင်လည်း ကျန်းမာရေးနဲ့ ညီတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မှားပါတယ်။ အသီးအရွက်တွေဟာ အမျှင်ဓာတ် ပမာဏ အများအပြား ပါဝင်တဲ့ အတွက် အစာကြေမှု စနစ်ကို နည်းနည်းပဲ လုပ်ဆောင်ပါတယ်။ ညလယ်စာ အနေနဲ့ စားမိလိုက်ရင် သင့်ကို နိုးကြွစေပြီး အိပ်မရတဲ့ ညတစ်ည ဖြစ်သွားပါလိမ့်မယ်။
၃။ Chips
ညဘက်တွေမှာ အများဆုံး စားဖြစ်တာက အာလူးကြော်တွေနဲ့ တခြား ဆီကြော်မုန့်တွေပါပဲ။ ဝိတ်ထိန်းနေသူတွေ ဆိုရင်တော့ လုံး၀ ရှောင်ကျဉ်သင့်တဲ့ အစားအစာပါ။ အစာကြေမှုကို နှောင့်ယှက်ပြီး အိပ်မပျော်တာ ခေါင်းမကြည်တာတွေနဲ့ တွေ့ကြုံရပါလိမ့်မယ်။
၄။ ရေခဲမုန့်
ရေခဲသေတ္တာကို ဖွင့်လိုက်ချိန်မှာ အစွဲဆောင်ဆုံးက ရေခဲမုန့်တွေပါ။ ညဘက် ရုပ်ရှင်ကြည့်ရင်း စားရင်လည်း တော်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက်ကတော့ အဆင်မပြေစေပါဘူး။ ရေခဲမုန့်မှာ သကြားဓာတ်နဲ့ အဆီတွေ အများကြီး ပါဝင်တဲ့ အတွက် မအိပ်ခင် စားမယ်ဆိုရင် ခန္ဓ္ဓာကိုယ်ဟာ အဆီတွေကို ချေဖျက်ပေးဖို့ ခက်ခဲပါလိမ့်မယ်။ ဝိတ်တက်လာစေတဲ့ အကြောင်းအရာထဲက တရားခံ တစ်ခုပေါ့။
၅။ ပီဇာ
ရေခဲသေတ္တာထဲမှာ ဝယ်ထားတဲ့ ပီဇာ တစ်ပိုင်း ကျန်လို့ ညအိပ်ခါနီးမှ စားမယ်ဆိုတဲ့ အတွေးကို အဝေး ထုတ်ပစ်လိုက်ပါ။ မနက်မှ စားရင် ပိုအဆင်ပြေပါလိမ့်မယ်။ ညဘက်မှာ ပီဇာ စားခြင်းဟာ ဝိတ်ကို မတက်စေပေမယ့် နှလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ မကောင်းတတ်ပါဘူး။ အဓိကကတော့ အိပ်မပျော်စေတာပါ။
၆။ ချောကလက်
ကဖင်းဓာတ် အများစုရဲ့ မူလရင်းမြစ်ဟာ ချောကလက်ကဆိုတာ လူတိုင်း နီးပါး မသိကြပါဘူး။ ညဘက်တွေ အိပ်မပျော်မှာ စိုးလို့ ကော်ဖီ မသောက်ဘူး ချောကလက်ပဲ စားတော့မယ်ဆိုတဲ့ လူတွေဟာ အနည်းငယ်တော့ မှားနေပါတယ်။ အိပ်မပျော်မှာ စိုးလို့ ကော်ဖီ မသောက်ရင် ချောကလက်ပါ မေ့လိုက်ပါ။ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ အတူတူပါပဲ။
၇။ အရက်
ညဘက်တွေမှာ ဝိုင်နီ ၂ခွက် သောက်ပေးခြင်းဟာ အဆီကျစေတယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် အယ်ကိုဟောဓာတ် အများအပြား ပါဝင်ရင်တော့ မကောင်းတော့ပါဘူး။ ရင်ပူစေပြီး ခဏ ခဏ နိုးနေပါလိမ့်မယ်။ နောက်နေ့မှာတော့ မကြည်သာတဲ့ အချိန်တွေကို ရစေတတ်ပါတယ်။
၈။ ငရုတ်သီး
ညဘက်တွေမှာ မြန်မာတွေကတော့ လက်ဖက်စားရင်း စားတာဖြစ်ဖြစ် တခြား အသုပ်တွေ စားလို့ပဲ ဖြစ်ဖြစ် ငရုတ်သီးကို စားဖြစ်ကြပါတယ်။ ငရုတ်သီးဟာ ကာဗွန်ဟိုက်ဒရိတ်ကိုတင် ဖြည့်တာမဟုတ်ဘဲ ကယ်လိုရီကိုလည်း မြင့်မားစေပါတယ်။ ညဘက်တွေမှာ စားမယ်ဆိုရင်တော့ ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူးလို့ သုတေသီတွေက ပြောထားပါတယ်။
မြန်မာပြည်အတွက် ထည့်ဖြည့်ချင်တာကတော့ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ပဲ ဖြစ်ပါတယ်။ မျက်စိကြောင်ပြီး အိပ်ချင်နေရင်တောင် လုံး၀ အိပ်မပျော်ဖြစ်စေတတ်လို့ပါ။ လှပတဲ့ အိပ်မက်တွေနဲ့ ပြည့်စုံတဲ့ ညလေးတွေကို ပိုင်ဆိုင်ကြပါစေ။
MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုမျိုးကျော်
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးအထူးတင်ပါတယ်
U Tin Ko
လွန်ခဲ့သော ၅ နှစ် ကသိရသည့်တွက်ကျေးဇူးပါ
Nay Myi
လွန်ခဲ့သော ၅ နှစ် ကအဲတာဆို ဘာစားရင်သင့်တော်မလဲပြေပြပေးပါ
ဦးမြင့်သိန်းထွန်း
လွန်ခဲ့သော ၅ နှစ် ကပျားရည်တို့ြက်ဥတို့သောက်ရင်ရပါလား
ဦညီညီ
လွန်ခဲ့သော ၅ နှစ် ကသိရလို့ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....