ကင်ဆာရောဂါကာကွယ်ပေးနိုင်သော အစားအစာ(၈)မျိုး
၁။ မာလကာသီး
မြန်မာနိုင်ငံမှာပေါများသော မာလကာသီးက ဗီတာမင် - စီ အကြွယ်ဝဆုံးသစ်သီးတွေစာရင်းထဲမှာ ပါဝင်ပါသည်။ အချဉ်အရသာရှိတဲ့အသီး (သံပုရာသီးစသည့်) တွေမှာ ဗီတာမင် - စီ ကြွယ်ဝတာကို လူတိုင်းလိုလိုသိထားကြပါသည်။ မာလကာသီးဟာ ချဉ်တဲ့အသီးစာရင်းမှာ မပါပေမယ့် ဗီတာမင် - စီ အကြွယ်ဝဆုံး သစ်သီးတွေစာရင်းမှာ ပါဝင်ပါသည်။ အစာမျှင်ဓာတ်လည်း ကြွယ်ဝပါသည်။ အဲ့ဒီအစာမျှင်ဓာတ်သည် ဝမ်းကိုမှန်စေပါသည်။ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ သွေးထဲမှာ သကြားဓါတ်မြင့်တက်မလာအောင် ထိန်းသိမ်းပေးနိုင်ပါသည်။
၂။ ပန်းသီး
ပန်းသီးတွင် ဗီတာမင်-စီ တော့ သိပ်များများမပါပေ။ သို့သော် အောက်စီဂျင်ဓာတ်တိုးဆန့်ကျင်တဲ့ အန်တီအောက်စီဒန့် (antioxidant) တွေနှင့် ဗီတာမင် - စီ ၏ အာနိသင်ကို ပိုပြီးထက်မြက်စေသော ဖလဗိုနွိုက် (Flavonoid) ခေါ် ဓာတ်တွေပါဝင်ပါသည်။ အူမကြီးကင်ဆာ၊ နှလုံးရောဂါနှင့် လေဖြစ်တာတွေကို လျော့နည်းစေနိုင်ပါတယ်။
၃။ လိမ္မော်သီး
ဗီတာမင် - စီ ဓာတ်ပေါများစွာပါဝင်သော အသီးများထဲတွင် လိမ္မော်သီးသည်လည်း အပါအဝင်ဖြစ်၏။ ထို့ပြင် ကင်ဆာရောဂါကို ဟန့်တားနိုင်သော antioxidant ဓာတ်လည်း လိမ္မော်သီးတွင်ပါဝင်သည်ကို တွေ့ရပါသည်။ လိမ္မော်သီးကို တစ်နေ့တစ်လုံး၊ နှစ်လုံး မှန်မှန်စာလျှင် သာမန်အအေးမိတာလောက်ကို မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် သွေးထဲတွင် ကိုလက်စထရောလည်း လျှော့နည်းလာပါလိမ့်မည်။ ကျောက်ကပ်တွင် ကျောက်မတည်အောင် အူမကြီးကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။
၄။ ဖရဲသီး
ဖရဲသီးတွင် ခန္ဓာကိုယ်၏ ရောဂါခုခံစွမ်းအားကို မြင့်မားစေသော ဂလူတာသိုင်အိုနီး (Glutathione) ဓါတ်တွေ အများကြီးပါသည့်အပြင် ကင်ဆာရောဂါကို ခုခံတိုက်ဖျက်နိုင်စွမ်းရှိသော လိုင်ကိုပင်း (Lycopene) ဆိုသည့်ဓါတ်လည်း ကြွယ်ဝပါသည်။ ခရမ်းချဉ်သီးအမှည့်လိုပင် လိုင်ကိုပင်း (Lycopene) ကြွယ်ဝသည့်အသီးဖြစ်ပါသည်။ လိုင်ကိုပင်း (Lycopene) သည် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်မှုကို လျော့နည်းစေပါသည်။ ဖရဲသီးသည် ဆီးပူ ၊ ဆီးကျင်ခြင်းနှင့် ဆီးသွားရခက်ခဲခြင်းဝေဒနာများကိုလည်း သက်သာစေနိုင်ပါသည်။
၅။ စတော်ဘယ်ရီ
အန်တီအောက်စီဒန့် (Antioxidant) အောက်စီဂျင်ဓါတ်တိုးဆန့်ကျင်နိုင်စွမ်းရှိသည့် နေရာတွင် ဘယ်အသီးမှ စတော်ဘယ်ရီသီးကို လိုက်မမီပေ။ ထိုအစွမ်းနှင့်ပင် စတော်ဘယ်ရီသီးသည် ကင်ဆာဖြစ်အောင် သွေးကြောထဲတွင် သွေးခဲအောင်လုပ်တတ်သည့် Free Radical တွေမှ ကာကွယ်ပေးကြောင်းလည်း သိရပါသည်။
