လောင်ဂန်သီးနှင့် ကျန်းမာရေး
မြန်မာပြည်တွင် လူအများစုက လောင်ဂန်သီးဟု ခေါ်ဆိုကြပြီး လေချူသီးဟုလည်း အလွယ်ခေါ်လာကြပြီးနောက် ၎င်းအမည်တွင်လာခဲ့သည်။ အင်္ဂလိပ်လို Longon, Dragon’s eyes, Eyeball tree ဟုခေါ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း စစ်ကိုင်းတိုင်းတွင်အများဆုံးထွက်ရှိပြီး (စစ်ကိုင်းဇီသီး) ဟုခေါ်ကြသည်။ ရှမ်းပြည်နယ် တောင်ကြီးဘက်များတွင် နှင်းသီးဟု လူသိများကြသည်။ သူ့ဒေသနှင့်သူ အခေါ်အဝေါ်တွေအများကြီးရှိသည်။
အများအားဖြင့် လောင်ဂန်သီးကို သရေစာ၊ အချိုပွဲသီးနှံအဖြစ် စားလေ့ရှိကြသည်။ အရမ်းချိုပြီးအရသာကောင်း ပေါများတဲ့ လောင်ဂန်သီးဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ အသီးလည်းဖြစ်ပါတယ်။ ကဲဆေးဖက်ဝင်ပုံကို လေ့လာကြည့်လိုက်ရအောင်။
ဆေးဖက်ဝင်ပုံ
USDA ၏လေ့လာချက်အရ ၁၀၀ ဂရမ်အလေးချိန်ရှိ လတ်ဆတ်သော လေချူသီးထဲတွင် ရေဓာတ် ၈၂ ဒသမ ၇၅ ဂရမ်၊ ခွန်အား ၆၀ ကယ်လိုရီ၊ ပရိုတင်း ၁ ဒသမ ၃၁ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၁ ဂရမ်၊ ကစီဓာတ် ၁၅ ဒသမ ၁၄ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၁ ဂရမ်၊ ကယ်စီယမ် ၁ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၁၃ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁ဝ မီလီဂရမ်၊ မီးစုန်း ၂၁ မီလီဂရမ်၊ ပိုတက်စီယမ် ၂၆၆ မီလီဂရမ်၊ ဇင့် သုည ဒသမ ဝ၅ မီလီဂရမ် အသီးသီး ပါရှိကြောင်း သိရသည်။
- လောင်ဂန်သီးထဲတွင် Gallic အက်စစ်နှင့် အာနိသင်တူသော Polyphenols ဓာတ် မြင့်မားစွာ ပါရှိသည်။ ထိုဓာတ်က ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များနှင့် Free Radicals များကို လျှော့ချပေးနိုင်ပြီး ကင်ဆာ အကျိတ်အဖုများကို ကောင်းစွာနှိမ်နင်းပေးသည်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာဆဲလ်များ ကြီးထွားပြန့်ပွားမှုကို ဟန့်တားပေးသည်။
- အစေ့ထဲတွင် ပါရှိနေကြသော Gallic, Epicatechin, Ellagic ခေါ် အက်စစ်သုံးမျိုး ဓာတုဓာတ်ပေါင်းစုက အအေးမိ၊ တုပ်ကွေး၊ ဖျားနာခြင်းများကို အလွယ်တကူမဖြစ်စေနိုင်ပေ။ ထို့ပြင် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို သက်သာစေကာ အစာအိမ်ရောဂါ၊ အစာမျိုလမ်းကြောင်း ရောဂါတို့အတွက်ကိုလည်း ကောင်းကျိုးပြုပါသည်။
- ခန္ဓာကိုယ် သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေသည်။ သွေးကို အာဟာရဓာတ် ဖြည့်ပေးနိုင်ပြီး အာရုံကြောစနစ်တွေကိုလည်း နိုးကြားစေနိုင်သည့်အတွက် စိတ်ဖိစီးမှုများသူတွေအနေဖြင့် လောင်ဂန်သီး စားသုံးပေးသင့်သည်။
- အိပ်မပျော်သူများ၊ သွေးလေချောက်ချား စိတ်မငြိမ်သူများအတွက် လောင်ဂန်သီးက လွန်စွာ ဆေးဖက်ဝင်သည်။
-ဦးနှောက်ကို ကျန်းမာစေပြီး သတိမေ့ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေသည်။
- တရုတ်ပြည်တွင် နှလုံး၊ သရက်ရွက်နှင့် ရေဖျဉ်းရောဂါများအတွက် ရိုးရာကုထုံးအဖြစ် လောင်ဂန်သီး ဖြင့် ကုသလေ့ရှိသည်။
- လောင်ဂန်သီးထဲတွင် အပင်မှရရှိနိုင်သော သဘာဝ Phytochemicals များလုံလောက်စွာပါရှိနေ၍ အသားအရေကို ကြည်လင်စေပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်သည်။ ဒါ့အပြင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေအလားအလာမှ လျှော့ချပေးနိုင်သည်။
