ပဲနီလေးနှင့် ကျန်းမာရေးကောင်းကျိုးများ
ပဲနီလေးတွင် ကယ်လိုရီနည်းပါးစွာပါဝင်ပြီး အာဟာရကြွယ်ဝသောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ ချက်ရပြုတ်ရလွယ်ကူပြီး အရသာလည်းရှိသောကြောင့် လူကြိုက်များကြပါသည်။
ပဲနီလေးကို တချို့ဒေသများတွင် ပဲရာဇာဟုလည်း ခေါ်ဝေါ်ကြပါသည်။ ပဲနီလေးကို ပဲနီလေးဟင်းချို၊ ပဲနီလေးကြာဆံဟင်းခါး၊ ပဲနီလေးဆန်ပြုတ်၊ ပဲနီလေးအာလူးချက် စသဖြင့် ပြုလုပ်၍ စားလေ့ရှိကြသည်။ ပဲနီလေးနှင့် ပဲဝါလေး နှစ်မျိုးစလုံးတွင် တူညီသော ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေကြောင်း သိရပါသည်။
ပဲနီလေးတွင် -
(၁) ကိုလက်စထရောပါဝင်မှုနည်းပါးခြင်း
- ပဲနီလေးတွင် ကိုလက်စထရောပါဝင်မှုကို လျော့ကျစေပြီး ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ်
ပါဝင်ပါသည်။
- သွေးထဲက ကိုလက်စထရော လျော့ကျခြင်းသည် နှလုံးရောဂါနှင့် ရုတ်တရက်လေဖြတ်ခြင်းကို
ကာကွယ်နိုင်ပြီး သွေးကြောများကို သန့်စင်စေပါသည်။
(၂) နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
- ပဲနီလေးသည် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေပါသည်။
- Folate နှင့် Magnesium ကြွယ်ဝမှုကြောင့် နှလုံးကျန်းမာစေပါသည်။ Magnesium သည်
သွေးလည်ပတ်မှုကို ကောင်းမွန်စေသောကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ်နှင့်
အောက်ဆီဂျင်များကို လိုအပ်သောနေရာတွေအထိ ရရှိစေပါသည်။
- Magnesium ချို့တဲ့လျှင် နှလုံးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို များစေသဖြင့် ပဲနီလေးက ၎င်းဓာတ်
ချို့တဲ့ခြင်းကို ကာကွယ်ပေးပါသည်။
(၃) အစာခြေလွယ်ခြင်း
- မပျော်ဝင်နိုင်သော အမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးလှုပ်ရှားမှုကို
အဆင်ပြေစေပါသည်။
(၄) သွေးထဲရှိ သကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း
- သွေးထဲရှိ သကြားဓာတ်ကို ထိန်းပေးနိုင်ခြင်းကြောင့် ဆီးချိုရောဂါ ကာကွယ်ရာတွင် အထောက်အကူ
ဖြစ်စေပါသည်။
(၅) စွမ်းအင်ကို တိုးစေခြင်း
- သံဓာတ်ပါဝင်ခြင်းကြောင့် သွေးအားကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိုအပ်သော
အောက်ဆီဂျင်ပမာဏကို ရရှိစေပါသည်။ ထို့ကြောင့် ဇီဝကမ္မဖြစ်ပျက်မှုကို အားပေးပြီး စွမ်းအင်
ထုတ်လုပ်မှုအတွက် ကူညီပေးပါသည်။
(၆) ဝိတ်ကျစေခြင်း
- ပဲနီလေးတွင် အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်နှင့် အခြားသော သတ္တုဓာတ်များလည်း ပါဝင်ပါသည်။
ကယ်လိုရီနည်းပါးပြီး အဆီဓာတ် မပါဝင်ပေ။ ပဲနီလေးတစ်ခွက်စာတွင် ကယ်လိုရီအနည်းငယ်သာ
ပါဝင်သောကြောင့် ဗိုက်ပြည့်နေစေပြီး မကြာခဏ ဗိုက်ဆာခြင်းမှ ကင်းဝေးစေပါသည်။
ခွက်တစ်ခွက်၏ လေးပုံတစ်ပုံစာ ပဲနီလေးတွင် -
ပရိုတင်း - ၁၃ ဂရမ်
ဝမ်းဗိုက်ပြည့်တင်းမှု ရစေသော အမျှင်ဓာတ် - ၁၁ ဂရမ်
မောပန်းမှုကို တွန်းလှန်နိုင်သော သံဓာတ် - ၅ မီလီဂရမ် တို့ပါဝင်ပြီး ကယ်လိုရီစုစုပေါင်း ၁၆၁ သာရှိကြောင်း သိရပါသည်။
ဟားဗက်လူမှုဆေးပညာတက္ကသိုလ်မှ လေ့လာမှုအရ ပဲနီလေးကို တစ်ပတ်လျှင် အနည်းဆုံး (၂) ကြိမ်စားသုံးသူများသည် တစ်ပတ်လျှင် (၁) ကြိမ်အောက်လျော့နည်းပြီး စားသုံးသူများထက် သားမြတ်ကင်ဆာဖြစ်နိုင်ခြေ (၂၄) ရာခိုင်နှုန်း လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့ပါသည်။
သို့ပါသောကြောင့် အရသာရှိလှပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်သော ပဲနီလေး၏ ကျန်းမာရေးကောင်းကျိုးများကို လေ့လာရေးသားလိုက်ရပါသည်။
ရေးသားသူ - ပင်လယ်ပြာ (ငါးဦးစီး)
Source- https://www.catherineannisyoga.co.uk/benefits-lentils/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026