ဒေသဆိုင်ရာ နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ
ဒေသဆိုင်ရာ နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ
အစားအစာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များသည် အစားအစာကွင်းဆက်တလျှောက်လုံးတွင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပြုပြင်ကြိတ်ခွဲ ကုန်ချောထုတ်သည့် အဆင့်တိုင်းတွင် အစားအစာ ဘေးကင်း လုံခြုံရေးနှင့် အရည်အသွေး ဆိုင်ရာ စံချိန်စံညွှန်းများဖြင့် ပြည့်မီသောစနစ်ဖြစ်ကြောင်း သီးခြားအဖွဲ့အစည်း တစ်ခုက စစ်ဆေး အတည်ပြုခြင်းဖြစ်သည်။
စားသောက်ကုန်လုပ်ငန်းများသည် အစားအစာ အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါက နိုင်ငံအတွင်း သို့မဟုတ် နိုင်ငံတကာက အသိအမှတ်ပြုသည့် အကောင်းဆုံးအလေ့အကျင့်များကို ပြည့်မီကြောင်း စားသုံးသူ၊ ဈေးကွက်နှင့် အဓိက ပါဝင်ပတ်သက်သူများအားလုံးကို အသိပေးနိုင်ခြင်းပင်ဖြစ်ပါသည်။ ဤနည်းအားဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များ ရှိနေခြင်းသည် ထုတ်လုပ်ဖြန့်ဖြူးသူများ အတွက် စျေးကွက်တွင် အသာစီးရရှိစေပါသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုး၊မွေးမြူရေးနှင့်. ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံအဝှမ်းရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများသည် Myanmar GAP - ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အထများကို မဖြစ်မနေ လိုက်နာဆောင်ရွက်နိုင်ကြရန်အတွက် နည်းပညာ အကူအညီများပေးပါသည်။ ASEAN GAP နှင့် GLOBAL GAP ကို အချို့သော ပြည်ပတင်ပို့သည့် ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆာင်ရွက်နေကြသည့် တောင်သူအုပ်စုများလည်း လိုက်နာကျင့်သုံးမှုများ ရှိနေကြပါသည်။ အော်ဂဲနစ် စံနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက် Organic certificate -များကို မိမိရောင်းချမည့် ဦးတည်စျေးကွက် လိုအပ်ချက်အရ မြန်မာ့အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်း (MOGPA) မှထုတ်ပေးပြီး ၊ Control Union အဖွဲ့ကလည်း ကမ္ဘာ့အသိအမှတ်ပြု Organic လက်မှတ်ကို စစ်ဆေးထုတ်ပေးနိုင်ပါသည်။
ထို့အပြင် အစားအစာကွင်းဆက်တွင် အခြားပါဝင်သူများဖြစ်သော အစားအစာ ကြိတ်ခွဲပြုပြင်သူ၊ ထုတ်လုပ်ရောင်းချသူများ သည်လည်း အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန (SSID) မှ လိုင်စင်၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေး ဦးစီးဌာနမှ FDA certificate ၊ Control Union အဖွဲ့မှ HACCP certificate အစရှိသည်တို့ကို ရယူနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဖြူဖြူဝင်း
လွန်ခဲ့သော ၂ နှစ် ကကျုံပျော် ခရိုင်မှာမိုးရွာနိုင်ပါသလာ
မလှလှစန်း
လွန်ခဲ့သော ၂ နှစ် ကဆရာရေဧရာဝတီတိုင်းမှာမိုးတွေပိုလာနိူင်ပါသလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....