အစိမ်းရောင်လမ်း
ဆေးဖက်ဝင်တဲ့ မီးကွင်းဂမုန်း

ဆေးဖက်ဝင်တဲ့ မီးကွင်းဂမုန်း

မျိုးရင်း ။ ။ Commelinaceae (မြစ်ချိုမျိုးရင်း)

ပင်ပျော့ပင်ငယ်မျိုးဖြစ်ပြီး အမြင့် ၂ ပေထိ ရှိတတ်သည်။ အရွက်များတစ်ရွက်နှင့်တစ်ရွက် ထပ်လျက် ဝေဆာစွာထွက်ပြီး အရွက်များရင့်၍ ကျသွားသောအခါ ပင်စည်ပေါ်လာသည်။ အရွက်မှာ ရှည်မျောမျောပုံသဏ္ဍာန်ရှိ၍ နာနတ်ရွတ်ကဲ့သို့ ရွက်ထိပ်ဘက်သို့ ကျဉ်းမြောင်းချွန်ထက်သွားသည်။ အရွက်အပေါ်မျက်နှာပြင် အစိမ်းရင့်ရောင်ရှိ၍ အောက်မျက်နှာပြင် မရမ်းစေ့ရောင်ရှိသည်။ ရွက်နားညီပြီး ကြက်သွေးရောင်ရှိသည်၊ အရွက်ပြောင်ချော၍ အသားထူသည်။ အရည်ရွမ်းသည်။ ရွက်ပြားပြန့်ပြူးခြင်းမရှိ။ မြောင်းကဲ့သို့ ခွက်နေသည်။

အပွင့်မှာ သေးငယ်၍ တစ်ပွင့်ချင်းပွင့်သည်၊ အဖြူရောင်ရှိသည်။ ပုခတ်ကဲ့သို့ ပွင့်ဖတ်ဖြင့် ဖုံးနေသည်။ နယုန်၊ ဝါဆိုလများတွင် ပွင့်သည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက်ပေါက်ရောက်သော အပင်ဖြစ်သည်။ 

အရိုးအရွက်၏ အသုံးပြုပုံ

၁။ အရိုးအရွက်တို့ကို ထုထောင်၍ သုံးခွက်တစ်ခွက်တင်ကျိုးချက်ပြီး ရရှိသောအရည်ကို ဒိုပါလာသကြားအနည်းငယ်ခတ်သောက်သော် သွေးအန်ရောဂါ ပျောက်သည်။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်ရသည်။

၂။ နားပြည်ယိုရောဂါများအတွက် အရွက်ကို မီးကင်ပြီး နားတွင်းသို့ အရည်ညှစ်ထည့်ပေးခြင်းဖြင့် ပျောက်ကင်းသည်။

၃။ အရွက်ကို သင့်ရုံသုပ်စားခြင်း၊ တို့စားခြင်းတို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်သည်။

၄။ သွေးဝမ်းဆင်းလျှင် အရွက်ရည်ကို ညှစ်၍ ကြွေဇွန်း တစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေသည်။

၅။ မီးလောင်အပူလောင်ခြင်းဖြစ်သော် မီးကွင်းဂမုန်းအရွက်နုကို သကြားအနည်းငယ်ရောပြီး ထုထောင်းကြိတ်ခြေ၍ လိမ်းပေးနိုင်သည်။

၆။ မီးကွင်းဂမုန်းကို ထောင်း၍ ရသောအရည်နှင့် သကြားအနည်းငယ်ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ်သောက်သော် သလိပ်ကပ်ချောင်းဆိုးရောဂါ ပျောက်ကင်းစေသည်။

နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၎င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။

ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။ မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။ မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။

ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၎င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။ သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။

Source – မြန်မာ့ဆေးဝါးပင်များ၊ ဝီကီပီးဒီးယား

 

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....