-လောင်ဂန်သီး မကြာခဏစားပေးခြင်းဖြင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပြီး သွားနှင့်သွားဖုံးကို ကျန်းမာစေပြီး ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်သည်။
-အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့လျှင် လောင်ဂန်သီး ၅လုံး မှန်မှန်စားပေးခြင်းက သွေးအားနည်း ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း WHO က အကြံပြုထားသည်။
- အရိုးပွရောဂါ၊ အရိုးပျော့ရောဂါ စသည့် အရိုးကျန်းမာရေးအတွက် လောင်ဂန်သီးကို စားပေးသင့်သည်။
- လောင်ဂန်သီးတွင် ပိုတက်စီယမ် မြင့်မားစွာပါရှိပြီး ဆိုဒီယမ် လုံးဝမရှိသည့်အတွက် သွေးတိုးရောဂါကို လွန်စွာကောင်းကျိုး ပြုပေးနိုင်သည်။
- ချွေးထွက်လွန်ခြင်း၊ အရေပြားမှိုစွဲခြင်းနှင့် သွေးထွက်လွန်ခြင်းတို့အတွက် လောင်ဂန်သီးထဲတွင်ပါရှိသော အနက်ရောင်အစေ့က ကောင်းကျိုးပြုပေးနိုင်သည်။
- ဗီယက်နမ်နိုင်ငံတွင် မြွေကိုက်ဒဏ်ရာအတွက် လောင်ဂန်သီးထဲရှိ အစေ့ခြောက်မှုန့်ကို ဒဏ်ရာပေါ်အုံပေးခြင်းဖြင့် မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုလေ့ရှိသည်။
လောင်ဂန်သီးမှာလည်း ကောင်းကျိုးချည်းတော့မဟုတ်ပါဘူး ဘေးဖြစ်စေတဲ့ အချက်လေးတွေကိုလည်း လေ့လာကြည့်ရအောင်။
- အချိုဓာတ်ကဲလွန်းသော သစ်သီးဖြစ်၍ ဆီးချိုရောဂါသည်များ အထူးရှောင်ရှားသင့်သည်။
- အရေပြားယားယံသူများ၊ သွေးမသန့်၍ အနာပေါက်သူများ လောင်ဂန်သီးကို သင့်တင့်ရုံသာ စားသင့်သည်။
- ကိုယ်ဝန်ဆောင်မိခင်များ မစားသင့်သော အသီးတွင်လည်း ပါပါတယ်။ အသီးက အပူဓာတ်စာဖြစ်သဖြင့် သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ကမ္ဘာ့အရှေ့ပိုင်း တိုင်းပြည်များနှင့် အာဖရိကတိုက်၏ တိုင်းရင်း ကုထုံးများတွင်လည်း ကိုယ်ဝန်ဆောင်များ လောင်ဂန်သီး စားသောက်ခြင်းကို တားမြစ်ထားသည်။ သို့သော် နို့တိုက်မိခင်များ လောင်ဂန်သီးစားခြင်းနှင့် ပတ်သက်၍ အထူးတလည် ညွှန်ကြားထားခြင်း မရှိပေ။
- လောင်ဂန်သီးကို သူ့ချည်းသက်သက်စားပါက အပူစာဖြစ်သဖြင့် ရင်အေးစေရန်အတွက် တရုတ်နိုင်ငံတွင် လေချူသီးကို ကျောက်ပွင့်၊ တရုတ်ဆီးသီးခြောက် တို့နှင့် ရော၍ပြုတ်ပြီး သကြားအနည်းငယ် ထည့်ကာ သောက်ကြလေ့ရှိသည်။
အချုပ်အားဖြင့်ဆိုသော် လေချူသီးက ကုသရန်ခက်သော ကင်ဆာဆဲလ်များကို နှိမ်နင်းပေးနိုင်သည့်အပြင် သွေးအားကောင်းစေပြီး နှလုံး၊ သရက်ရွက်၊အရိုး၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဦးနှောက်နှင့် အာရုံကြောတို့ကို ကောင်းကျိုးပြုပေးနိုင်သည့် ရာသီစာသီးနှံဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နှင့် ဆီးချိုရောဂါသည်များမှအပ အရွယ်သုံးပါးမရွေး လေချူသီးကို စားသုံးပေးသင့်သည်။
ဆေးဖက်အများကြီးဝင်တဲ့ လောင်ဂန်သီးကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့်အနေဖြင့် မြန်မာပြည်တစ်ဝန်းတွင် များများစိုက်ပျိုးသင့်ကြောင်းကိုလည်း အကြုံပြုလိုက်ရပါသည်။
ကိုးကား- မြဝတီ (Myawady)
ပေါက်ပေါက်
ယခုဆောင်းပါးသည် လူကြီးမင်းတို့အတွက် တစ်ထောင့်တစ်နေရာမှ အထောက်ကူပြုမပြုကို "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ကို နှိပ်ပေးဖို့ တောင်းဆိုပါရစေ။
Yuzana
လွန်ခဲ့သော ၂ ပတ် ကအရာတော်မြို့နယ်မှာရော စိုပျိုးလို့ရလားဗျာ
ဒေါ်တင်တင်မွှန်း
လွန်ခဲ့သော ၃ နှစ် ကစိုက်ထားကြီးအသီးမသီးလိုခုတ်ပစ်ရမလိုဖြစ်နေတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....