အစိမ်းရောင်လမ်း
မိုးကျလက်ဖက်ရွက် (ခေါ်) ဒန့်ကျွဲရွက်

မိုးကျလက်ဖက်ရွက် (ခေါ်) ဒန့်ကျွဲရွက်

ယခုလို မိုးရာသီကာလမှာအလေ့ကျပေါက်တဲ့ ဒန့်ကျွဲရွက် လေးများသည် အရမ်းဆေးဖက်ဝင်ပါသည်။

ဒန့်ကျွဲရွက်ကို 'မိုးကျလက်ဖက်ပင်' ဟူ၍တင်စားခေါ်ဝေါ်ကြပြီး အလွန်အရသာရှိသော အပင်ဖြစ်သည်။ ဒန့်ကျွဲပင်နှင့်ပတ်သက်၍ "ဒန့်ကျွဲပင်၊ ပုခက်လွှဲ "ဟူသော စကားပုံလည်း ရှိကြပါသည်။

ဒန့်ကျွဲပင်၏ ရွက်နုများကို ရေနွေးဖြင့်ပြုတ်ပြီး သုပ်စားသည်ကို "မိုးကျလက်ဖက်သုပ်" ဟုလည်းခေါ်ကြသည်။ ဒန့်ကျွဲရွက်အနုများကို ပြုတ်ကာ ပါးပါးလှီးပြီး ဆီချက်၊ ပဲမှုန့်၊ ကြက်သွန်နီ၊ မြေပဲ တို့ထည့်ကာ သုပ်စားခြင်းဖြစ်သည်။ သံပုရာသီးလေးညှစ်ထည့်ပြီး ငရုတ်သီးစိမ်းလေးညှပ်ထည့်လိုက်ပါက အနံ့မွှေးမွှေးလေးနဲ့ဖြစ်ပြီး အရသာကလည်း လက်ဖက်လို မဖန်တော့သောကြောင့် ဗိုက်မနာ၊ ဗိုက်မအောင့်တော့ပေ။

   'အစာလည်းဆေး၊ ဆေးလည်းအစာ' ဆိုသလို အပန်းမကြီးပါက ဒန့်ကျွဲရွက်ကို တစ်ပတ်လျှင် (၂)ရက်လောက် တို့စရာအဖြစ်လည်း စားသင့်ကြောင်း သိရပါသည်။

   တောလက်ဖက်၊ နိဗ္ဗိန်နလက်ဖက်ဟု အမည်တွင်ကြသော လက်ဖက်ကိုလည်း ဒန့်ကျွဲရွက် (ခေါ်) မိုးကျလက်ဖက်ရွက်ဖြင့် လက်ဖက်နှပ်သလို ပြုလုပ်ကြကြောင်း သိရပါသည်။ နိဗ္ဗိန်နလက်ဖက် (ခေါ်) တောလက်ဖက်သုပ်ကို သီလရှင်ဆရာလေးတွေက အစပြုသုပ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဆရာလေးတွေက သူတို့ကျောင်းကိုလာသော ဧည့်သည်များကို သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ တောလက်ဖက်ခြောက်နဲ့ ဧည့်ခံရာကနေစပြီး 'တောလက်ဖက်' ကို တွင်တွင်ကျယ်ကျယ်စားသုံးလာကြပါသည်ဟု သိရပါသည်။

   တောလက်ဖက်မှာ မိုးကျလက်ဖက်ရွက်ကို ခူးပြီးရေစင်အောင်ဆေး၊ ရေနွေးနဲ့ပြုတ်ပြီးဖက်နဲ့ထုပ်ကာနှီးလေးတွေနဲ့ စည်းနှောင်ထားတာပါ။ ပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားရပါသည် (သို့) မထည့်လျှင် ရေစိမ်ထားရပါသည်။ ဆိုးဆေးလုံးဝမပါ၊ သဘာဝအတိုင်းဖြစ်ပြီး တောလက်ဖက်သုပ် သုပ်စားမယ်ဆိုလျှင် လက်ဖက်သုပ် သုပ်စားသလိုမျိူးပါပဲ။ ဒါပေမဲ့ သူကတော့ ကြက်သွန်နီကိုပါးပါးလှီးထည့်ရပြီး ကြက်သွန်နီ များလေ စား၍ ပိုကောင်းလေဖြစ်သည်။ ငရုတ်သီးစိမ်း၊ သံပုရာသီးလေးညှစ်ထည့်ပါက ပိုမိုအရသာရှိပြီး လက်ဖက်လို မဖန်တော့ပါ။ ဒန့်ကျွဲရွက်ရှိရင် အရသာရှိလှတဲ့ တောလက်ဖက်သုပ်ကိုလုပ်စားနိုင်ပါပြီ။

ဒန့်ကျွဲရွက်ကို ပြုတ်စား၊ သုပ်စားခြင်းဖြင့် အောက်ပါအကျိူးကျေးဇူးများပါ ရရှိလာနိုင်ကြောင်းသိရပါသည်။

၁။ အိပ်မပျော်သူများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါသည်။

၂။ နှလုံးခုန်၊ ရင်တုန်၊ မောပန်းတာကို သက်သာစေပါသည်။

၃။ အဆီကျစေပါသည်။

၄။ ဆီး၊ ဝမ်း မှန်သည်။

၅။ သွေး၊ လေ ခြောက်ခြားခြင်းကို သက်သာစေသည်။

၆။ စိတ်ကြည်လင်စေသည်။

၇။ အားနည်းသောဝေဒနာကို သက်သာစေသည်။

၈။ သွေးတိုးကျစေသည်။

၉။ သည်းချေပျက်တာကို သက်သာစေပါသည်။

အထက်ပါရောဂါများကို ဒန့်ကျွဲရွက် (၃)ခွက် ရေ(၁)ခွက်တင်ကျိူပြီး သကြားလေးနဲ့သောက်ပါက သက်သာပျောက်စေသည်ဟု ဖတ်မှတ်ရဖူးပါသည်။

နှင်းဖြူဖြူ

ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ
/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
Lay Lay

Lay Lay

လွန်ခဲ့သော ၅ နှစ် က

ဟုတ်ပါတယ် အကုန်မှန်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....