စတော်ဘက်ရီသီးတွင် စီဗစ် (Cevit) ဓါတ်လည်း များစွာပါဝင်နေသည့်အတွက် မကြာမကြာစားသုံးသင့်သော အာဟာရတစ်မျိုးဖြစ်၏။ စတော်ဘယ်ရီသီး၏ အနီရောင်ချယ်သောဓါတ်သည် မုန်လာဥနီ၊ ခရမ်းချဉ်သီးမှည့်တို့နှင့် အလားတူသည်ကို တွေ့ရသည်။
၆။ မှို
လင်ဇီးမှို၊ မျောက်ခေါင်းမှို၊ သစ်ကပ်မှို ၊ ကြွက်နားရွက်မှိုများအပါအဝင် လူတို့စားသုံးနိုင်သော အဆိပ်အတောက်ကင်းသည့် မှိုများတွင် ကင်ဆာရောဂါကို ကာကွယ်ခုခံနိုင်သော Antioxidants ဓါတ် များစွာပါဝင်ကြောင်း စမ်းသပ်တွေ့ရှိကြသည်။
ထို့အပြင် မှိုမဟုတ်သော်လည်း အဖြူရောင်ကျောက်ပွင့် အစိမ်းရောင်ကျောက်ပွင့်နှင့် စိမ်းပြာရေညှိတို့တွင်လည်း ကင်ဆာရောဂါကို ခုခံကာကွယ်နိုင်သောဓါတ်များစွာ ပါရှိသည်ကိုတွေ့ရသည်။ ထို့အပြင် ကယ်လ်ဆီယမ် (Calcium) ဓါတ်နှင့် ဗီတာမင် - ဒီ(Vitamin D) များစွာပါဝင်သော မလိုင်ထုတ်ထားသည့် နွားနို့၊ ငါးလင်ပန်း၊ ငါးရှဉ့်အဝါ ၊ ငါးသေတ္တာငါး၊ ငါးဖယ်နှင့် ငါးအမျိုးမျိုးတို့သည်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်သော အစားအသောက်များတွင် ပါဝင်လေသည်။
၇။ ပဲနောက်၊ ပဲစိမ်းငုံ၊ ပဲအမျိုးမျိုး
ပဲပုပ်ပဲ၊ ပဲနောက်၊ ပဲစိမ်းငုံ၊ ပဲနံ့သာ၊ ပဲမောင်မခေါ်နှင့် ပဲအမျိုးမျိုးတို့သည်လည်း ကင်ဆာရောဂါကာကွယ်နိုင်သည်။ ထို့အပြင် ဂျုံ့ဖွဲ ၊ ဖွဲနု စသော အစားအသောက်များသည်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် အစားအသောက်များ ဖြစ်သည်။
၈။ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ကိုက်လန်နှင့် ပန်းဂေါ်ဖီ
အထက်ပါ မုန်ညှင်းမျိုးရင်းဝင် အသီးအရွက်များနှင့် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် အစိမ်းရာင် ပန်းဂေါ်ဖီပွင့် (Broccoli) များသည်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် Antioxidants ဓါတ်များစွာ ပါဝင်ကြလေသည်။ မုန်ညှင်းဟုဆိုရာတွင် မုန်ညှင်းဖြူ၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းထုပ်၊ ထိုင်ဝမ်မုန်ညှင်းခေါ်သော မုန်ညှင်းပု၊ ကိုက်လန်ရွက်များလည်း ပါဝင်ပါသည်။ ပန်းဂေါ်ဖီပွင့်တွင် အဖြူရောင် ပန်းဂေါ်ဖီပွင့်နှင့် အစိမ်းရောင်ပန်းဂေါ်ဖီပွင့် နှစ်မျိုးရှိရာ နှစ်မျိုးစလုံးပင် ကင်ဆာရောဂါကို ကာကွယ်သည့် အစားအသောက်စာရင်းတွင် ပါဝင်သည်။ သို့ရာတွင် အစိမ်းရောင် ဂေါ်ဖီပန်းပွင့်က ပိုမိုနူးညံ့ပြီး အစာလည်းကြေလွယ်သည့်အပြင် အာနိသင်လည်း ပိုသည်။ ထို့အပြင် fibre အမျှင်ဓါတ်ပါဝင်သော အစိမ်းရောင်အရွက်များဖြစ်သည့် ဟင်းနုနွယ်ရွက်၊ ကင်းပုံရွက်၊ ကျောက်ဖရုံရွက်၊ မုန်လာရွက်၊ မြင်းခွာရွက်၊ ကန်စွန်းရွက်၊ ဗူးရွက် စသော ကလိုရိုဖီး (chlorophyll) များစွာပါဝင်သော ဟင်းသီးဟင်းရွက်များသည်လည်း ကင်ဆာရောဂါကာကွယ်ပေးသည်။
ဗအုပ်ခိုင် (ကင်ဆာရောဂါ၏ ရေသောက်မြစ်များနှင့် အစွမ်းထက်သဘာဝဆေးပင်များ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026