ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး(၅)ချက်
ပဲကတ္တီပါလို့ ပြောလိုက်ရင်ကို ထွေထွေးထူးထူး သိပ်ပြောစရာမလိုအောင် လူတိုင်းသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်နော်။ အညိုရောင်ရင့်ရင့်လေးဖြစ်ပြီး စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ စားကောင်းလှတဲ့ ပဲကတ္တီပါကို ပြုတ်ပြီး စားကြတာပါ။ ပြုတ်ပြီးသား ပဲကတ္တီပါကိုမှ ကြက်သွန်စိမ်းနဲ့ သုပ်စားတာဖြစ်ဖြစ်၊ ကြော်စားတာမျိုးဖြစ်ဖြစ် စားတတ်ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိကြပါတယ်။
ပဲကတ္တီပါမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ?
ဒီစားကောင်းတဲ့ ပဲကတ္တီပါမှာ- ပရိုတင်း၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acids ကစီဓာတ် နဲ့အမိုင်နိုအက်ဆစ်တို့ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်တဲ့ စားစရာတစ်ခုပါ။ ဆေးဖက်ဝင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။
ပဲကတ္တီပါကနေ ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက
၁။ သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်
ပဲကတ္တီပါမှာ L-dopa လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် ပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ကိုကျန်းမာစေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း ကင်းစေနိုင်ပါတယ်။
၂။ အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
အစာခြေစနစ်ကို ကောင်းကောင်းလည်ပတ်နိုင်စေဖို့အတွက် ထောက်ပံ့ပေးပြီး အူလမ်းကြောင်းတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ တိုးတက်အောင်ကူညီပေးပါတယ်။ အစာခြေလမ်းကြောင်းတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝမ်းမှန်စေပါတယ်။
၃။ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်
အာရုံကြောစနစ်ကိုကျန်းမာစေနိုင်ပြီး ပါကင်ဆန်ရောဂါ ခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။
၄။ စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်
စိတ်ဓာတ်ကျတာ၊ စိတ်ခံစားမှု ပုံမှန်မဟုတ်တာမျိုးတွေအတွက် သင့်တော်ပါတယ်။ စိတ်ဓာတ်ကျတာကို သက်သာစေဖို့အတွက်လည်း စားသုံးပေးသင့်ပါတယ်။ နာတာရှည် စိတ်ဓာတ်ကျတာတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။
၅။ အိပ်ပျော်စေတယ်
ညဘက် ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် တစ်နေ့တာမှာ ခြေကုန်လက်ပမ်းကျပြီး ဘာမှ မလုပ်ချင်မကိုင်ချင်တာမျိုးခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသင့်တော်ဆုံးဖြစ်မယ့် စားစရာက ပဲကတ္တီပါပါ။ ဒါကြောင့် ညဘက်တိုင်းကောင်းကောင်းအိပ်ပျော်ပြီး တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင် ပဲကတ္တီပါကို စားသုံးပေးပါနော်။
Ref: Healthy Life Journal.
ဗျူးပွိုင့်
လွန်ခဲ့သော ၄ နှစ် ကမြေထောက်ပဲ မဟုတ်ဖူးလား
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026