ဂေါ်ဖီထုပ်နှင့် ကျန်းမာရေးကောင်းကျိုးများ
ဂေါ်ဖီထုပ်ကို အင်္ဂလိပ်လို Cabbage ဟုခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Brassica oleracea ဟုခေါ်ပါသည်။ ဂေါ်ဖီကို အချို့သောဒေသများတွင် မုန်လာထုပ် ဟုခေါ်ကြပါသည်။ မည်သည့်ဒေသတွင်မဆို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော ဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်ပါသည်။
ဂေါ်ဖီထုပ်သည် ဈေးနှုန်းသိပ်မကြီးသော်လည်း သကြားဓာတ် ၊ အမျှင်ဓာတ် ၊ ပရိုတင်း ၊ ဗီတာမင်စီ၊ ဖောလ်လစ်အက်စစ် ၊ ဗီတာမင်ဘီ ၊ ကယ်လ်ဆီယမ် ၊ ပိုတက်ဆီယမ် ၊ ဗီတာမင်အေ ၊ သံဓာတ် ၊ အန်တီအောက်ဆီဒန့် စသော အာဟာရဓာတ်များပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါသည်။
ဂေါ်ဖီထုပ်ကို ဟင်းချိုချက်ခြင်း ၊ အသားတစ်မျိုးမျိုးနှင့် ရောကြော်ခြင်း ၊ အသုပ်ထဲထည့်ခြင်း၊ အစိမ်းကြော်ခြင်း ၊ ကော်ပြန့် ၊ စမူဆာ စသော သရေစာမုန့်များထဲတွင် အဆာပလာအနေဖြင့်ထည့်ခြင်း၊ ဂေါ်ဖီအချဉ်တည်ခြင်းနှင့် တို့စရာအဖြစ် ငါးပိရည်နှင့် တို့စားခြင်း စသဖြင့် အမျိုးမျိုးလုပ်စားကြပါသည်။
ဂေါ်ဖီထုပ်စားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ
၁။ ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း
ဂေါ်ဖီထုပ်ကို မကြာခဏစားသုံးပါက ဗီတာမင်ဓာတ်များစွာရရှိနိုင်သည့်အတွက် ကိုယ်ခံအားစနစ် ကောင်းလာပြီး အအေးမိလွယ်ခြင်း ၊ နှာစေးချောင်းဆိုလွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။
၂။ ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း
သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် Glucosinolates ဆိုသော ဓာတ်ပစ္စည်းများပါဝင်ပြီး ထိုဓာတ်ပစ္စည်းများသည် ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။
၃။ ဝမ်းမှန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြုခြင်း
ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။
၄။ သွေးအတွင်း မကောင်းသောအဆီဓာတ်များကို လျော့နည်းစေခြင်း၊
သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် ကြွယ်ဝစွာပါဝင်သော ပိုလီဖီနော (Polyphenols) သည် သွေးတွင်းမကောင်းသော ကိုလက်စထရောဓာတ်ကို လျော့နည်းစေပြီး သွေးဖိအား ပုံမှန်ဖြစ်စေရန် အထောက်အကူဖြစ်ကြောင်းသိရသည်။
၅။ ဓါတ်ရောင်ခြည်ကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများကို လျော့နည်းစေနိုင်ခြင်း
ဂေါ်ဖီထုပ်တွင်ပါဝင်သော 3,3-diindolyl methane ( DIM ) သည် ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည် ကုသမှု့ခံယူနေသူများတွင် ဓါတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်သော နုံးပြီးအားမရှိသလိုခံစားရပြီး အစားအသောက်ပျက်ခြင်း ၊ ရင်ပူခြင်း၊အရေပြားယားယံခြင်း ၊ ခြောက်သွေ့ခြင်း ၊ အရည်ကြည်ဖုဖြစ်ခြင်း စသော ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေကို လျော့နည်းစေသည်။
၆။ မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း
ဂေါ်ဖီထုပ်တွင် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့် မျက်လုံးအားကောင်းစေပြီး မျက်စိတွင်ရှိသော ဆဲလ်များကို ကျန်းမာစေပါသည်။ ဂေါ်ဖီထုပ်ကိုမကြာခဏစားခြင်းဖြင့် အသက်ကြီးလာသောအခါ ဖြစ်တတ်သော မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါသည်။
၇။ ဆံပင်ကျန်းမာရေအတွက်အထောက်အကူပြုခြင်း
ဂေါ်ဖီထုပ်တွင်ပါဝင်သော ဆာလ်ဖာနှင့် ဆီလီကွန်ဓာတ်ဟာ ဆံပင်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဗီတာမင်အေဓာတ်ဟာ ဆံပင်များပေါက်ရန်၊ ဆံပင်အုံထူရန်အတွက် အထောက်အကူပြုသည်။
သတိပြုရန်မှာ -
- ဂေါ်ဖီထုပ်ကိုစားသောအခါ တစ်ခါစားလျှင် အနည်းဆုံး (၁၀၀) ဂရန်သာ စားသင့်ပါသည်။ အစိမ်းစားမည်ဆိုပါက ရေစင်အောင်သေချာဆေးပါ။
- ဂေါ်ဖီထုပ်ကို ကြော်ခြင်း ၊ ချက်ခြင်းကို မီးပြင်းပြင်းဖြင့် အချိန်ကြာကြာ ချက်ခြင်း၊ ကြော်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ မီးပြင်းပြင်းဖြင့် အချိန်အကြာကြီး ချက်ပါက ဂေါ်ဖီထုပ်တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြုသော အာဟာရဓာတ်များ ပျက်စီးပျောက်ဆုံးသွားနိုင်ပါသည်။
Ref; Dr. သီတာနွယ်၏ ကျန်းမာရေးကောင်းကျိုးပြုဂေါ်ဖီထုပ် အကြောင်းမှ ထုတ်နှုတ်ထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Sithu Aung
လွန်ခဲ့သော ၅ နှစ် ကc xx
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....