အစိမ်းရောင်လမ်း
ဆေးဖက်ဝင် သပြုသီး

ဆေးဖက်ဝင် သပြုသီး

သပြုသီးမှာလုံးဝန်းသော ပုံသဏ္ဍာန်ရှိပြီး အခွံအဖတ်အထပ်ထပ်အုပ်ထားသော အသီးမျိုးဖြစ်၏။ အင်္ဂလိပ်လို (Elephant Apple) ဟုလည်းခေါ်ကြသည်။ သပြုသီးကို မွန်၊ ရခိုင်နှင့် ဧရာဝတီဒေသတို့တွင် အများဆုံးစားသုံးကြသည်။ သပြုသီးမှာရာသီပေါ်သီးနှံဖြစ်ပြီး မိုးဦးကျစတည်းက တွေ့ရှိနေရပြီဖြစ်သည်။

ရခိုင်နှင့်ဧရာဝတီဘက်တွင် သပြုသီးကို ငါးဖြင့်ချဉ်ရည်ဟင်းချက်လေ့ရှိပြီး သပြုသီးပေါ်ချိန်၌ငါးရံ့ကိုကွင်း၍ သပြုသီးနှင့် ချက်သည့် 'သပြုသီး ငါးရံ့ချဉ်ရည်ဟင်း' မှာ လူကြိုက်များလှပါသည်။ တစ်ချို့ဒေသများတွင် ငါးကြင်း၊ ငါးခူတို့နှင့်လည်း တွဲဖက်ချက်စားကြပါသည်။

မွန်ပြည်နယ်ဘက်တွင် သပြုသီးကို အချဉ်ဟင်းချက်ရုံသာမက ငါးပိချက်လည်းချက်ကြသည်။ သပြုသီး၏အချဉ်အရသာသည် မရမ်း၊ သရက်၊ မန်ကျည်းသီးကဲ့သို့ အချဉ်မစူးပဲ အချဉ်ပြေပြေ အရသာရှိကြသည်။

ဟင်းချက်မည်ဆိုပါက သပြုသီး၏ အသီးအညှာဘက်မှ ဓားထက်ထက်ဖြင့် (၂) ခြမ်းခြမ်းကာ (၄) စိတ် စိတ်ရပါမည်။ သို့မှ အခွံအဖတ်များကို အလွယ်တကူခွာနိုင်မည်ဖြစ်သည်။ အပေါ်ယံအခွံမာကိုဖယ်ပြီး နုသောအခွံဖတ်များကို ရေအနည်းငယ်ဖြင့် ပြုတ်ပါ။ အခွံဖတ်များမှာ နူးလွယ်၍သင့်ရုံပြုတ်ပြီးပါက အနေတော်အစိတ်လေးများ စိတ်၍ ချက်ပြုတ်ကြပါသည်။ 

သပြုသီးဆေးဖက်ဝင်ပုံ

- အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို သပြုသီးနဲ့ငါးခူငါးကိုချက်စားပါက ကျောက်ကပ်၊ နှလုံးရောဂါများအတွက် ကောင်းကျိုးပြုသည်ဟု မှတ်ရဖူးပါသည်။

- သပြုသီးကို ဟင်းချိုချက်စားပါက ဆီးချိုရောဂါကို သက်သာစေကြောင်း သိရပါသည်။

- သပြုသီးကိုပြုတ်ပြီး ငပိရည်နှင့်တို့စားပါက နှလုံးအားကောင်းလာပြီး ဆီးရွှင်စေပါသည်။

- ဆီးကျောက်တည်သူများအတွက် သပြုသီးအရွက်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပါက ကျောက်တဖြည်းဖြည်းကြွေကျပြီး သက်သာပျောက်ကင်းစေပါသည်။

- သပြုသီးအခေါက်ကို ကျောက်ပျဉ်မှာသွေးပြီး ဆားနှင့်ရောကာသောက်ပါက ဝမ်းကိုက်၊ လိပ်ခေါင်းရောဂါများအတွက်ကောင်းကျိုးပြုသည်ဟုသိရပါသည်။

- လေးဖက်နာသမားများအတွက် သပြုသီးနှင့်ဆားကို အချိုးတူပြုတ်ပြီး အငွေ့ခံကာချွေးအောင်းပေးရပါသည်။ တစ်ကိုယ်လုံးမှာရှိတဲ့အပူအပုပ်၊ ချွေးတွေထွက်လာပါက ရေချိုးပေးရပါမည်။ အစားရှောင်စရာမလိုအောင် သက်သာလာပြီး ခြေဆစ်၊ လက်ဆစ်တွေလည်း မကိုက်တော့ကြောင်း ဖတ်မှတ်ရဖူးပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

9
မောင်ဆမ်း

မောင်ဆမ်း

လွန်ခဲ့သော ၅ နှစ် က

thanks ပါ

Mark

Mark

လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ

နှင်းဖြူဖြူ

နှင်းဖြူဖြူ

လွန်ခဲ့သော ၅ နှစ် က

ရန်ကုန် မှာ တော့ မသိဘူး။မော်လမြိုင်ဘက်ကမှာရင် ၀၉.၄၅၄၅၄၁၆၀၂ ကိုဖုန်းဆက် မှာကြည့်ပါ

Mark

Mark

လွန်ခဲ့သော ၅ နှစ် က

ရန်ကုန်တွင်းပျိုးပင်ဘယ်မှာရနိုင်မလဲ လမ်းညွှန်ပါဦးခင်ဗျာ

နှင်းဖြူဖြူ

နှင်းဖြူဖြူ

လွန်ခဲ့သော ၅ နှစ် က

ရပါတယ်

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....