လဲလူရွက်စားသုံးခြင်းဖြင့် ရရှိနိုင်မည့်ကျန်းမာရေးကောင်းကျိုးများ
လဲလူပင်သည် Olacaceae မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ - Olax scandens ဖြစ်သည်။ သေးငယ်သောချုံပင်အမျိုးစားဖြစ်ပြီး အကိုင်းများစွာဖြာလေ့ရှိသည်။ အပင်အမြင့်သည် 5m အထိမြင့်ပြီး မြင့်မားသော တောင်ကုန်း၊ တောင်တန်းဒေသများ၊ခြောက်သွေ့သော ရွက်ပြတ်တောများနှင့် အစိုဓာတ်မြင့်မားသော ဒေသများတွင် ကျယ်ပြန့်စွာပေါက်ရောက်လေ့ရှိကြသည်။ သေးငယ်သော အဖြူရောင်ပန်းပွင့်များပွင့်ကြပြီး ဥပုံစံ (ovoid shape) အသီးများ သီးကြသည်။ မူရင်းဒေသမှာ - အိန္ဒိယ၊ အင်ဒိုချိုင်းနား၊ မလေးရှား၊ ဂျာဗား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဗီယက်နမ်နိူင်ငံတို့ဖြစ်သည်။
အသီးနှင့်အရွက်ကို ဆေးဝါးအတွက်သာမက အစားအသောက်အဖြစ်လည်း စားသုံးနိုင်သည်။ အရွက်နုနှင့် အညွှန့်ကို တို့စရာ(သို့) ဟင်းရည်ကျိုချက်၍လည်းစားသုံးနိုင်သလို အသီးကိုလည်းစားနိုင်သည်။ ယေဘုယျအားဖြင့် ဝမ်းချုပ်ခြင်း၊ ပြည်တည်နာ၊ သွေးအားနည်းခြင်း၊ ဆီးချိုရောဂါ၊ ဖျားနာခြင်းနှင့် အခြားရောဂါအမျိုးမျိုးအတွက် အရွက်ကို ဟင်းသီးဟင်းရွက်ပုံစံချက်ပြုတ်စားကြသည်။
လဲလူပင်ကို မိုးတွင်းပိုင်း အထက်အညာဒေသတွင်ပေါများစွာတွေ့ရပြီး ဧရာဝတီတိုင်း ကျိုက်လတ်ဘက်တွင်လည်းတွေ့ရသည်။ ရန်ကုန်မြို့အနီး ထောက်ကြန့်နှင့် လှည်းကူးမြို့နယ်ဘက်မှာလည်း တွေ့နိုင်သည်။ အရပ်ဒေသကိုလိုက်၍ " လဲလူနှင့် ရှင်ပါကူ" ဟူ၍ အခေါ်အဝေါ်မတူကြောင်းတွေ့ရသည်။
မြန်မာဆေးကျမ်းများထဲတွင် " အသည်းအူ လဲလူ" ဆိုပြီးရေးသားထားကြောင်းတွေ့ရသည်။ ဒါ့အပြင် "လဲလူဖိုမ၊ ရှင်ကပစ္စည်း၊ ရှင်ပါကူ" ဆိုပြီး အမည်ကွဲများလည်းရှိသည်။ အသည်းနှင့် အူအတွက် လဲလူပင်က အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပြီး မြန်မာ့စွယ်စုံကျမ်းထဲတွင် " လဲလူဖို၊ လဲလူမ၊ တောင်လဲလူပင်၊ လဲလောပင်" ဟူ၍ရေးသားထားသည်။
လဲလူပင်၏ ဂုဏ်နှင့်စွမ်းရည်ကို အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်ထဲတွင်...
- အလွန်အဖျားကြီး၍ သွေးဖောက်ပြန်ခြင်းကို နိုင်၏။
- အပူကိုငြိမ်းစေ၏။
- သွေးဆိုးများကို အကောင်းဖြစ်စေရန် ပြုပြင်တတ်၏။
- ကျောက်၊ ဝက်သက်စသည်တို့ပေါက်ရောက်ခြင်းကို အရွက်ကို ပြုတ်၍လည်းကောင်း၊ ဟင်းချိုချက်၍လည်းကောင်း အသုံးပြုနိုင်၏....ဟူ၍ရေးသားဖော်ပြထားသည်။
ထို့အပြင် အသည်းရောဂါနှင့် ပတ်သက်သော အသည်းရောင်၊ အသည်းဝါ၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက် ရောဂါအမျိုးမျိုးအတွက် လဲလူရွက် (သို့) လဲလူမြစ် လက်တစ်ဆုပ်စာကို ၃ခွက် ၁ခွက်တင် ကျိုကာသောက်သုံးနိုင်သည်။
Ref: https://sites.google.com/site/efloraofindia/species/m---z/o/olacaceae/olax/olax-scandens
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ချစ်မင်းလူ
လွန်ခဲ့သော ၁ နှစ် ကအကိုင်းကိုစိုက်ရင်ရလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from Saw Eh Htoo War
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....