သွားကိုက်သက်သာတယ်ဆိုပြီး နာမည်ကြီးတဲ့ ဒန္တသုခ
၁။ မျိုးရင်း။ ။ Scrophulariaceae
၂။ ရုက္ခဗေဒအမည်။ ။ Scoparia dulcis Linn
၃။ အခေါ်အဝေါ်-
မြန်မာအမည် - ဒန္တသုခ
အင်္ဂလိပ်အမည် - Sweet Broomweed
၄။ ပုံသဏ္ဌာန်
အပင်
တစ်နှစ်ခံ ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ - ၃ ပေခန့်ထိရှိသည်။ ကိုင်းဖြာသည်။ ပင်စည်နှင့် အကိုင်းအခက် လေးထောင့်သဏ္ဌာန်ရှိ၍ သေးငယ်ပြီး အစိမ်းရောင်ရှိသည်။ ပင်စည်အရင်းပိုင်းနားတွင် အပွေးအနည်းငယ်ရှိသည်။ ပင်စည်ပေါ်ရှိ အဆစ်ကလေးများမှ ကိုင်းဖြာထွက်သည်။
အရွက်
၃ ရွက်ဆိုင်ထွက်သည်။ အလျား ၁ လက်မခန့်ထိရှည်၍ အရွက်အထက်ပိုင်းနားတွင် ခွေးသွားစိပ်များရှိပြီး အရွက်အောက်ဘက်ပိုင်း အနားညီသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ ရွက်ပြားချောသည်။
အပွင့်
စိမ်းရောင်သမ်းသော အဖြူရောင်ရှိ၍ အလွန်သေးငယ်သည်။
အသီး
အက်ကွဲသီးဖြစ်သည်။ အခန်းလေးခန်းပါ၍ အခန်းများတစ်ခန်းစီ၌ သေးငယ်သော အညိုရောင် အစေ့ ကလေးများ မြောက်မြားစွာပါရှိသည်။
အမြစ်
ရေသောက်မြစ် အနည်းငယ်တုတ်၍ ရှည်လျားပြီး ယင်းမှဘေးမြစ်များ ဖြာထွက်သည်။ ဘေးမြစ်များတွင် သေးငယ်သော မြစ်မြွာကလေးများရှိ၏။ အမြစ်အပေါ်ယံ နူးညံ့သောအခွံဖြင့် ဖုံးအုပ်နေ၍ အတွင်းသားမာကျောသည်။ ညိုဝါရောင်ရှိသည်။

၅။ ပေါက်ရောက်သည့် ဒေသ
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။
၆။ ပေါက်ရောက်ပုံ
သဘာဝအလျောက် ပေါက်ရောက်သည်။
၇။ အသုံးပြုသည့် အစိတ်အပိုင်း
ပဉ္စငါးပါး၊ အရွက်၊ အမြစ်။
၈။ အာနိသင်
မြန်မာ့ဆေးကျမ်းများအလိုအရ ဒန္တသုခပင်သည် ချုပ်၏။ စေးချွဲ၏။ တုန်တက်တတ်သော အဖျားရောဂါအတွက်အသုံးပြု၏။ သွားကိုက်ရောဂါကုသရာတွင် အထူးအကျိုးပြု၏။ အမြစ်သည် ရာသီသွေးလွန်ခြင်း၊ ညောင်းကျခြင်းကိုနိုင်၏။ ဖြေဆေးအဖြစ်လည်း သုံးနိုင်၏။ အရွက်သည် အဖျားရောဂါတို့ကို နိုင်၏။
အသုံးပြုပုံ
ပဉ္စငါးပါး
(၁) ဒန္တသုခပြုတ်ရည်နှင့် အမြစ်သည် သွားကိုက်ရောဂါအတွက် အလွန်ကောင်းသောဆေးဖြစ်၏။
(၂) ပဉ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်းဖြင့်လည်းကောင်း၊ အမြစ်ကို အစိမ်းလိုက်ကြိတ်၍ သိပ်ပေးခြင်း ဖြင့်လည်းကောင်း၊ ပဉ္စငါးပါးကို ပြာချ၍ သွားဖုံးနှင့် သွားကြားကို သိပ်ပေးခြင်းဖြင့် လည်းကောင်း သွားကိုက်သွားနာပျောက်၏။
(၃) ပဉ္စငါးပါးကြိတ်ရည်တွင် ဆားထည့်၍ အနာပေါ်လိမ်းပေးခြင်းဖြင့် အနာအသားနုတက်ပြီး ပျောက်ကင်းစေ၏။
(၄) ဆီးပူခြင်း၊ နည်းခြင်း၊ သွေးပါခြင်းတို့အတွက် ပဉ္စငါးပါးအခြောက်လှန်းပြီး လက်ဖက်ခြောက်ကဲ့သို့ ခပ်သောက်ကပျောက်၏။
(၅) ပဉ္စငါးပါးပြုတ်ရည်တွင် သကြားထည့်သောက်ကာ ချောင်းဆိုး သွေးပါရောဂါ ပျောက်၏။
အရွက် (၁) အရွက်ကိုအဖျားရောဂါပျောက်ဆေး၊ အော့အန်သော ရောဂါပျောက်ဆေး၊ ဖြေဆေးအဖြစ် ဖော်စပ်အသုံးပြုရ၏။
အမြစ်(၁) အမြစ်ကို ပြုတ်၍ရာသီသွေးလွန်ခြင်း၊ ညောင်းကျခြင်းတို့၌ တိုက်ရ၏။
(၂) အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ဆားထည့်သောက်က အနာဝင်ဖျားခြင်းပျောက်၏။
( မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....