ဆောင်းရာသီစာ စိမ်းစားဥနှင့် ကျန်းမာရေးကောင်းကျိုး(၉)မျိုး
စိမ်းစားဥမှာ ဆောင်းရာသီစာ စားစရာတစ်မျိုးဖြစ်ပြီး စားလိုက်လျှင် ချိုချိုကြွပ်ကြွပ်လေး နှင့် ရင်ထဲအေးမြသွားစေပါသည်။ သဘာဝအရ စိမ်းစားဥမှာ မြေကြီးထဲတွင် ဥ, ဥသော အသီးဖြစ်ပြီး "စိမ်းစားဥ" ဆိုသည့်အတိုင်း အခွံခွာပြီး အစိမ်းစားလို့ရပါသည်။ သို့သော် တချို့ဒေသတွင် စိမ်းစားဥကို ကြော်စားကြပါသည်။ စိမ်းစားဥကို 'ပဲစိမ်းစားဥ' ဟုလည်း ခေါ်ကြပါသေးသည်။ ရှမ်းပြည်နယ်ဒေသထွက် စိမ်းစားဥမှာ အရွယ်အစား ပိုကြီးသလို အရည်လည်း ရွှမ်းပါသည်။ ယခုလို အချိန်ရာသီတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိမ်းစားဥများ လှိုင်လှိုင်ပေါ်နေပါပြီ။
ရေဓါတ်ပေါများစွာပါရှိသည့် စိမ်းစားဥတွင် ကစီဓါတ်၊ ပရိုတင်း၊ သဘာဝအဆီဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ ကော့ပါး၊ သံဓါတ်၊ ဇင့်၊ သတ္တုဓါတ် စသည့် ဓါတ်ပေါင်းစုတွေပါဝင်ပြီး ဘေးဖြစ်စေတတ်သည့် ကိုလက်စထရော လုံးဝမတွေ့ရှိရကြောင်း သုတေသီများမှ ဆိုကြပါသည်။
စိမ်းစားဥစားခြင်း၏ ကောင်းကျိုးများ
၁။ စိမ်းစားဥကို သင့်တင့်အောင်စားသုံးခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါတွေကို ကာကွယ်ပေးရုံ သာမက ခံတွင်းကိုလည်း ကောင်းမွန်စေပါသည်။
၂။ Vitamin-C ပါရှိသည့်အတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစတဲ့ ကူးစက်ရောဂါများကိုလည်း သက်သာစေပါသည်။
၃။ ပန်းနာရင်ကြပ်ရောဂါကို ခံစားနေရသော ကလေးများအတွက် ရောဂါဝေဒနာကို သက်သာစေနိုင်ပါသည်။
၄။ Calories (ကယ်လိုရီ) မပါရှိသည့်အတွက် နှလုံးရောဂါ၊ သွေးတိုးရောဂါများကို သက်သာစေ နိုင်ပါသည်။ ဆံချည်မျှင်လောက်ရှိသော သွေးကြောလေးများကိုလည်း ကျန်းမာသန်စွမ်းစေပါသည်။
၅။ စိမ်းစားဥစားပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကိုလည်း တိုးမြင့်စေပါသည်။
၆။ စိမ်းစားဥစားပေးပါက သွားများကို သန့်စင်စေတာကြောင့် အစွန်းအထင်းဖြစ်စေနိုင်တဲ့ မော်လီကျူးတွေကို ချေဖျက်ဖို့ အထောက်အကူပေးပါသည်။
၇။ ဆီးနှင့်ပတ်သက်သော ရောဂါများဖြစ်သည့် ဆီးလွန်၊ ဆီးချုပ်၊ ဆီးပူ၊ ဆီးအောင့်ရောဂါများ ကိုလည်း ပျောက်ကင်းစေနိုင်သည်။
၈။ ရေငတ်ခြင်း၊ ဝမ်းတွင်းပူခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ခံတွင်းမမြိန်ခြင်း၊ ကိုယ်လက် ညောင်းညာခြင်းအစရှိသည့် ရောဂါတို့ကိုလည်း သက်သာစေပါသည်။
၉။ မျက်နှာအသားအရည်အတွက် စိမ်းစားဥကို ပါးပါးလှီးပြီး မျက်နှာမှာ နေရာအနှံ့ (၁၀)မိနစ် လောက်ကပ်ပေးပါ။ အအေးဓါတ်ပယ်ပျောက်သွားသောအခါတွင် မျက်နှာပေါ်မှခွာပြီး ရေစင်အောင် ဆေးချပေးပါ။ တစ်ပတ်(၂)ကြိမ်ပြုလုပ်ပေးပါက ဆဲလ်အသေများကို ဖယ်ရှားပြီး ချွေးပေါက်ပွင့်စေကာ အသားအရေ ကြည်လင်ရှင်းသန့်စေပါသည်။
အထူးသတိပြုရန်မှာ -
- စိမ်းစားဥကို နို့၊ ချောကလက်၊ ချိုချဉ်၊ သပွတ်သီး၊ ရှောက်သီးတို့နှင့် တွဲဖက်မစားသင့်ပါ။ အော့အန်တတ်၍ ဖြစ်သည်။
- စိမ်းစားဥကို ရေခဲချောင်းနှင့် တွဲဖက်မစားသင့်ပေ။ ရင်ကြပ်စေပါသည်။
- စိမ်းစားဥတွင် ကြေညက်လွယ်သော အမျှင်ဓါတ်ပါရှိသော်လည်း လိုသည်ထက်ပိုစားမိပါက လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုများ မျှတရုံသာ စားသင့်ပါသည်။
- သဘာဝအရ စိမ်းစားဥမှာ မြေကြီးထဲတွင် ဥ, ဥသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်အောင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။
သန့်ရှင်းလတ်ဆတ်သော စိမ်းစားဥ၏ အင်္ဂါရပ်မှာ-
၁။ လက်ဖြင့် ကိုင်မြှောက်ကြည့်ပါက လေးလံနေပါသည်။
၂။ အသီး၏ အပင်ပိုင်းသည် စိမ်းစိုနေရပါမည်။
၃။ အခွံမခြောက်သင့်ပါ။ ထို့ကြောင့် အရွေးမမှားဖို့ လိုပါသည်။
စိမ်းစားဥမှာ ကိုယ်တွင်းကအပူတွေကို ငြိမ်းစေပြီး ရေဓါတ်ကြွယ်ဝအောင်လည်း ကူညီပေးသလို အသားအရည်အတွက်ပါကောင်းကျိုးပေးလို့ စိမ်းစားဥကို စားပေးဖို့ မမေ့သင့်ပေ။
ပင်လယ်ပြာ(ငါးဦးစီး)
Ref; ကျန်းမာရေးစာစောင်များ။
ကိုဖိုးအေး
လွန်ခဲ့သော ၄ နှစ် ကthanks for sharing
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026