ဗောက်သီးနှင့် ကျန်းမာရေး
မင်္ဂလာပါ
ဒီတစ်ခါမှာဆိုရင် သဘာဝကနေ ဆေးဖော်ရင်း ငယ်ဘဝကို ပြန်သွားကြည့်ကြမယ်။
လယ်ခင်းတွေ လမ်းဘေးတွေမှာ အလေ့ကျပေါက်နေတဲ့ ဗောက်သီးပင်လေးတွေကို မှတ်မိကြတယ်မလား? ချိုချဉ်အရသာလေးနဲ့ ခူးစားခဲ့ကြတဲ့ အသီးလေးတွေပါ။
ဒီဗောက်သီးပင်ရဲ့ အကျိုးကျေးဇူးလေးကို မျှဝေပေးပါရစေ ဒီအကြောင်းအရာလေးမျှဝေပေးဖို့ အချိန်အများကြီးယူပြီး စဉ်းစားခဲ့ရပါတယ်။
ဗောက်ပင်မှာ အရိုင်းနဲ့ အယဉ်ဆိုပြီး ရှိနေတဲ့အတွက် အကျိုးအာနိသင်တူမတူ ရှာဖွေကြည့်တဲ့အခါ ဝမ်းသာစရာအနေနဲ့ သုတေသနတစ်ခု ရှာတွေ့ခဲ့ပါတယ်။
ပါဝင်တဲ့ ဗီတာမင်တွေနဲ့ အာနိသင်တွေက တူတယ်လို့ ပြောလို့ရပါတယ်။ အရမ်းကိုတန်ဖိုးရှိတဲ့ အပင်လေးဖြစ်နေပါတယ်။
ဗောက်သီးပင်
ဗောက်သီးပင်ကို အညာမှာတော့ ဗောက်လောက်ပင်လို့ ခေါ်ကြပါတယ်။ တစ်ရာသီခံ ပင်ပျော့အမျိုးအစားဖြစ်ပါတယ်။ nightshade plant (ခရမ်းပင်၊ခရမ်းချဉ်ပင်)အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဗောက်ပင်အရိုင်းတွေကို မြန်မာနိုင်ငံအလယ်ပိုင်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ပြင်ဦးလွင်နဲ့ ရှမ်းပြည်ဘက်မှာလည်း ပေါက်ရောက်ပါတယ်။ မျိုးစိတ်ပေါင်း ၇၀ ဝန်းကျင် ရှိပါတယ်။
အအေးပိုင်းက ဗောက်သီးတွေဟာ အလုံးအရွယ်အစားပိုကြီးပြီး အရောင်ပိုရင့်တတ်တယ်လို့ သိရပါတယ်။ ခါးတဲ့အရသာရှိတဲ့အရွက်တွေ ရှိပါတယ်။
ဗောက်ပင်ကို နိုင်ငံအတော်များများမှာ စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ဥပမာ-ထိုင်း ကိုရီးယား တရုတ် အိန္ဒိယစတဲ့နိုင်ငံတွေမှာမှ အိန္ဒိယမှာ ဗောက်သီး အမျိုးအစားများစွာ စိုက်ပျိုးကြပြီး စိုက်ပျိုးတဲ့အမျိုးအစားပေါ်မူတည်ပြီး အသီးအရွယ်အစားနဲ့ အရောင်တွေကွဲပြားသွားပါတယ်။
ဗောက်သီး
ဗောက်သီးကို စားသုံးတဲ့အခါမှ အပေါ်အခွံလေးခြောက်လာတဲ့အချိန်မှာ စားသုံးတာက အကောင်းဆုံးပါပဲရှင်။
အလုံးအရွယ်အစားကတော့ အပေါ်မှာ ပြောခဲ့သလို မျိုးအပေါ်မှာ မူတည်ပြီးကွဲပြားပါတယ်။ အရောင်အားဖြင့် အဝါ စိမ်းဝါ ပုစွန်ဆီရောင်နဲ့ အနီရဲရဲ စသည့်အရောင်တွေ တွေ့ရတတ်ပါတယ်။ စိုက်ပျိုးသည့်နိုင်ငံနဲ့ မျိုးကိုလိုက်ပြီး အသီးအရောင်ကာလာနဲ့ အသုံးပြုပုံတွေ ကွဲပြားကြပါတယ်။ ကျွန်မတို့ စျေးကွက်မှာ စီးပွားဖြစ် စိုက်ပျိုးရောင်းချနေတဲ့ ဗောက်သီးတွေကို Groundcherry သို့ golden berry လို့ ခေါ်ပါတယ်။
Scientific name- Physalis peruviana ဖြစ်ပါတယ်။ အလုံးအရွယ်အစား ကြီးပြီး လှပတဲ့ အဝါရောင် အရောင်ကာလာရှိပါတယ်။
ပါဝင်သော အရာများ
ဗောက်သီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အကျိုးပြုတဲ့ ဗီတာမင်စီ(Vitamin C)နဲ့ antioxidantsတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်အေ၊ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေအပြင် ကျန်းမာရေးကောင်းစေတဲ့ အဆီတွေလည်း ပါဝင်ပါတယ်။ polyphenols၊ ကယ်လ်ဆီယမ်(calcium)၊ (ဖော့စ်ဖောရပ် phosphorus (G6PD ရှိသူများ လုံးဝ မတည့်ပါ) တို့ ပါဝင်ပါတယ်။
ကျန်းမာရေးအတွက် အကျိုးပြုမှု
ဗီတာမင်စီက ခန္ဓာကိုယ်တွင်းက ဆဲလ်တစ်ရှူးတွေကို ကျန်းမာစေပြီး ၎င်းဆဲလ်တွေ ပြန်လည်ကုသရာမှာလည်း အထောက်အကူပြုတဲ့အပြင် အသားအရေအတွက်လည်း ကောင်းမွန်ပြီး အရိုးတွေကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့အပြင် အန်တီအောက်စီဒင့် antioxidants ပါဝင်တဲ့အတွက် ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကလည်း ကာကွယ်ပေးပါတယ်။
