ဆေးဖက်ဝင်အပင် လင်းနေ
“ကလေး လေထိုးပြီး ငိုနေလို့ လင်းနေ တစ်တက်လောက် ပေးပါလား….ဦးရယ်" ဆိုပြီးလာတောင်းသော ကလေးမိခင်အသံများကို ကြားယောင်မိနေသည်။
လင်းနေကို လင်းလေဟုလည်း ခေါ်ကြသေးသည်။ လင်းနေ၏မျိုးရင်းသည် (Araceae) ပိန်းမျိုးရင်းဖြစ်သည်။ အင်္ဂလိပ်အမည်မှာ (Sweet Flag) ဟုခေါ်သည်။
ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့်သုံးပေခန့်အထိ မြင့်တက်သည်။ မြေအောက်ပင်စည် ဖြစ်သည်။ အနံ့ထင်ရှားသည်။ ပင်စည်သည် ဥတက်သဖွယ် ဖြစ်သည်။ ဥရှိ အဆစ်များ အဖြူရောင်ရှိသည်။
ရှည်လျားသောပန်းခိုင်ပေါ်တွင် အပွင့်များစွာ ပွင့်သည်။ စိမ်းဝါရောင်ရှိသည်။ အဖူးခွံ အစိမ်းရောင်ရှိသည်။ အရွက်နှင့်တူသည်။
အေးမြသော ရာသီဥတုရှိသည့်ဒေသများရှိ အင်းအိုင်ချောင်းမြောင်းတစ်ဝိုက်တွင် ပေါက်သည်။ သဘာဝအလျောက်ပေါက်ရောက်သည်။ အိမ်သုံးဆေးအဖြစ် အသင့်အတင့်စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် ချင်းကဲ့သို့ပင် စိုက်ပျိုးရသည်။
အသုံးပြုသောအစိတ်အပိုင်း
မြေအောက်ပင်စည်ကို အသုံးပြုကြသည်။
အာနိသင်
မြန်မာ့ဆေးကျမ်းများအလိုအရ လင်းနေသည် စူးရှသော အနံ့ရှိသည်။ ခါးသည်။ စပ်ဖျဉ်းဖျဉ်းအရသာရှိသည်။ နူးညံ့စွာ ဝမ်းသက်စေသည်။ ဆီးရွှင်စေ၏။ လည်ချောင်းနာကို အကျိုးပြု၏။ အညစ်အကြေးနှင့် ဆီးကို သန့်ရှင်းအောင်ပြုတတ်၏။ ပညာကို ပွားစေတတ်၏။ လေသလိပ်ကို ငြိမ်းစေသည်။ သည်းခြေကိုပွားစေသည်။ ဝမ်းမီးကို တောက်စေ၏။ ဝမ်းမီးနုံ့သောရောဂါ၊ နှုတ်မမြိန်သောရောဂါတို့၌ သင့်၏။ ဝမ်းဗိုက်ထိုးအောင့်သောရောဂါ၊ ပိုးရောဂါ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။ အန်စေတတ်၏။ ရူးသွပ်သောရောဂါ၊ ဝက်ရူးရောဂါ၊ စိတ်ရောဂါတို့ကို ပျောက်ကင်းစေ၏။ ဉာဏ်ထိုင်းသောရောဂါ၊ သတိမေ့သောရောဂါတို့ကို ကောင်းစေ၏။ နှလုံးရောဂါနှင့်သင့်၏။ နှာစေး ချောင်းဆိုးရောဂါ အသံပျက် အသံဝင် လည်ချောင်းနာတို့နှင့် သင့်၏။ တက်သောရောဂါနှင့် သွက်ချာပါဒတို့တွင် ကောင်း၏။ ကျောက်တည်ခြင်း၊ ဆီးအောင့်ခြင်းတို့၌ ကောင်း၏ဟုဖွင့်ဆိုကြသည်။
အသုံးပြုပုံ
- အဖျားရောဂါ၊ ချောင်းဆိုးရောဂါ၊ အဆိပ်ဖြစ်ခြင်းများတွင် လင်းနေမြစ်ကို ကျိုသောက်ရ၏။
- ကလေးငယ်များ ဝမ်းနာ၊ ဝမ်းရောင်လျှင် လင်းနေကို ကျွမ်းအောင် ဖုတ်၍ ဆီနှင့် ရောလိမ်းရ၏။
- အဆစ်ရောင်၊ အကြောထုံခြင်းအတွက် သီဟိုဠ်သရက်စေ့အဆီဖြင့်ရောလိမ်းရ၏။
- လည်းချောင်းနာခြင်းများတွင် နွားနို့ခပ်နွေးနွေးနှင့် သောက်ပေးရ၏။
- အဖျားကျစေရန် ဆေးခါးကြီးနှင့် ရောစပ်သောက်ရ၏။
- ကလေးငယ်များ သန်ထသော် ရှိန်းခိုနှင့် ဆတူရောတိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျစေ၏။
- နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ခြင်းအတွက် လင်းနေမှုန့်၊ ချင်းခြောက်မှုန့် ဆတူရောပြီး ပျားရည်ဖြင့် သောက်ပေးရ၏။
- ဝက်ရူးနာနှင့် စိတ်ရောဂါအတွက် လင်းနေမှုန့်ကို ပျားရည်နှင့် ရောလျှက်ပေးရ၏။
- ကလေးအပုပ်ချဆေး၊ အစာကြေဆေး၊ အညှော်ခံဆေး၊ လေပုပ်ထုတ်ဆေး၊ လေပြင်နာလိမ်းဆေးတို့တွင် လင်းနေကို ထည့်သုံးကြ၏။
- အနာများကို လိမ်းပေးပါက အညှော်များထွက်ပြီး အနာဝင်ခြင်းမှ ကင်းဝေးစေနိုင်သည်။
ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ
ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ယခုဆောင်းပါးသည် ဉီးကြီးတို့အတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမှု ရှိ/မရှိ ကို "အသုံးဝင်ပါတယ်" “ အသုံးမဝင်ပါ" ကိုနှိပ်ခဲ့ပေးဖို့ တောင်းဆိုပါရစေရှင်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....