ဆေးဖက်ဝင် သဘာဝ...ဝါးပလုတ်
ဝါးပလုတ်(ခေါ်) ဝါးဂျယ်လီ(bamboo jelly) မှာ တနင်္သာရီတိုင်းရဲ့ သဘာဝ အစားအစာလေးတစ်ခုဖြစ်ပါသည်။ တစ်နှစ်တစ်ခါ မိုးရာသီမှာသာရတတ်တဲ့ ဝါးပလုတ်(ခေါ်)သဘာဝဂျယ်လီမှာ ဝါးပင်မှရသော အဆီအနှစ်ဖြစ်သည့်အတွက် ဆေးဖက်လည်းဝင်ပါသည်။
ဝါးပင်မှ သဘာဝဝါးပလုတ်ရရှိပုံ
- မိုးဖြိုင်ဖြိုင်ကျပြီး မျှစ်ချိုးရာသီတွင် မျှစ်ချိုးသူတွေမတွေ့ဘဲ ကျန်နေခဲ့တဲ့ မျှစ်စို့ပေါက်လေးများမှာ အရွယ်မရောက်တစ်ရောက်မျှစ်များဖြစ်၍ ဝါးအဖြစ်အသုံးပြုလို့မရသေးသည့်အတွက် လသားအရွယ်ဝါးလေး လူတစ်ရပ်ကျော်ကျော်ကို ရှာရပါသည်။
- ထိုဝါးကို တွေ့ပါက မြေပြင်ကနေ လက်(၂)ဆစ်၊ (၃)ဆစ်မြောက်နေရာမှာ အဆစ်ရဲ့အောက်နားကနေ ဓါးနဲ့ ရေဝင်နိုင်ရုံ အပေါက်ဖြစ်အောင် ခုတ်ပေးရပါသည်။
- မိုးတွင်းကာလ မိုးရွာချိန်တွင် မိုးရေတွေက ဝါးပေါက်ထဲဝင်ပြီး (၁၀)ရက်၊ (၁၅)ရက်၊ ရက်(၂၀)လောက်အကြာတွင် သွားကြည့်ပါက သဘာဝဝါးပလုတ် ကို ရရှိပါပြီ။
- ဝါးကိုခုတ်ပြီးခွဲလိုက်လျှင် ဝါးအတွင်းအမှေးလေးတွေရဲ့ ရနံ့သင်းသင်းလေးတွေရနေပြီး ဝါးရနံ့မွှေးကာ ဂျယ်လီလို အခဲလေးတွေဖြစ်နေလျှင် ဝါးအားလုံးခုတ်လို့ရပါပြီ။ မခဲသေးပါက ကျန်တဲ့အပင်တွေကို နောက် (၅-၇) ရက်လောက်ကြာမှ သွားကြည့်ကြပါသည်။ ဂျယ်လီလို အခဲဖြစ်ပြီဆိုပါက အားလုံးခုတ်လို့ ရပါပြီ။
- ဝါးပလုတ်မှာ စားလိုက်လျှင် တုန်တုန်အိအိဂျယ်လီလေးလို ဖြစ်နေပြီး ဝါးစိမ်းနံ့သင်းသင်းလေးနဲ့ ဖြစ်နေ၍ ငှက်သိုက်၊ ဆေးကုလားမတို့ သောက်ရသလိုမျိုးလေး ဖြစ်နေပါသည်။ ကလေးတွေလည်း ကြိုက်ကြပြီး ချောင်းမဆိုးတဲ့ သဘာဝဂျယ်လီလို့တောင် ပြောလို့ရပါသည်။
ဝါးပလုတ်ကို ပျားရည်၊ နို့ဆီ၊ နို့စိမ်း၊ သံပရာ၊ ဇီး၊ နို့သစ်ခွ၊ သကြားညို စတာတွေနဲ့လည်း တွဲဖက်ဖျော်စပ်ပြီး သောက်လို့ရပါသည်။ ရေခဲသေတ္တာအောက်ထပ် အအေးခန်းတွင် ထား၍လည်း သဘာဝအော်ဂဲနစ် သရေစာအနေဖြစ် သုံးဆောင်နိုင်ပါသည်။ မိုးရာသီစာလေးဖြစ်လို့ သူ့ရာသီကုန်ပါက မရနိုင်တော့ပါ။
သဘာဝဝါးပလုတ်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
- ဝါးပလုတ်မှာ ဆီးချို၊ ကျောက်ကပ်၊ အသည်းဝေဒနာရှင်များ၊ ချွေးထွက်များသူများအတွက် အထူးသင့်တော်ပါသည်။
- ရင်အေး၊ ဝမ်းအေးစေပြီး အမောပြေစေပါသည်။
- သံပရာရည်၊ သကြား၊ ဆားအနည်းငယ်တို့ဖြင့် ဖျော်ရည်လုပ်သောက်ပါက အဆီကျ(ဝိတ်ကျ)ပြီး လှပစေပါသည်။
- အမျိုးသမီးများ ဓမ္မတာလာချိန် သကြားနဲ့ ဝါးပလုတ်ကို ရောစားလျှင် နာကျင်ကိုက်ခဲတာတွေ လျှော့နည်းစေပါသည်။
- အပူအပုပ်ကင်းစေပြီး ဝမ်းမှန်၊ ဆီးရွှင်စေပါသည်။
- ဆီးပူ၊ ဆီးအောင့်၊ ဆီးကျင်သော ဝေဒနာကို သက်သာစေပါသည်။
ဝါးပလုတ်ကို ဗူးတစ်ခုခုထဲထည့်သိမ်းထားပါက (၁၅)ရက်မှ (၁)လလောက်ထိ အထားခံပါသည်။
ယခုဝါတွင်းကာလရောက်လာပြီမို့ အလှူအတွက် အအေးအနေနဲ့ ဝါးပလုတ်ကျွေးမွေးဖို့ အသင့်တော်ဆုံးဖြစ်ပါသည်။
ဆေးဖက်လည်းဝင်၊ တစ်နှစ်မှာ မိုးရာသီ(၁)ကြိမ်သာပေါ်သော သဘာဝ ဝါးပလုတ်အကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026