ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ
ငါးတွင်အဆီပါဝင်မှုနည်းပါးပြီး အသားဓာတ်(Protein) ပါဝင်မှုမြင့်မားသည်။ ထို့ပြင် အိုမီဂါ ( သုံး) ဖက်ရှ်တီးအက်ဆစ် (Omega-3 fatty acid) ရရှိနိုင်သည့် အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်သည်။ ငါးကိုပုံမှန်စားသုံးခြင်းဖြင့် ရောဂါအမျိုးမျိုးဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။
ငါးသည် လူသားတို့အတွက် အလွန်ကောင်းသော အစားအစာတစ်မျိုးဖြစ်သည်။ ဗီတာမင်၊သတ္တုဓာတ်နှင့်အဆီဓာတ်ကြွယ်ဝသော Omega -3 acid တို့ပါဝင်နေသောကြောင့် ကင်ဆာရောဂါမှ စ၍နှလုံးရောဂါ၊ စိတ်ကျရောဂါနှင့် အဆစ်ရောင်ရောဂါကဲ့သို့သော ရောဂါများစွာမှ ကာကွယ်ပေးနိုင်ပါသည်။
ဆော်လမွန်ငါးကဲ့သို့သော အဆီများသည့် ငါးများသည် အဆီဓာတ်ကြွယ်ဝသည့် Omega-3 acid ပါဝင်မှု အမြင့်ဆုံးဖြစ်သည်။ ငါးများကို ပုံမှန်စားသုံးခြင်းဖြင့် လူသားတို့အတွက် ကြောက်စရာကောင်းသော ရောဂါများမှ ကာကွယ်ပေးနိုင်ပါသည်။
နှလုံးရောဂါ (Heart Disease)
အစားအစာစံချိန်စံနှုန်း ထိန်းသိမ်းရေးအဖွဲ့အစည်း (Food Standard Agency) က လတ်ဆတ်သောငါး၊ အေးခဲထားသောငါးနှင့် စည်သွပ်ပင်လယ်စာများကို အနည်းဆုံးတစ်ပတ်လျှင် ၂ ကြိမ်ခန့် စားသုံးပေးရန် အကြုံပြုထားသည်။ အင်္ဂလန်နိုင်ငံမှ နှလုံးအထူးကုအဖွဲ့ကြီး (British Heart Foundation)မှလည်း အဆီများသောငါးကို စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ကြောင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်း မဖြစ်စေရန် ကာကွယ်ပေးကြောင်း ပြောကြားထားသည်။
ငါးဆီသည် သွေးခဲခြင်းနှင့် နှလုံးရောဂါဖောက်ပြီးချိန် ဖြစ်လေ့ရှိသော နှလုံးခုန်မမှန်ခြင်းတို့ကို လျှော့ချနိုင်ကြောင်း တွေ့ရှိရသည်။ ငါးကို အပတ်စဉ်စားသုံးခြင်းဖြင့် သွေးခဲခြင်းကို လျှော့ချနိုင်ပြီး သွေးကြောဆန့်နိုင်၊ ကျုံ့နိုင်မှု၊ သွေးဖိအားလျှော့ချပေးခြင်း၊ သွေးတွင်းအဆီ လျော့နည်းစေခြင်း၊ကိုယ်ခန္ဓာအတွက် ကောင်းစေသည့် ကိုလက်စထရော တိုးမြှင့်စေခြင်းကို အားပေးသည်။
အယ်ဇိုင်းမားရောဂါ (Alzheimer’s)
အဆီဓာတ်ကြွယ်ဝသော အက်စစ် (Polyunsaturated Fatty Acids) ပါဝင်သော ငါးများစားသုံးခြင်းဖြင့် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် သွေးတိုးရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်သည်။ လျှော့ချပေးနိုင်သည်။
ပြင်သစ်နိုင်ငံတွင် လူပေါင်း ၂၀၀၀ကို စမ်းသပ်ချက်အရ အနည်းဆုံးတစ်ပတ်တစ်ခါ ပင်လယ်စာစားသောသူများသည် ၇ နှစ်ကြာသောအခါ ပင်လယ်စာလုံးဝမစားသော သူများထက် သွေးတိုးရောဂါဖြစ်ပွားမှု ထင်ရှားစွာလျှော့ကျကြောင်း တွေ့ရသည်။
ကင်ဆာရောဂါ (Cancer)
ဆွီဒင်နိုင်ငံတွင် လူပေါင်း ၆၀၀၀ကို နှစ် ၃၀ လေ့လာချက်အရ ငါးလုံးဝမစားသူများသည် ငါးစားသုံးသူများထက် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း၂ဆ၊ ၃ဆခန့်ပိုနေကြောင်း တွေ့ရှိရသည်။ ကဏန်းနှင့် ပုစွန်ကဲ့သို့သော အခွံမာများသည် ကင်ဆာရောဂါကာကွယ်ပေးသော စီလီနီယမ်(Selenium)ပါဝင်နေကြောင်းတွေ့ရသည်။