ဗောက်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေဟာ မျက်စိရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပြီး အမြင်အားကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ နောက်တစ်ချက်ကတော့ ဗောက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဆီးချိူကို ထိန်းညှိပေးပါတယ်။
နောက်ထပ် အရေးကြီးတဲ့တစ်ချက်ကတော့ ဗောက်သီးဟာ သွေးပေါင်ကို ကျစေပါတယ်။ အကယ်၍ သင်ဟာ သွေးပေါင်အရမ်းတိုးနေတဲ့အခါ ဗောက်သီးက သွေးပေါင်ကျစေပါတယ်။ (သင် တစ်ကြိမ်တည်းမှာ အလုံးအရေအတွက် အများကြီး မစားဖို့ အကြံပြုပါရစေ) cholestrol ကိုလက်စထရောကို ထိန်းညှိပေးပြီး နှလုံးမှာဖြစ်တတ်တဲ့ ပြဿနာများကို လျော့ကျစေတဲ့အတွက် ဗောက်သီးကို စားသုံးပေးခြင်းဖြင့် သင်ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။
ဗောက်သီးမှာ ပါဝင်တဲ့အမျှင်ဓာတ်တွေဟာ အူမကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးလို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ တကယ်လို့ ဗောက်သီးကို သင်စားနေကြ အစားအစာတွေနဲ့ စားသုံးပေးမယ်ဆိုရင် ဝမ်းချုပ်ခြင်းကဲ့သို့သော ဝမ်းဗိုက်ပြဿနာတွေကနေ ကာကွယ်ပေးပါတယ်။ သူ့ကို သရေစာအဖြစ်စားပေးရင် ဝိတ်ကျစေပါတယ်တဲ့နော်။ ဗီတာမင်စီနဲ့ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အရိုးအဆစ်တွေ ရှည်ဖို့ အကူအညီပေးပါတယ်။ ဒါ့အပြင် အရေပြားနီရဲရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။ Cape Gooseberry သီးတွေက ခန္ဓာကိုယ်တွင်းက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေနဲ့ ဆားတွေကို ဖယ်ရှားပေးလို့ အသည်းနဲ့ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။
ဒါတွေကတော့ စျေးကွက်မှာ ရှိနေတဲ့ ဗောက်သီးတွေရဲ့ အကျိုးအာနိသင်တွေပဲ ဖြစ်ပါတယ်။ ဗောက်သီးစိုက်ပျိုးတဲ့ နိုင်ငံအတော်များများမှာ အချိူပွဲအဖြစ် မပါမဖြစ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ယိုထိုးပြီး ဖြစ်ဖြစ်၊ အသီးအတိုင်းသော်လည်းကောင်း စားသုံးကြပါတယ်။
ကျွန်မတို့ အမြဲမြင်တွေ့နေကျ အပင်တွေကိုတော့ အရိုင်းပင်တွေလို့ ခေါ်ပါတယ်။ ဗောက်သီးအရိုင်းတွေကို စားသုံးလို့ရပါတယ်။ အရောင်ကာလာအနေနဲ့ စိမ်းဝါဝါအနေအထားနဲ့ ရှိပါတယ်။ ချိုချဉ်အရသာရှိပြီး အစေ့များစွာ ပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်စီ Vitamin Cအဓိက ပါဝင်ပါတယ်။ ရောင်ရမ်းခြင်းနဲ့ သရွက်ရွက်ကြီးခြင်းကို ကုသနိုင်ပါတယ်။
စားသုံးတဲ့အခါ ဟင်းသီးဟင်းရွက် အနေနဲ့သော်လည်းကောင်း ယိုထိုးပြီး အချိူပွဲအနေနဲ့ စားသုံးနိုင်ပါတယ်။
သတိပေးချက်- G6PDရှိသူများ လုံးဝ မစားသုံးရပါ။
ကိုးကားချက်
- https://hort.purdue.edu/newcrop/parmar/16.html
- https://en.m.wikipedia.org/wiki/Physalis_10_benefits_of_capegooseberry
- https://www.fitnesshealthforever.com/nutrition/amazing-health-benefits-of-eating-cape-gooseberries/
Kyaw Thu Aung
လွန်ခဲ့သော ၁ နှစ် ကစိုက်နည်းလေးသိမရစေဗျ
မနိုနိုခိုင်မင်း
လွန်ခဲ့သော ၅ နှစ် ကဘယ်အချက်ကို သိချင်တာပါလဲရှင့်
win htut
လွန်ခဲ့သော ၅ နှစ် ကအချိန်ဘယ်လောက်ကြာလဲဗျစားပီရင်ဘယ်ချိန်သိရလဲ
pyae sone phyoe
လွန်ခဲ့သော ၅ နှစ် ကဘောက်သီးစားရင် မတည့်တဲ့သူတွေရောရှိမလား ဘောက်သီးမစားမီ ဘာတွေပှောင်သင့်လဲ
မနိုနိုခိုင်မင်း
လွန်ခဲ့သော ၅ နှစ် ကအရိုင်းပင်က သွေးတိုးနဲ့ ဆီးချိုကျစေတဲ့အချက်ကိုတော့ ရှာမတွေ့ပါဘူး တကယ်လို့ ဆီးချိုကျချင်တယ်ဆိုရင် သရက်ရွက်ကို ရေနွေးနဲ့စိမ်သောက်တာပဲဖြစ်ဖြစ် စားသုံးတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from မနိုနိုခိုင်မင်း
အားလုံး