အစိမ်းရောင်လမ်း
ပြည့်ဝသောအာဟာရအတွက် ငါးစားသုံးပါ

ပြည့်ဝသောအာဟာရအတွက် ငါးစားသုံးပါ

   လူတိုင်းလူတိုင်း ကျားမမရွေး ကလေး၊ လူကြီး၊ ပိန်ချုံးချည့်နဲ့၍ အားအင်ကုန်ခမ်းချို့တဲ့နေလျှင် ငါးကို မီးဖုတ်၍စားသုံးပါက အင်အားများ ပြည့်ဖြိုးလာစေပါသည်။ ငါးမီးဖုတ်ကို အရေခွံတင်းနေအောင် မီးဖုတ်ပါ။ ကြက်သွန်နီဥကြီးအား အကွင်းလိုက်လှီး၍ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ သံပုရာသီးညှစ်ပြီး နံနံပင်ဖြင့် ငါးမီးဖုတ်သုပ်စားပါက အင်အားပြည့်ဖြိုးလာစေပါသည်။ 

   ဒူးနာရောဂါအတွက် ငါးကြင်းခေါင်းဟင်းချိုချက်သောက်ပါက ဒူးနာရောဂါကို သက်သာပျောက်ကင်းစေပါသည်။ ငါးကြင်းခေါင်းအတွင်းရှိ ကျန်းမာရေးအတွက် အထောက်အကူပြုသော အဆီများ မဆုံးရှုံးစေရေးအတွက် ငါးခေါင်းကို ထက်ခြမ်းမခွဲဘဲ အလုံးအတိုင်းရေစင်စင်ဆေးပါ။ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငံပြာရည်တို့ဖြင့် ရောနယ်၍ ထားပါ။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်နီ၊ ချင်းအနည်းငယ်ကို ရောထောင်းပြီး ဆီကျက်ပါက ဆီသတ်၍ အဝါရောင်သမ်းလာပါက ငရုတ်သီးမှုန့် (အရောင်တင်မှုန့်) အနည်းငယ် (လက်ဖက်စားဇွန်း ၁ ဇွန်း) ထည့်၍ ငါးခေါင်းများထည့်ပြီး ဒယ်အိုးအားဖုံးအုပ်ထားပါ။ ငါးခေါင်းများ ကြေမသွားစေရန်နှင့် အတွင်းသားများ နူးနပ်စေရန် ငါးခေါင်းမျာကို ထောင်၍ မြုပ်သည်အထိ ရေနွေးထည့်ပြီး ချက်ပါ။ ဟင်းရည်ဆူပွက်ပါက အပေါ့အငန်မြည်း၍ ကြက်သွန်ဖြူဓားပြားရိုက်ထားပြီး မီးဖိုပေါ်မှချပါ။ ဟင်းရည်သောက်ပန်ကန်လုံးအတွင်း ရှောက်ရွက်ပါးပါးလှီး၍ဖြစ်စေ၊ သံပုရာရည်ညစ်၍ဖြစ်စေ ထည့်သောက်ပါ အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွှတ်သော ငါးကြင်းခေါင်းဟင်းချိုကို စားသုံးနိုင်ပါသည်။ ငါးခေါင်းထဲမှ အဆီနှင့် အသားများကို စုပ်၍စားပါ။ တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်စားပေးပါက ဒူးနာရောဂါ ပျောက်ကင်းစေပါသည်။

   “ခေတ်မီသူတိုင်း ရေငန်ငါးကို စားကြသည်။" ဟု ခေတ်စားလာချိန်တွင် ကျန်းမာသန်စွမ်းခြင်းနှင့် အာဟာရအင်အားမျှတမှုကို ရရှိစေသောကြောင့်လူသားတိုင်း ငါးစားသုံးခြင်းဖြင့် "ကျန်းမာပျော်ရွင်သော မိသားစုဘဝကို ရေရည်ရပ်တည်နိုင်ကြပါစေ" ဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 

ဒို့ကျေးရွာ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....