ငါးတွင်ပါဝင်သည့် Omega -3 fatty acid သည်ကင်ဆာရောဂါအများအပြားကို ရာခိုင်နှုန်း ၃၀မှ ၅၀ထိ လျှော့ချပေးနိုင်သည်။ အထူးသဖြင့် ခံတွင်း၊ ရင်သား၊ သားဉအိမ်နှင့် မျိုးပွားအင်္ဂါများတွင် ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်။
စိတ်ကျရောဂါ (Depression)
ငါးစားသုံးခြင်းဖြင့် စိတ်ကျရောဂါကို သက်သာစေနိုင်ကြောင်းတွေ့ရသည်။ ထို့ပြင်ငါးတွင်ပါဝင်သည့် Omega-3 acid ဓာတ်သည် ဉာဏ်ရည်ထက်မြက်စေနိုင်ပါသည်။
အဆစ်ရောင်ရောဂါ (Arthritis)
ငါးများစွာ စားသုံးသောသူများသည် အဆစ်ရောင်ရောဂါ ဖြစ်ပွားနှုန်းလျော့နည်းကြောင်း တွေ့ရသည်။ လေ့လာမှုအရ အဆီများသော ငါးများသည် အဆစ်ရောင်ရောဂါ၏ လက္ခဏာများကို သက်သာစေရန် အကူအညီပေးကြောင်း တွေ့ရသည်။
ပန်းနာရင်ကျပ် (Asthsma)
ငါးစားသုံးမှု နည်းပါးသော ကလေးငယ်များတွင် ပန်းနာရင်ကျပ်ရောဂါ ပိုမိုဖြစ်ပွားနိုင်ခြေရှိသည်။
ဦးနှောက်နှင့်မျက်စိ (Brain and Eye)
ငါးတွင်ပါဝင်သည့် Omega-3 fatty acid သည်ဦးနှောက်တစ်သျှူးနှင့် မျက်ကြည်လွှာကျန်းမာရေးကို ထောက်ပံ့ပေးသည်။
ဆီးချိုရောဂါ (Diabetes)
ငါးသည် ဆီးချိုရောဂါရှင်များအတွက် သွေးချိုနှုန်းကို ထိန်းညှိပေးနိုင်သည်။
အမြင်အာရုံ
ငါးစားသုံးသည့် မိခင်နို့ကိုစို့သည့် ကလေးငယ်များသည် အမြင်အာရုံပိုမိုကောင်းမွန်စေသည်။Omega-3 fatty acid ကိုမိခင်နို့မှ တစ်ဆင့် ရရှိစေသောကြောင့်ဖြစ်သည်။
လမစေ့ပဲ မွေးဖွားခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ငါးစားသုံးပေးခြင်းဖြင့် လမစေ့ပဲ မွေးဖွားခြင်းကို လျှော့ချပေးသည်။ ငါးကိုအပတ်စဉ် တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ပုံမှန်စားသုံးခြင်းဖြင့် ကလေးဘဝတွင် ဖြစ်ပွားတတ်သည့် ပန်းနာရင်ကျပ်ရောဂါမှ အမျိုးသားများတွင် ဖြစ်ပွားတတ်သည့် မျိုးပွားအင်္ဂါကင်ဆာတို့အထိ အသက်အရွယ်အလိုက် ရောဂါဖြစ်ပွားမှုနှုန်း အမျိုးမျိုးကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက တွေ့ရှိထားကြသည်။
၃နှစ်အရွယ်မှစ၍ ငါးများစွာစားသော ကလေးများသည် အသက် ၂၃ နှစ်ရောက်သည့်အခါ ငါးမစားသောကလေးများထက်ရာဇဝတ်မှုမှတ်တမ်း လျော့နည်းကြောင်းတွေ့ရသည်။
စားသုံးသင့်သောငါးများမှာ Cod (ငါးကြီးဆီထုတ်သောငါး) ကဲ့သို့သော အဖြူရောင်ငါးများသည် ပရိုတင်းဓာတ်နှင့်သတ္တုဓာတ်ကြွယ်ဝသည်။ ငါးသေတ္တာ၊ ဆော်လမွန်ငါးနှင့် ငါးကွမ်းရှပ်တို့ကဲ့သို့ အဆီများသောငါးများသည် Omega-3 fatty acid ကြွယ်ဝစွာပါဝင်သည်။
ကဏန်း၊ ပုစွန်နှင့် ယောက်သွားကဲ့သို့ အခွံမာငါးများသည် ကင်ဆာကာကွယ်သော ဆီလီယမ်ဓာတ် ပစ္စည်း ပါဝင်သည်။ ဆော်လမွန်ငါး စားသုံးခြင်းအားဖြင့် အရေပြားပျက်စီးခြင်းနှင့် ပါးရေတွန့်ခြင်းမှ ကာကွယ်နိုင်ကြောင်း သိရသည်။ ထို့ပြင်နေ့စဉ် ငါးကြီးဆီတစ်လုံးသောက်ခြင်းဖြင့် နှလုံးရောဂါဝေဒနာရှင် ၁၀၀၀၀ ၏အသက်ကိုနှစ်စဉ် ကယ်တင်နိုင်ကြောင်း သိရသည်။
ထိုကဲ့သို့ အကျိုးကျေးဇူးများပြားလှပြီး ရောဂါအများအပြားကို ကာကွယ်ပေးနိုင်သဖြင့် ငါးကို အပတ်စဉ် တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်စားသုံးသင့်ပါကြောင်း လေ့လာအကြံပြုရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026