မိတ်သလင်(မိဿလင်)ရဲ့ ဆေးဖက်ဝင်တဲ့အချက်များ
မြန်မာစကားပုံတခုမှာ ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်ဆိုတာရှိတယ်။ ဂျင်းပင်မြင်ဖူးသော်လည်း မိဿလင်ပင်ကို မြင်ဖူးသူရှားတယ်၊ အပင်တွေက တူနေတာကိုး၊ ဒါပေမဲ့ မိတ်ဿလင်ပန်းခိုင်က ထူးခြားတယ်၊ ချောကလက် အရောင်ရှိလို့ Chocolate Pinecone လို့လည်းခေါ်ကြတယ်။ အမည်လေးက မှတ်ရတာ မှတ်မိလွယ်စေတယ်။
မိဿလင်အပင်က ဂျင်းပင်လိုဘဲ မြေအောက်မှာ rhizome ရှိသောအပင်ဖြစ်တယ်။ အရွက်တွေက ရွက်လွှဲထွက်တယ်၊ ဒါပေမဲ့ ၂ တန်းပြိုင် distichous ပုံစံဖြစ်တယ်၊ ပန်းခိုင်က ထူးခြားတယ်၊ ထိပ်ထွက်ကျစ်လစ်သော terminal dense scapose ဖြစ်တယ်။ အဆင့်နိမ့်ပန်းခိုင် ထင်းရှူးသီးနဲ့ဆင်လို့ cone like Inflorescences ခေါ်မယ်။ 20 cm လောက်ရှိတယ်၊ ပွင့်ကိုင်းကလည်း ရှည်တယ်၊ ပန်းတွေက အဖြူရောင်သန်းသော အဝါရောင်၊ ပွင့်ခံရွက် bracts တွေက အောက် အလယ် အထက် ပုံစံနည်းနည်းစီကွဲတယ်၊ အရောင်က နီညိုရောင် reddish brown ကနေ အနီရောင်ရှိတယ်၊ ပန်းပွင့်အခြေက ပွင့်ခံရွက်က ဘဲဥပုံစံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ အစိမ်းဖျော့မှာ အနီရောင် အစက်တွေပါတယ်။ ပန်းပွင့်တဲ့ရာသီကတော့ မေလကနေ စက်တင်ဘာလအထိဖြစ်ပါတယ်။
ဆေးဖက်ဝင်မှု
အရှင်နာဂသိမ် ပုံပြ ဆေးအဘိဓာန်တွင် မိဿလင်၏ ဆေးဝင်ပုံကို ကူးယူဖော်ပြရသော်...
ဂုဏ်နဲ့စွမ်းရည်
မြွေဆိပ်၊ အရေပြားရောဂါ၊ အစာမကြေ၊ ဝမ်းလျှော ရောင်တင်းခြင်း၊ မီးယပ်ထိန်ခြင်း တို့ကိုပျောက်စေ၏။
နာတာရှည်အရေပြားရောဂါကို မိဿလင် ကုလားကင်ပွန်းသီး နွားကျင်ငယ်ရည် ပြုတ်သောအရည်ဖြင့်လိမ်းပါက သက်သာစေ၏။ မျက်စေ့ထဲမဝင်ရန်နှင့် ညနေလိမ်းပါက မနက်ရေချိုးရန်လိုသည်။
ဝမ်းဗိုက်ထိုးအောင့်ပြီး ဝမ်းသွားသူများ မိဿလင် ၈ ပဲသား ရေသင့်ရုံနှင့်ကျို၍ တိုက်ပါ။ မီးယပ်ချုပ်ပါက မိဿလင်သတ္ထုရည် ဆားအနည်းငယ်ထည့်တိုက်ပါ။
အအေးပတ် လေဖြန်း နာကျင်ကိုက်ခဲ လေးလံထိုင်းမှိုင်း နေပါက မိဿလင်သတ္ထုရည်ထဲ ငြုပ်ကောင်းမှုန့် ထည်ပြီးလိမ်းပေးပါ။
အတိသာရဝမ်းရောဂါ နှင့် အတွင်းလိပ်ခေါင်းရောဂါများလည်း ကုသနိုင်ပါသည်။
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026