အစိမ်းရောင်လမ်း
ဆေးရွှေနွယ်ပင်

ဆေးရွှေနွယ်ပင်

မျိုးရင်း။    ။ Convolvulaceae (ကန်စွန်းမျိုးရင်း)

မြန်မာအမည်။     ။ ရွှေနွယ်ပင် (ဆေး)

အင်္ဂလိပ်အမည်။     ။ Dodder Plant

အခြားသစ်ပင်ကြီးမျိုးကို မှီတွယ်၍ အစာရေစာစုပ်ယူရှင်သန်ရသော အရွက်မဲ့ ကပ်ပါးနွယ်ပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း ပြင်ဦးလွင်နှင့် အထက်ပိုင်း ချင်းတွင်းနယ်များတွင် တွေ့ရသည်။ သဘာဝအလျောက် ပေါက်ရောက်သော အပင်များဖြစ်ပါသည်။

မြန်မာဆေးကျမ်းများအလိုအရ ဆေးရွှေနွယ်သည် ချိုသည်၊ ထက်မြက်သည်။  သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်သည်။ ခွန်အားကိုတက်စေသည်။ သုတ်ကို ပွားစေသည်။ အသက်ကိုရှည်စေနိုင်ပါသည်။ ပဥ္စငါးပါး အသုံးဝင်ပါသည်။ 

၁။ ဆေးရွှေနွယ်သည် အသက်ရှည်စေတတ်သော အပင်မျိုးတွင် အပါအဝင်ဖြစ်သည်။ အသည်းရောင်၊ အသည်းကြီး၊ အသည်းမာကျော ကြမ်းတမ်းခြင်းအတွက် ၎င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း၊ ဝမ်းဗိုက်ကို လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ 

၂။ ဝမ်းကြောတင်းခြင်း၊ ဝမ်းရောင်ခြင်း၊ အစာမကြေ လေချဉ်တက်ခြင်း၊ ဝမ်းဗိုက်နာခြင်းများအတွက် ဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်တွင်လိမ်းပေးပြီး အဝတ်ဖြင့်ပတ်ထားပါက အောက်သို့လေစုန်ကာ ပျောက်ကင်းစေသည်။

၃။ ဆေးရွှေနွယ်မှုန့်၊ ချင်းခြောက်မှုန့် ဆတူရော၍ ထောပတ်နှင့်ဖျော်ပြီး အနာဆွေး၊ အနာဟောင်းများကို လိမ်းပေးသော် အနာများ အသားနုတက်၍ အမြန်ကျက်သည်။

၄။ ဆေးရွှေနွယ်ကို ညက်အောင်ကြိတ်၍ ရေနှင့်မပျစ်မကျဲဖျော်ပြီး ယားနာများကို လိမ်းပေသော် ပျောက်ကင်းစေသည်။

၅။ ဆေးရွှေနွယ်ကို တို့စရာအဖြစ်ဖြစ်စေ၊ ၎င်းချည်းသက်သက်ဖြစ်စေ နေ့စဉ်စားသုံးပေးပါက ဆံမဖြူ သွားမကျိုး ပါးရေမတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာစေပါသည်။

၆။ ဆေးရွှေနွယ်ကို သွေးဖောက်ပြန်သောရောဂါအတွက်လည်း သုံးနိုင်သည်။

၇။ ဆေးရွှေနွယ်ဖြင့် ခေါင်းလျှော်လျှင် ခေါင်းအေး၍ ဦးနှောက်ကြည်လင်စေပြီး ဗောက်နှင့်သန်းများကို ပျောက်ကင်းစေပါသည်။ 

မြန်မာဆေးဝါးပင်များ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....