အစိမ်းရောင်လမ်း
ကိုရိုနာကာကွယ်ဖို့ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမယ့် အာဟာရ (၅)မျိုး

ကိုရိုနာကာကွယ်ဖို့ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမယ့် အာဟာရ (၅)မျိုး

ကမ္ဘာနဲ့အဝှမ်း ကပ်ရောဂါနဲ့ကြုံနေတဲ့အချိန် နေ့စဉ်အစားအသောက်တွေက ကျွန်တော်တို့အတွက် အထောက်အကူပေးနိုင်တဲ့အရာတွေပါ။ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်အောင် ဘယ်လိုအာဟာရတွေစားသင့်လဲ လေ့လာထားရင် မမှားပါဘူးဗျာ။

၁။ ဗီတာမင် အေ

သူကတော့ ကျွန်တော်တို့အရေပြားရဲ့ဆဲလ်တွေ၊ အသက်ရှုလမ်းကြောင်းနဲ့ အူနံရံကဆဲလ်တွေအတွက် ကြံခိုင်မှုကောင်းစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ရှေ့တန်းတိုက်စစ်မှူးတွေကတော့ ဗီတာမင်အေပါ။ 

ငါးအဆီ၊ ကြက်ဥအနှစ် ၊ချိစ်၊ တိုဟူး၊ မြေပဲ၊ အစေ့အဆန်တွေနဲ့ ပဲမျိုးစုံမှာ ဗီတာမင် အေ ရရှိနိုင်ပါတယ်။

အသီးအရွက်တွေကပါတဲ့ ဗီတာကယ်ရိုတင်းကလည်း ဗီတာမင်အေကို ပြောင်းလဲနိုင်တာမို့ အစိမ်းရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်အသီးအနှံတွေ စားပေးကြပါ။ ရွှေဖရုံသီးတို့ ခါကြက်ဥတို့ ပေါ့ဗျာ။

၂။ ဗီတာမင် ဘီ

ဗီတာမင် ဘီကတော့ ဘောလုံးပွဲတစ်ပွဲရဲ့ စည်းကြပ်ဒိုင်လိုပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်တွေမှာ ဘယ်နေရာကို ရောဂါကပ်နေပြီလဲဆိုတာ ဒီကောင်က စောင့်ကြည့်ပေးပြီး တိုက်ထုတ်ပေးတာပါ။

ဗီတာမင် ဘီကိုတော့ ဟင်းသီးဟင်းရွက်နဲ့ အခွံမာအစေ့အဆန်တွေ မှာရရှိနိုင်ပါတယ်။ သား၊ ငါး၊ နို့ထွက်ပစ္စည်းနဲ့ ပဲနို့တွေမှာလည်း ဗီတာမင် ဒီ ရရှိနိုင်ပါတယ်ဗျ။

၃။ ဗီတာမင် စီ နဲ့ အီး

ကျွန်တော်တို့ခန္ဓာကိုယ်က ရောဂါတစ်ခုခုကို တိုက်ထုတ်နေတဲ့အခါ သူတို့က ကူပေးတဲ့ကောင်တွေပါ။ လိမ္မော်သီး၊ လီမွန်၊ သံပုရာသီး၊ ဘယ်ရီသီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ခရမ်းချဉ်သီး၊ ငရုတ်ပွ ဒီလိုသီးနှံတွေကနေ ရနိုင်ပါတယ်။ ဗီတာမင် အီး ကိုတော့ ဟင်းရွက်ဟင်းသီးနဲ့ အခွံမာအစေ့အဆန်တွေမှာ ရနိုင်ပါတယ်။

၄။ ဗီတာမင် ဒီ

နေရောင်ခြည်ကနေ အဓိကရတဲ့ အာဟာရတစ်မျိုးဖြစ်ပြီး ရောဂါဖြစ်စေတဲ့ သက်ရှိတွေကို သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဥအမျိုးမျိုး၊ နို့၊ ငါးအမျိုးမျိုးတို့မှာ ရရှိနိုင်ပါတယ်။

၅။ သံဓာတ်၊ သွပ်ဓာတ်၊ ဆီလီနီယမ်

ဒီအာဟာရတွေကတော့ ရောဂါပိုးကို တိုက်ထုတ်ပေးတဲ့သူတွေအတွက် အထောက်အပံ့လေးတွေပါ။ ဒီအာဟာရတွေက အသား၊ ငါးမှာ ပါပြီးသားတွေပါ။ ပင်လယ်စာတွေဖြစ်တဲ့ ခရုတို့၊ ယောက်သွားတို့မှာလည်း တွေ့ရပါတယ်။ မှိုကတော့ ဆီလီနီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးပါတဲ့ဗျာ။

ကဲ...ဒီတော့ ဒီလိုအချိန်မှာ ဒီအစားအစာတွေကို အစုံစားပြီး ကိုယ်ခံစွမ်းအားမြှင့်တင်နိုင်ဖို့ ရေးသားဖော်ပြလိုက်ရတယ်ဗျာ။

ထွန်းရာဇာ

Ref;https://www.inverse.com/mind-body/5-ways-nutrition-could-help-your-immune-system-fight-off-the-coronavirus

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....