အစိမ်းရောင်လမ်း
ငါးကလေးများစားသုံးခြင်းကြောင့် ရရှိနိုင်သည့် အာဟာရနှင့် အကျိုးကျေးဇူးများ

ငါးကလေးများစားသုံးခြင်းကြောင့် ရရှိနိုင်သည့် အာဟာရနှင့် အကျိုးကျေးဇူးများ

ငါးကလေးများစားသုံးခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ

  • ဒေသဈေးများတွင် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူရရှိနိုင်ခြင်း။
  • ငါးကလေးများအား အသင့်အတင့်စားပေးရုံဖြင့် အာဟာရဓာတ်များ အများအပြားရရှိနိုင်ခြင်း။
  • ငါးကလေးများသည် ငါးအစို၊ ငါးအခြောက်၊ ငါးချဉ်၊ ငါးပိစသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်စားသုံးနိုင်သော တန်ဖိုးနည်းအာဟာရမြင့် အစာဖြစ်ခြင်း။
  • ပမာဏနည်းနည်းချင်းလည်း ဝယ်ယူနိုင်ခြင်း။
  • အခြားဟင်းသီးဟင်းရွက်များနှင့် ရောနှောချက်ပြုတ်စားသုံးနိုင်ခြင်းကြောင့် အိမ်သားများ အားလုံး မျှဝေ စားသုံးနိုင်ခြင်း။

အာဟာရချို့တဲ့ရခြင်း၏ အကျိုးဆက်များ

  • ဉာဏ်ရည်မမီခြင်းနှင့် ခန္ဓာကိုယ်မဖွံ့ဖြိုးခြင်းများကို ဖြစ်စေပြီးကြီးပြင်းလာသည့်အခါ ကုန်ထုတ်လုပ်မှု စီးပွားရေးတိုးတက်မှုများကို ထိခိုက်စေနိုင်ပါသည်။
  • သွေးအားနည်းရောဂါကိုဖြစ်ပွားစေခြင်း
  • သွေးအားနည်းရောဂါကြောင့် မိခင်သေဆုံးခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းနှင့် ပေါင်မပြည့်ဘဲ မွေးဖွားခြင်း တို့ကို ဖြစ်ပေါ်စေသည်။

ဘာကြောင့် ငါးအကြောင်း အဓိကထားပြောနေရပါသလဲ?

ငါးသည် အရည်အသွေးမြင့် တိရစ္ဆာန်ထွက် ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်ပြီး ၎င်းပရိုတင်းဓာတ်ကို ကျွန်ုပ်တို့ ခန္ဓာကိုယ်မှအလွယ်တကူစုပ်ယူနိုင်ပါသည်။

ငါးသည် အခြားအစားအစာမှ အာဟာရဓာတ်များစုပ်ယူနိုင်မှုကိုလည်း ကူညီပေးသည်။

ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ ကြီးထွားနှုန်းနှင့် ကျန်းမာ သန်စွမ်းနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များကို ငါးငယ်လေးများအား အရိုး၊ ခေါင်းအပါ အဝင် တစ်ကောင်လုံးစားပေးခြင်းဖြင့် ရရှိနိုင်ပါသည်။

ငါးငယ်ကလေးများအား ဟင်းသီးဟင်းရွက်များ၊ အခြားသီးနှံများနှင့် ရောနှောချက်ပြုတ် စားသောက် ခြင်းဖြင့်လည်း ညီညွတ်မျှတသော အာဟာရကိုရရှိစေပါသည်။

အောက်ပါဆက်စပ်အကြောင်းအရာများကိုလည်း လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ကလေးငယ်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရပြည့် ငါးမှုန့်ပြုလုပ်နည်း

https://greenwaymyanmar.com/posts/fish_powder_making_for_baby_and_mother

ငါးအမှုန့်များမှရရှိနိုင်သည့် အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ

https://greenwaymyanmar.com/posts/advantages_of_fish_powder

“Fedwell” Dehydrated & Delicious မှထုတ်ဝေသော လက်ကမ်းစာစောင်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

တင့်ဆွေ • ဖြေကြားချက် 0 ခု

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

kyaw zin • ဖြေကြားချက် 0 ခု

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

kyaw zin • ဖြေကြားချက် 0 ခု

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....